ဘာလင်၊ ဇွန်-၁၃-၂၀၂၃
မျိုးဆက်(VOM)
နေတိုးအဖွဲ့ကို ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ပြီးနောက် အကြီးမားဆုံးသော လေတပ်စစ်ရေးလေ့ကျင့်မှုကို ဇွန် ၁၂ ရက်မှာ စတင်နေပြီဖြစ်ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုကို ဂျာမနီမြောက်ပိုင်းနဲ့ အခြားနေရာတွေမှာ ဇွန် ၁၂ ရက်ကစတင်ခဲ့ပြီး တိုက်လေယာဉ် ၂၅၀ ၊ နေတိုးအဖွဲ့နဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့၀င်ပေါင်း တသောင်းကျော်ပါ၀င်ပါတယ်။
ဇွန် ၂၃ ရက်ထိပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွင်း ပါ၀င်တဲ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့လေတပ်တွေအကြား ပေါင်းစည်းညှိနှိုင်းမှုကို မြှင့်တင်ဖို့ရည်ရွယ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
ယူကရိန်းကို ကျူးကျော်၀င်ရောက်စဉ် အပြင်းအထန်ထိခိုက်ပျက်စီးစေဖို့ ရုရှားအသုံးပြုခဲ့တဲ့ မောင်းသူမဲ့လေယာဉ်နဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တန်ပြန်တိုက်ခိုက်မှုတွေလည်း နေတိုးအဖွဲ့ရဲ့ လေတပ်စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်ပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီကပင် စီစဉ်ထားခြင်းဖြစ်ကြောင်း ၊ နေတိုးအဖွဲ့ရဲ့ လေကြောင်းစွမ်းရည်ကို ပြသရန်အရေးကြီးကြောင်း စစ်ရေးလေ့ကျင့်မှုကို အိမ်ရှင်အဖြစ်လက်ခံပြုလုပ်တဲ့ ဂျာမနီစစ်တပ်က ထုတ်ပြန်ထားပါတယ်။
Ref: NHK
#VOM #voiceofmyanmar #ဘာလင်