သြစတြေးလျအနောက်ပိုင်းကမ်းခြေမှာ ဝေလငါးအကောင် (၁၀၀)နီးပါး သောင်တင်သေဆုံး

ဆစ်ဒနီ၊ ဇူလိုင်-၂၇-၂၀၂၃
မျိုးဆက်(VOM)

သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ကယ်ဆယ်ဖို့ အပူတပြင်းကြိုးစားခဲ့ပေမယ့် ဝေလငါးအကောင်ရေ ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း တောရိုင်းတိရိစ္ဆာန်တာ၀န်ရှိသူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

ပါ့သ်မြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ ချေနက်စ်ကမ်းခြေရှိ ကမ်းဦးရေတိမ်ပိုင်းမှာ စုဝေးရောက်ရှိနေတဲ့ ဝေလငါး ၉၇ ကောင်ဟာ အင်္ဂါနေ့မှာ သောင်တင်နေခဲ့ပါတယ်။

ဒါပေမယ့် နောက်နေ့မနက်မှာတော့ ဝေလငါး ၅၁ ကောင်သေဆုံးခဲ့ပါတယ်။ စေတနာ့၀န်ထမ်း ၂၅၀ ဦးဟာ တောရိုင်းတိရိစ္ဆာန်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး ဝေလငါးတွေကို ကယ်တင်ဖို့ ဗုဒ္ဓဟူးနေ့တနေ့ကုန် ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒေသခံတွေအပါအ၀င် ကယ်ဆယ်ရေးသမားတွေကတော့ ကျန်ရှိနေသေးတဲ့ ဝေလငါးတွေကို ရေနက်ထဲကို ပြန်ပို့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဝေလငါးတွေကိုယ်တိုင် ကမ်းခြေဘက်ကို ပြန်လာကြကြောင်း သြစတြေးလျ ပန်းခြံနဲ့ တောရိုင်းတိရိစ္ဆာန်ဌာန တာ၀န်ရှိသူကပြောပါတယ်။

ဝေလငါးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက်သောင်တင်မှုတွေ ဖြစ်ရတာကို သိပ္ပံပညာရှေင်တွေအနေနဲ့ အပြည့်အ၀ နားမလည်သေးပေမယ့် အရှည်ခြောက်မီတာကျော်ထိ ကြီးထွားနိုင်တဲ့ လမ်းပြဝေလငါးတွေဟာ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်တာကြောင့် အန္တရာယ်ရှိတဲ့နေရာကို လမ်းလွဲလိုက်သွားတဲ့ အဖော်တွေနောက်ကို လိုက်သွားလေ့ရှိကြပါတယ်။

Ref:AFP
Photo:AFP
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW