ထိုင်းဝန်ကြီးချုပ်အဖြစ် ပထမအကြိိမ် မဲပေးရွေးချယ်ပွဲမှာ ရေပန်းစားတဲ့ ပီတာလင်ဂျာရိုရတ် ရွေးချယ်မခံရသေး

ဘန်ကောက်၊ ဇူလိုင်-၁၃-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ဟာ ဒီနေ့ကျင်းပတဲ့ ပါလီမန်မှာ ဝန်ကြီးချုပ်ခန့်အပ်ရေး မဲပေးမှုမှာ ထောက်ခံမဲ အလုံအလောက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

ပီတာဟာဝ န်ကြီးချုပ်လောင်းအဖြစ် တဦးတည်းအမည်စာရင်းတင်သွင်းခံရပေမယ့် ရွေးကောက်ခံလွှတ်တော်အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်တော်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အမတ် ၂၅၀ ရှိတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှု အလုံအလောက်မရရှိခဲ့ပါဘူး။

ပါလီမန်နှစ်ရပ်စလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံမှုကို ရယူနိုင်ခြင်းမရှိဘဲ ဝန်ကြီးချုပ်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၃၇၆ လိုအပ်ပေမယ့် မရရှိခဲ့ဘဲ ကြားနေမဲတွေနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပါလီမန်ဟာ လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်ရွေးချယ်ဖို့ နောက်ထပ်ကျင်းပသွားဖွယ်ရှိပြီး ထပ်မံအမည်စာရင်းတင်သွင်းခံရပါက ပီတာအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှီဦးမှာဖြစ်ပါတယ်။

ပီတာရဲ့ ရှေ့သို့ပါတီအပါအဝင် ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ဇူလိုင် ၁၉ ရက်ဝန်ကြီးချုပ်ရွေးပွဲမှာ ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထက်ပြီးအမည်စာရင်းတင်မလား နောက်တဦးကိုတင်မလား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Ref: CNA
Photo AFP

#voiceofmyanmar #VOM #ထိုင်းဝန်ကြီးချုပ်

Related posts

VOM News

FREE
VIEW