ဇွန်၊ ၁၄-၂၀၂၂ MM(VOM) ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လူကို အကိုက်ခံပြီး ရှာဖွေကြရတဲ့ မျှော့တစ်ပိသာကိုငွေကျပ် ၈၀၀၀၀ အထိဈေးပေါက်နေသော်လည်း မျှော့တွေကို ရှာဖွေရတာ အရင်ထက်ရှားပါးလာတယ်လို့ မျှော့ရှာဖွေ ရောင်းချတဲ့သူတွေဆီကနေ သိရပါတယ်။ ”မျှော့ရှာဖွေတဲ့ကာလက ဇွန်လကနေ ဖေဖော်ဝါရီလ အထိပါ ၊အဲ့ဒီအချိန်မှာ မျှော့အများဆုံးရှာဖွေဖမ်းယူရရှိပါတယ် ၊ ကျပန်းအလုပ် လုပ်ကိုင်တယ်၊နွေရာသီရောက်ရင် မျှော့လိုက်ဖမ်းတယ်၊ မြစ်ချောင်းတွေမှာ လူကိုယ်တိုင် အကိုက်ခံပြီး မျှော့ရှာဖွေတဲ့သူရှိသလို အချို့ကျတော့လည်း မြစ်၊ ချောင်း၊အင်း၊ အိုင်ထဲကို ကျွဲ၊ နွား၊ တိရိစ္ဆာန် မောင်းချပြီးလာတွယ်တဲ့ မျှော့ကိုတဆင့်ဖြုတ်ပြီးရှာတာ လည်းရှိတယ်၊ ကျွန်တော်တို့ရွာမှာတော့ ကလေးက အစမျှော့ရှာကြတယ်၊ ရွာမှာ လူဦးရေထက်ဝက်လောက်က မျှော့ရှာတဲ့အလုပ်ကို လုပ်ကြတယ်၊ အခုဒီနှစ်မှာ မျှော့ဈေးရပေမယ့် အရင်နှစ်တွေကထက် မျှော့ တော်တော် ရှားသွားတယ်၊ တနေ့လုံးရှာမှ ၁၀ သားလောက်ပဲရတယ် ၁၀ သားဆိုလည်း အကောင်ကြီးရင်…
Read MoreMonth: June 2023
နိုင်ငံရေးခြေထိုးမှုကြောင့် တရားစွဲခံရခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ပြော
၀ါရှင်တန်၊ ဇွန်-၁၄-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီရှိတရားရုံးမှာ ဇွန် ၁၃ ရက်က လာရောက်အမှုရင်ဆိုင်ခဲ့ပြီး သူ့အပေါ်တင်ထားတဲ့စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုသွားပါတယ်။ ဒေါ်နယ်ထရန့်ဟာ အမေရိကန်အစိုးရက ပထမဆုံးအကြိမ် တရားစွဲခံရတဲ့ သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ အမေရိကန်အစိုးရရဲ့ စစ်ရေးနဲ့နူကလီးယားဆိုင်ရာ လျှို့ဝှက်ချက်တွေကို လက်၀ယ်ထားရှိမှုအပါအ၀င် စွဲချက် ၃၇ ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အက်ဖ်ဘီအိုင်က ထောက်လှမ်းရေးတွေဟာ ဖလော်ရီဒါမှာရှိတဲ့ ဒေါ်နယ်ထရန့့်ရဲ့နေအိမ်ကနေ တာ၀န်ပြီးဆုံးရင် ပြန်အပ်ရမယ့် အစိုးရရဲ့လျှို့ဝှက်စာရွက်စားတမ်းများစွာကို သြဂုတ်လအတွင်းက သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီကိစ္စကြောင့် တရားစွဲဆိုမှုဟာ နိုင်ငံရေးခြေထိုးမှုဖြစ်ပြီး သူ့ရဲ့သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ပျက်ပြားစေဖို့အတွက် သမ္မတဂျိုးဘိုင်ဒင်က ကြိုးကိုင်လုပ်ဆောင်နေတာဖြစ်ကြောင်း ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ ရာဇ၀တ်မှုစွဲချက်တွေနဲ့ တရားစွဲခံရတာဟာ ခုတကြိမ်ဆိုရင် ဒုတိယမြောက်ဖြစ်ပြီး အပြာမယ်တဦးကို ဆက်ဆံပြီး နှုတ်ပိတ်ခအဖြစ် လျှို့ဝှက်ငွေပေးခဲ့တဲ့အပေါ် ဧပြီလအတွင်းကလည်း တရားရင်ဆိုင်ခဲ့ရပါတယ်။ Ref:…
