၀ါရှင်တန်၊ ဇွန်-၁၃-၂၀၂၃
မျိုးဆက်(VOM)
ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်တွေအတွက် ငွေကြေးသုံးစွဲမှုဟာ၂၀၂၁ ခုနှစ်ကထက် ပြီးခဲ့တဲ့နှစ်မှာ မြင့်တက်ခဲ့ကြောင်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ခန့်မှန်းချက်အရ နိုင်ငံ ကိုးနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း နျူကလီးယားလက်နက်တွေအတွက် အသုံးစရိတ်ဟာ စုစုပေါင်းဒေါ်လာ ၈၂ ဒသမ ၉ ဘီလီယံမြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် မြင့်တက်ခဲ့ကြောင်း ဇွန် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီနိုင်ငံတွေဟာ နျူကလီးယားလက်နက်မပြန့်ပွားရေး သဘောတူစာချုပ်ကို အသိအမှတ်ပြုထားတဲ့ နျူကလီးယားအင်အားကြီး အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် တရုတ်တို့အပြင် အိန္ဒိယ၊ အစ္စရေး၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ ပါ၀င်နေပါတယ်။
အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေအတွက် အသုံးစရိတ်ဟာ ဒေါ်လာ ၄၃ ဒသမ ၇ ဘီလီယံထိရှိပြီး ကိုးနိုင်ငံထဲမှာ အမြင့်ဆုံးဖြစ်ကာ နိုင်ငံတနိုင်ငံချင်းစီရဲ့ စုစုပေါင်း စစ်အသုံးစရိတ်နဲ့အစိုးရတွေ က ထုတ်ပြန်ထားတဲ့ အခြားကိန်းဂဏန်းတွေအပေါ်အခြေခံတွက်ချက်ထားခြင်းဖြစ်ကြောင်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကပြောပါတယ်။
အမြဲပြောင်းလဲနေပြီး စိန်ခေါ်မှုတွေရှိနေတဲ့ လုံခြုံရေး၀န်းကျင်းအနေအထားကြောင့် နျူကလီးယားလက်နက်တွေအတွက် အသုံးစရိတ်ဟာ တဖြည်းဖြည်းတိုးပွားလာပြီး အခြေအနေပိုဆိုးနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: NHK
Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန်