ဗုဒ္ဓဂါယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း အားလုံး တစ်လအတွင်း မှတ်ပုံတင် လျှောက်ရမယ်

ဇူလိုင် ၂၆ – ၂၀၂၃ GG (VOM) ဗုဒ္ဓဂါယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ပြည်တွင်းက ခရီးသွားကုမ္ပဏီအားလုံး တစ်လအတွင်း မှတ်ပုံတင်တွေ လျှောက်ထားရမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းUMTAက သိရပါတယ် ။ ဒါ့ကြောင့် လိုင်စင်ရှိပြီးသားကုမ္ပဏီတွေလည်း မှတ်ပုံတင်သက်တမ်းတိုးဖို့လိုအပ်ပြီး လုပ်ငန်း လိုင်စင် မရှိသူတွေက မှတ်ပုံတင်လျှောက်ဖို့လိုကြောင်း ၊ အကယ်၍ တစ်လအတွင်း မှတ်ပုံတင် ခြင်းမလုပ်ပါက ဗုဒ္ဓဂါယာဘုရားဖူးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ “အဟောင်းတွေက သက်တမ်းတိုးတာပါ ၊ အသစ်တွေက မှတ်ပုံတင်ရမှာပါ ပုံမှန်အားဖြင့်တော့ ဟိုတယ်ခရီးကနေ Outboundလိုင်စင်ရှိရပါမယ် ၊ ပြီးရင် ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီမှာ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရပါတယ်။အဟောင်း သက်တမ်းတိုးရော ၊ အသစ်မှတ်ပုံတင်ရော အခုတစ်လအတွင်းမှာ ဆောင်ရွက်ရပါတယ် ။ နောက်ကျရင်တော့ စာရင်းမှာ မပါတော့ဘူး။ စာရင်းမသွင်းထားရင်တော့ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံပေးတဲ့ passport green channel မှာလုပ်လို့မရပါဘူး၊ Outbound…

Read More

ရုရှားကာကွယ်ရေး၀န်ကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား ရောက်ရှိနေ

ပြုံးယမ်း ၊ ဇူလိုင်-၂၆-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားကို ရုရှားကာကွယ်ရေး၀န်ကြီး ဆာဂီရှိုဂူဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ မြောက်ကိုရီးယားကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုမူဝါဒချမှတ်ရေးကော်မတီမှာပါ၀င်တဲ့ လီဟောင်ကျောင်ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာလည်း ဒီနေ့မှာ မြောက်ကိုရီးယားကို ရောက်ရှိမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ကိုရီးယားစစ်ပွဲပြီးဆုံးခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ကြမှာဖြစ်ပြီး မြောက်ကိုရီးယားဟာ ဒီလိုအခမ်းအနားမျိုးကို စစ်ရေးပြပွဲတွေ အကြီးအကျယ် ပြုလုပ်လေ့ရှိပါတယ်။ ကပ်ရောဂါဖြစ်ပွားချိန်က နယ်စပ်တွေကို ပိတ်ဆို့ပြီးနောက် တရုတ်နဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားကို ပထမဆုံးလာရောက်ကြတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါစိုးရိမ်မှုတွေကြောင့် မြောက်ကိုရီးယားဟာ နိုင်ငံရေးနဲ့စီးပွားရေး အဓိကမဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ ရုရှားတို့နဲ့ပါ ၂၀၂၀ ခုနှစ်ကစပြီး ဆက်ဆံသွားလာမှု ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်တို့ဟာ မြောက်ကိုရီးယားရဲ့ ကာလရှည်ကြာ မဟာမိတ်တွေဖြစ်ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM…

Read More

ဂျပန်အပါအဝင် နိုင်ငံ ၅ ခုခန့်က မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး ၊ပျက်စီးမှုအတွက် ဒဏ်ကြေးတွေကို တိုးမြင့်ကောက်ခံ

ဇူလိုင် ၂၆ – ၂၀၂၃ GG (VOM) ဂျပန်ရောက် မြန်မာနိုင်ငံသား ပျောက်ဆုံး/ပျက်စီးသွားတဲ့ နိုင်ငံကူးလက်မှတ်အတွက် ဒဏ်ကြေးတွေကို တိုးမြင့်သတ်မှတ် ကောက်ခံမယ်လို့ ဒီနေ့ ဇူလိုင် ၂၆ ရက်နေ့မှာ ဂျပန်နိုင်ငံ၊တိုကျိုမြို့မြန်မာနိုင်ငံသံရုံးက အသိပေးလိုက်ပါတယ်။ ဇူလိုင်၂၄ ရက်နေ့ကလည်း ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် ထိုင်း ၊ မလေးရှား ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွေက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ပျောက်ဆုံး/ပျက်စီးသွားတဲ့ နိုင်ငံကူးလက်မှတ်အတွက် ဒဏ်ကြေးတွေကို တိုးမြင့်သတ်မှတ် ကောက်ခံမယ်လို့ အသိပေးခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိမှာဆိုရင် ပြည်ပနိုင်ငံ ၅ ခုလောက်က သံရုံးတွေဟာ ဒဏ်ကြေးငွေတွေကို စတင်တိုးမြင့်ကောက်ခံနေပြီဖြစ်တယ်လို့ သိရပါတယ်။ ” ဘာလို့တိုးကောက်တာလဲ မကြေညာဘူး ၊ မေးလို့လည်း မရပါဘူး။ မြန်မာမှာ ၂၀၀၀၀ တန်ထုတ်မယ် ကြေညာအပြီး ငွေစျေးတက်ပြီးနောက် သူတို့သံရုံးတွေက အဲ့ဒီလို တိုးကောက်တာပဲ။…

Read More

လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ရာထူးကနေ ထုတ်ပယ်ခံရမှု ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေ

ပေကျင်း၊ ဇူလိုင်-၂၆-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံခြားရေး၀န်ကြီးအဖြစ် ခန့်အပ်ခံထားရတဲ့ ချင်ဂန်းဟာ ခန့်အပ်ခံရပြီး ခုနှစ်လအကြာမှ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပေမယ့် ထင်ကြေးပေးမှုအမျိုးမျိုးကတော့ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ အင်္ဂါနေ့က ပြုလုပ်တဲ့အရေးပေါ်အစည်းအဝေးအပြီးမှာ ချင်ဂန်းကို နိုင်ငံခြားရေး၀န်ကြီးအဖြစ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပြီး ထုတ်ပယ်ရတဲ့အကြောင်းရင်းကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိပါဘူး။ ယခင်နိုင်ငံခြားရေး၀န်ကြီးဖြစ်တဲ့ ၀မ်ယီက နိုင်ငံခြားရေး၀န်ကြီးအဖြစ် ပြန်လည်တာ၀န်ထမ်းဆောင် သွားမှာဖြစ်ပါတယ်။ နိုင်ငံခြားရေး၀န်ကြီး ချင်ဂန်း လူမြင်ကွင်းကနေ ထူးဆန်းစွာပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ပြည်ပနိုင်ငံတွေမှာပါ ထင်ကြေးပေးမှုအမျိုးမျိုးဖြစ်ပေါ်နေပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချင်ဂန်းဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ နီးစပ်သူအဖြစ် ရှုမြင်ခံထားရပြီး တရုတ်နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး ရာထူးကြီးခန့်အပ်ခံရသူတွေထဲက တဦးဖြစ်ပါတယ်။ ချင်ဂန်း တလကျော်ကြာ လူမြင်ကွင်းကနေ ပျောက်ဆုံးနေပြီး အင်ဒိုနီးရှားမှာပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတခုကို မတက်ရောက်ဖြစ်ခဲ့ပါဘူး။ ဒါဟာ ကျန်းမာရေးအကြောင်းပြချက်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ရာထူးကနေ ထုတ်ပယ်မှုဟာ နိုင်ငံရေးကြောင့်…

Read More

ကလေးမြို့နယ် ဓမ္မစကူလ်း ဦးဆောင် ဘုန်းကြီး ၁ ပါး အသတ်ခံရ

ဇူလိုင် ၊ ၂၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ် ၊ အင်းစိန်ကျေးရွာမှာရှိတဲ့ ရွှေပါရမီ ဘုန်းကြီးကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဓမ္မစကူလ်း ဦးဆောင် ဆရာတော်တပါးဖြစ်သူဟာ မနေ့ ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ခရီးသွားလာနေရင်း ကားပေါ်မှာ အသတ်ခံရတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့သူက သက်တော် ၄၃ နှစ် ၊ ဝါတော် ၂၂ ဝါ အရွယ်ဖြစ်တယ် ၊ ဆရာတော် ဥူးဝိဇယ ဖြစ်တယ်၊ ဆရာတော်က ကလေးမြို့ဘက်ကနေ ရွာကို ပြန်လာတဲ့အခါ ၊လမ်းမှာ (အမည်မသိ စုံစမ်းဆဲ)အဖွဲ့နဲ့တွေ့တော့ ဘုန်းကြီးကားကိုတားပြီး ဘုန်းကြီးကို ပစ်သတ်သွားတယ် ၊ ကားမောင်းတဲ့ ဘုန်းကြီးကျောင်းသားကိုတော့ အဲ့ဒီအဖွဲ့က ဘာအန္တရာယ်မှ လုပ်မသွားဘူး “လို့…

Read More

ဧရာဝတီတိုင်းမှာ Deliveryသမားတွေကိုပစ်မှတ်ထား လုယက်မှုတွေရှိလာ

ဇူလိုင်၊ ၂၆-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ Deliveryသမားတွေကို ပစ်မှတ် ထားပြီး ဓားထောက်၊ ဓားပြတိုက်၊လုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး Delivery လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ ၂၅ ရက်အထိ ၂၅ရက်အတွင်း ဧရာဝတီတိုင်းမှာ Delivery သမားတွေကို ပစ်မှတ်ထား လုယက်၊ဓားပြတိုက်တဲ့ ဖြစ်စဉ် ဆယ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပစ္စည်းပို့ပြီး ပြန်လာတဲ့အချိန်ကို အသင့်စောင့်ကာ ဓားထောက်၊ လုယက် ဓားပြတိုက်တာတွေလုပ်လာ တယ်လို့ သိရပါတယ်။ “အခုက ကောင်းကောင်းလုပ်ကိုင်စားသောက်တော့လည်း အဆင်ပြေဘူး၊ အသက်အန္တရာယ်ရန်ရှာခံရတဲ့အထိ ဖြစ်လာတယ်၊ တစ်နေ့က ပစ္စည်းပို့ပြီးပြန်လာတာ၊ ငွေနည်းနည်းပါတာပေါ့၊ ငွေသား ၄ သိန်းကျော်ပါသွားတယ်၊သူတို့က နောက်ကနေလိုက်တာ၊ ဆိုင်ကယ် နှစ်စီးနဲ့ ၊လူ၄ ယောက် သူတို့ မျက်နှာတွေတောင် သေချာမမြင်လိုက်ဘူး၊…

Read More

နှစ်သောင်းတန်နဲ့ ကုန်ဈေးနူန်းဂယက်

SN (VOM) နစက က လာမယ့် ဇူလိုင် ၃၁ ရက်မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မယ်လို့ တနင်္ဂနွေရုံးပိတ်ရက်မှာ ကြေညာခဲ့ပေမယ့် နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ နေ့တွင်းချင်း ‌အရောင်းအဝယ် ရပ်တန့်တာတွေရှိခဲ့ပြီး နောက်တစ်ရက်မှာတော့ ငွေလဲနှုန်းတွေ စျေးအဆမတန် ခုန်တက်ခဲ့ပါတယ်။ နှစ်သောင်းကျပ်တန် ထုတ်မယ်လို့ မကြေညာခင် ပြင်ပဒေါ်လာဈေးဟာ အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ ကျပ်ဝန်းကျင် ရှိနေရာကနေ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပုံမှန် ဈေးဖွင့်ရောင်းသူမရှိတော့ဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံနဲ့ တစ်ဒေါ်လာကို ကျပ် ၃၆၀၀ ကျော်ဝန်းကျင်လောက်နဲ့ ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။ “ငွေလဲနှုန်းတွေက နစကရဲ့ နှစ်သောင်းတန် ကြေညာချက် ထွက်တဲ့နေ့မှာပဲ အရောင်းအဝယ်တွေ ရပ်ပစ်လိုက်ကြတာ။ ‌အခြေအနေတွေက ဘာမှန်းမသိတော့ ဈေးတွေလည်း မငြိမ်ဘူးလေ။ အဲ့ဒါကြောင့် အခြေအနေ ခဏစောင့်ကြည့်တဲ့သဘောနဲ့ ရပ်ထားကြတာ။ ကြေညာချက်ထွက်ပြီး နောက်တစ်နေ့ ဇူလိုင်…

Read More

မြဝတီနဲ့ ကော့ကရိတ်မှာ တိုက်ပွဲဖြစ်လို့ လူ ၁ ယောက်သေဆုံးကာ ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့

ဇူလိုင် ၂၅ – ၂၀၂၃ GG (VOM) မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ ဒီနေ့ ဇူလိုင် ၂၅ ရက်က နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး လူသေဆုံးတာ ၊ထိခိုက်ဒဏ်ရာရတာတွေ ​ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင် ကျေးရွာပေါ်ကို ဒရုန်းဗုံး ကျပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ကေသီခိုင်ဆိုတဲ့ အမျိုးသမီး သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်းဒဏ်ရာရရှိခဲ့သလို ၊ အမျိုးသားတစ်ဦးလည်း ဗုံးထိမှန်ဒဏ်ရာရရှိခဲ့တာဖြစ်တယ် လို့သိရပါတယ်။ ” အခုမနက် မေတ္တာလင်းမြိုင်ရွာထဲကို ဗုံးကျတာမှာ တစ်ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရ တယ်။ စစ်သားတစ်ယောက်လည်း ဒဏ်ရာရတယ်လို့သိရတယ်။ ရွာဒေသခံထဲ ဗုံးထိတဲ့အထဲလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ် ။ အကုန်လုံး ဆေးရုံမှာ ပို့ထားတယ် “လို့ မြဝတီ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းလောက်ကတည်းက ထိတွေ့တိုက်ပွဲဖြစ်နေတာဖြစ်ကြောင်း…

Read More

မော်စကိုမြို့ကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ယူကရိန်းတိုက်ခိုက်ခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို ၊ ဇူလိုင်-၂၅-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံ မော်စကိုမြို့ကို ဇူလိုင် ၂၄ ရက်မနက်အစောပိုင်းက ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အဆောက်အအုံနှစ်ခုပျက်စီးသွားကြောင်း ရုရှားတာ၀န်ရှိသူတွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အဲဒီမောင်းသူမဲ့လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး တစင်းဟာ ရုရှားကာကွယ်ရေး၀န်ကြီးဌာနအနီး ပျက်ကျခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းတာ၀န်ရှိသူတွေကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိပါဘူး။ ယူကရိန်းဟာ ရုရှားနိုင်ငံပိုင်နက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တာ၀န်ရှိကြောင်း ထုတ်ဖော်ပြောဆိုနည်းပါးပါတယ်။ ရုရှားဟာလည်း ယူကရိန်းတောင်ပိုင်း အိုဒီဆာဒေသ ပင်လယ်နက်သို့ တင်ပို့မှုလမ်းကြောင်းဖြစ်တဲ့ ဒန်ညုမြစ်မြစ်ပေါ်ရှိ ဆိပ်ကမ်းနှစ်ခုကို ညတွင်းချင်း မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ကုန်စည်တွေတင်ပို့နိုင်ရေး သဘောတူညီချက်ကနေ ရုရှားနှုတ်ထွက်ပြီးနောက် ယူကရိန်းရဲ့ အဓိကပင်လယ်ဆိပ်ကမ်းတွေတည်ရှိရာ အိုဒီဆာဒေသကို ရုရှားက တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar…

Read More

ပျက်စီးတံတား ပြန်ပြင်ပြီးလို့ ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်း ပြန်ဖွင့်

ဇူလိူင် ၂၅ – ၂၀၂၃ GG (VOM) မိုင်းခွဲခံရလို့ ပျက်စီးခဲ့ရတဲ့ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်း လေးဖာတောတံတား ပြန်လည်ပြုပြင်ပြီးဖြစ်တာကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်လမ်း ပြန်ပွင့်လို့ ဘုရားဖူးကားတွေ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက်ကားလမ်းပေါ်က လေးဖာတော တံတားဟာ ဇူလိူင် ၆ ရက် ၊ ညနေ ၃ နာရီခွဲလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက် ရက် ၂၀ အကြာမှသာ ပြန်လည်ပြင်ဆင်ပြီး ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ” ဟုတ်ပါတယ် ပြင်ပြီးပါပြီ၊ ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းလို့ရပါပြီ။အရင်ရက်ကလည်း ရတယ်ဆိုပေမယ့် အခုက အားလုံးရပြီ။ ယိုးဒယားဘက်ကလည်း ဘုရားဖူးတွေဝင်နေပါတယ်။ “လို့ မွန်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ကျိုက်ထီးရိုးဘုရား…

Read More
VOM News

FREE
VIEW