Read Moreရွှေလီမှာ နေထိုင်ခွင့် သက်တမ်းလွန်သူတွေကို QR code လုပ်ပေးပြီး ဆက်လက်နေထိုင်ခွင့်ပြု
ဇွန် ၁၃၊ ၂၀၂၃ Shy V (VOM) မြန်မာ – တရုတ်နယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ခွင့် သက်တမ်း ကုန်လွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က QR Code လုပ်ပေးပြီး ၂၀၂၃ နှစ်ကုန် အထိ ဆက်လက်နေထိုင် ခွင့်ပြုထားကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။ “တရုတ်ဘက်က မြန်မာနိုင်ငံသားတွေကို chance ပေးထားတယ်။ အခု QR code ထုတ်ပေးထားတယ်။တရုတ်ဘက်ခြမ်း ရောက်နေတဲ့ မြန်မာနိုင်ငံသား တချို့က အထောက်အထား မပြည့်စုံလို့ ပြည့်ပြည့်စုံစုံ ပြန်လုပ်ချင်တာကြောင့် မြန်မာပြည်ကို ပြန်ကြတာတွေလည်း ရှိတယ်” လို့ ရွှေလီမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦး က ပြောပါတယ်။ တရုတ်ဘက်ခြမ်းမှာရှိတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောက်ကုန်သည်ကြီးတွေ၊ ကုန်ဂိတ်လုပ်တဲ့ လူတွေ အားလုံးက ပြန်ပြီး တရုတ်ဘက်…
Read Moreယူကရိန်းထိုးစစ် အောင်မြင်မှုကြောင့် တွေ့ဆုံဆွေးနွေးရေး ရုရှားကိုဖိအားပေးနိုင်ဖို့ နေတိုးအကြီးအကဲ မျှော်လင့်
၀ါရှင်တန်၊ ဇွန်-၁၄-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ဂ် အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဂျိုးဘိုင်းဒင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အနောက်နိုင်ငံတွေက အထောက်အပံ့တွေပေးမှုနဲ့အတူ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ တိုးတက်မှုတွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လစ်သူယေးနီးယားနိုင်ငံမှာ ဇူလိုင်လအတွင်း နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ စတိုတန်ဘာ့ဂ်ဟာ သမ္မတဂျိုးဘိုင်းဒင်နဲ့ ယူကရိန်းအရေးအပြင် အခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်း စစ်မျက်နှာစာတွေမှာ ကာလရှည်ကြာပြင်ဆင်ထားတဲ့ တန်ပြန်ထိုးစစ်ကို စတင်နေပြီဖြစ်ပြီး မကြာသေးမီရက်အတွင်းက ကျေးရွာလေးရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ တန်ပြန်ထိုးစစ်ဟာ စေ့စပ်ညှိနှိုင်းရေးတွေဖြစ်ပေါ်လာဖို့ နည်းလမ်းတခုအဖြစ် ရှုမြင်ထားပြီး ယူကရိန်းနယ်မြေတွေ ပိုမိုလွတ်မြောက်လေ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း အားကောင်းလေလေဖြစ်ကြောင်း နေတိုးအကြီးအကဲက ပြောပါတယ်။ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ရဲ့တုံ့ပြန်မှုဟာ မဟာမိတ်အဖွဲ့ကို ပိုမိုအားကောင်းစေတယ်လို့ အောက်တိုဘာလမှာ ရာထူးကနေအနားယူတော့မယ့် နေတိုးအကြီးအကဲကို သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ပိုင်းနယ်မြေများ လုံခြုံရေးကို ခိုင်မာအောင်ပြုလုပ်ထားပြီး နေတိုးအဖွဲ့၀င်နိုင်ငံတွေရဲ့ နယ်မြေတိုင်းကို ကာကွယ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောဆိုသည်။…
Read Moreနိုင်ငံကိုးနိုင်ငံရဲ့ နျူကလီးယားလက်နက်အသုံးစရိတ် ဒေါ်လာ ၈၂ ဘီလီယံကျော်ထိ မြင့်တက်ခဲ့
၀ါရှင်တန်၊ ဇွန်-၁၃-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်တွေအတွက် ငွေကြေးသုံးစွဲမှုဟာ၂၀၂၁ ခုနှစ်ကထက် ပြီးခဲ့တဲ့နှစ်မှာ မြင့်တက်ခဲ့ကြောင်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ခန့်မှန်းချက်အရ နိုင်ငံ ကိုးနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း နျူကလီးယားလက်နက်တွေအတွက် အသုံးစရိတ်ဟာ စုစုပေါင်းဒေါ်လာ ၈၂ ဒသမ ၉ ဘီလီယံမြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် မြင့်တက်ခဲ့ကြောင်း ဇွန် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီနိုင်ငံတွေဟာ နျူကလီးယားလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်ကို အသိအမှတ်ပြုထားတဲ့ နျူကလီးယားအင်အားကြီး အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် တရုတ်တို့အပြင် အိန္ဒိယ၊ အစ္စရေး၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ ပါ၀င်နေပါတယ်။ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေအတွက် အသုံးစရိတ်ဟာ ဒေါ်လာ ၄၃ ဒသမ ၇ ဘီလီယံထိရှိပြီး ကိုးနိုင်ငံထဲမှာ အမြင့်ဆုံးဖြစ်ကာ နိုင်ငံတနိုင်ငံချင်းစီရဲ့…
Read Moreဖိလစ်ပိုင် မာယွန်မီးတောင်ပေါက်ကွဲနိုင်ခြေကြောင့် ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
မနီလာ၊ ဇွန်-၁၃-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ မာယွန်မီးတောင်ကနေ ချော်ရည်ပူတွေ ဆက်လက်ထွက်ရှိနေတာကြောင့် ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မာယွန်မီးတောင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ချော်ရည်ပူတွေထွက်ရှိနေတာကြောင့် မီးတောင်နဲ့ ခြောက်ကီလိုမီတာအကွာမှာရှိတဲ့ ဒေသခံ ၁၄၀၀၀ နီးပါးကို အခုလိုရွှေ့ပြောင်းပေးထားရတာဖြစ်ပါတယ်။ မာယွန်မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အဆင့်ငါးဆင့်ရှိရာမှာ လက်ရှိအခြေအနေကို အဆင့်သုံး သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မီးတောင်ပြာတွေဟာ လေယာဉ်အင်ဂျင်တွေကို ပျက်စီးစေတာကြောင့် မီးတောင်နဲ့အနီးမှာ လေယာဉ်တွေမပျံသန်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဖိလစ်ပိုင်က မာယွန်မီးတောင်ဟာ နိုင်ငံတွင်းမှာရှိတဲ့ လှုပ်ရှားနေတဲ့ မီးတောင် ၂၄ လုံးမှာပါ၀င်ပြီး ၂၀၁၈ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့တာကြောင့် လူကိုးသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်အစောပိုင်းမှာတော့ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၇၀ ဦးသေဆုံးခဲ့ပြီး ၁၈၉၇ ခုနှစ်က ပေါက်ကွဲမှုမှာတော့ လူ ၄၀၀ ကျော်ထိ သေဆုံးခဲ့ပါတယ်။ Ref: NHK #VOM…
Read Moreတိုက်လေယာဉ် အစင်း ၂၅၀ နဲ့အတူ နေတိုးအဖွဲ့၏ အကြီးစားလေတပ်စစ်ရေးလေ့ကျင့်မှု စတင်နေ
ဘာလင်၊ ဇွန်-၁၃-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့ကို ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ပြီးနောက် အကြီးမားဆုံးသော လေတပ်စစ်ရေးလေ့ကျင့်မှုကို ဇွန် ၁၂ ရက်မှာ စတင်နေပြီဖြစ်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို ဂျာမနီမြောက်ပိုင်းနဲ့ အခြားနေရာတွေမှာ ဇွန် ၁၂ ရက်ကစတင်ခဲ့ပြီး တိုက်လေယာဉ် ၂၅၀ ၊ နေတိုးအဖွဲ့နဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့၀င်ပေါင်း တသောင်းကျော်ပါ၀င်ပါတယ်။ ဇွန် ၂၃ ရက်ထိပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွင်း ပါ၀င်တဲ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့လေတပ်တွေအကြား ပေါင်းစည်းညှိနှိုင်းမှုကို မြှင့်တင်ဖို့ရည်ရွယ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ယူကရိန်းကို ကျူးကျော်၀င်ရောက်စဉ် အပြင်းအထန်ထိခိုက်ပျက်စီးစေဖို့ ရုရှားအသုံးပြုခဲ့တဲ့ မောင်းသူမဲ့လေယာဉ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တန်ပြန်တိုက်ခိုက်မှုတွေလည်း နေတိုးအဖွဲ့ရဲ့ လေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီကပင် စီစဉ်ထားခြင်းဖြစ်ကြောင်း ၊ နေတိုးအဖွဲ့ရဲ့ လေကြောင်းစွမ်းရည်ကို ပြသရန်အရေးကြီးကြောင်း စစ်ရေးလေ့ကျင့်မှုကို အိမ်ရှင်အဖြစ်လက်ခံပြုလုပ်တဲ့ ဂျာမနီစစ်တပ်က ထုတ်ပြန်ထားပါတယ်။ Ref: NHK…
Read Moreမြန်မာမတ်ပဲနဲ့ပတ်သက်ပြီး အိန္ဒိယက စျေးကွက်အသစ်ရှာနေပေမယ့် စျေး အကျမရှိဘဲ အတက်ဘက်သာဦးတည်ကြောင်း ကုန်သည်တွေသုံးသပ်
ဇွန် ၁၃- ၂၀၂၃ GG(VOM) အိန္ဒိယနိုင်ငံက မြန်မာ့ မတ်ပဲအပေါ် အဓိကမှီခိုနေရတာကို လျှော့ချဖို့ဆိုပြီး စျေးကွက်အသစ်တွေရှာဖွေနေပေမယ့် မတ်ပဲလိုအပ်ချက်များတာကြောင့် မြန်မာမတ်ပဲက စျေးတန်းအမြင့်ဘက်ကိုသာ ဦးတည်နေတယ်လို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။ ” သူတို့က ဘရာဇီးကို မတ်ပဲ သွားစိုက်ခိုင်းတယ်၊ မရပါဘူး။ပဲစဥ်းငုံကိုတော့ ဆူတန်ကိုစိုက်ခိုင်းတယ်တဲ့၊ဘယ်လိုမှမရဘူး။အာဖရိကမှာမုန်တိုင်းဝင်တော့ ပဲစဥ်းငုံတွေအကုန်ပျက်ကုန်တယ်၊မြန်မာပြည်ကကံကောင်းတယ် မတ်ပဲက ဒီပဲစိုက်ရတယ်၊အိန္ဒိယနဲ့ မြန်မာပြည်ပဲ စိုက်ရတယ်။ယိုးဒယားတောင်စိုက်မရဘူး။ မတ်ပဲ ပိဿာ၂၀ တစ်တင်းကို ၈၅၀၀၀ အထိကို အောက်ဆုံး တက်အုံးမယ်၊ပဲစဥ်းငုံက အခုတောင် ၁ သိန်းကျော်တယ်”လို့ အောင်လံကုန်စည်ဒိုင်ဥက္ကဋ္ဌဦးအောင်မိုးက သုံးသပ်ပြောဆိုပါတယ်။ အိန္ဒိယက မတ်ပဲ၊ပဲစဥ်းငုံ စျေးနူန်းကိုထိန်းဖို့ စျေးကွက်အသစ်ရှာဖွေနေတာဖြစ်ပေမယ့် အိန္ဒိယနိုင်ငံရဲ့ စျေးကွက်လိုအပ်ချက်၊ ပဲအထွက်နူန်းလျော့တာတွေ ကြောင့် ဝယ်လိုအားက မြင့်နေပြီး စျေးကွက်က ကျဆင်းဖို့မရှိတာဖြစ်တယ်လို့ ပြောပါတယ်။ ” အယ်နီညိုကြောင့်ရယ် ၊သူ့နိုင်ငံက စားနပ်ရိက္ခါက မလုံလောက်ဘူးလေ၊ ပြီးခဲ့တဲ့ နှစ်မှာလည်း အိန္ဒိယက…
Read Moreနေ့ရောညပါ အေးစေ၊ ကလေးတွေ သီချင်း သီဆိုကြစေ
ဆူးငှက် မန္တတလေးမှာက မြန်မာပြည်အလယ်ပိုင်း ကုန်းခေါင်ခေါင်မှာပဲရှိလို့ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားသိပ်ပြီး ကြုံခဲ့ဆုံခဲ့ပုံမရ။ ကျွန်တော်တို့ငယ်ငယ်က အမေကြီးတို့ပြောသော ကိုးတာမီး ဆိုတာကြားဖူးသည်။ “အမလေးတော် ကိုးတာရပ်က လောင်လိုက်တဲ့မီးက ကိုးတာ၊ ဒီဘိုးဝင်း၊ ဓာတ်နန်း၊ ဘီလူးမ၊ညောင်ပင်၊ ဥယျာဉ်တန်းကနေ ထီးလင်းတိုက်၊ မိုးကောင်းတိုက်၊ဂွေးချိုတိုက်၊ အိမ်တော်ရာဘုရားထဲကစောင်းတန်းတွေ၊ ဇရပ်တွေအကုန်ပါသွားတာ ဟိုမြောက် အင်းဘဲရောက်မှ လောင်တာရပ်သတဲ့” ဟု ပြောလေ့ရှိသည်။နောက်မှ ရှာဖွေ ဖတ်ရှုရာတွင် ကိုးတာမီးက မြန်မာသက္ကရာဇ် ၁၂၇၁ခုနှစ်မှာ လောင်သည်။ နောက် အမေတို့ပြောဖူးတာ စစ်ကိုင်းငလျင်ဖြစ်သည်။ စစ်ကိုင်းမှာ ငလျင်ကြီး လှုပ်လိုက်တာ မြို့ထဲက ဘုရားတွေရော၊ စစ်ကိုင်းတောင်ပေါ်က ဘုရားတွေရော ပြိုကျ ကုန်သတဲ့ ။ ဧရာဝတီမြစ်ကြီးက ဘောင်ဘင်ခတ်သွားသတဲ့။ နာမည်ကျော် အင်း၀ တံတားကြီးလည်း နည်းနည်းနေရာရွေ့သွားသတဲ့။ မန္တလေးမှာလည်း တိုက်တာအိမ်ခြေတွေ ပျက်စီးကုန်သည် ပြောသည်။ အဖေက…
Read Moreကရင်ပြည်နယ်မှာ လက်နက်ကြီးကျပြီး လူ ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
ဇွန် ၁၂ – ၂၀၂၃ SN + MM (VOM) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ရွာ ကားလမ်းဘေးရှိ နေအိမ်တစ်လုံးပေါ်ကို မနေ့ ဇွန် ၁၁ ရက်၊ ည ၉ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူက ဒီကမဟုတ်ဘူး။ ရန်ကုန်ကနေ ခဏလာတဲ့ ဧည့်သည်။ သူ့သား ကျောင်းထွက်လက်မှတ်ကို မြဝတီမြို့မှာ သွားယူပြီး ပြန်လာတာ။ ရန်ကုန်ကိုပြန်ဖို့အတွက် အဲ့ဒီ့ လက်နက်ကြီးကျည်ကျတဲ့ အိမ်မှာ ညအိပ်တည်းခိုနေတုန်း အခုလိုဖြစ်သွားတာ။ ဒဏ်ရာက တင်ပါးဆုံမှာ တစ်ချက်၊ နံရိုးကြားမှာ တစ်ချက်နဲ့ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ခရစ်ကျေးရွာမှာ နေထိုင်တဲ့ ဦးဇော်မင်းထွန်း…
Read More