ဇူလိုင် ၊ ၂၆ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ် ၊ အင်းစိန်ကျေးရွာမှာရှိတဲ့ ရွှေပါရမီ ဘုန်းကြီးကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ဓမ္မစကူလ်း ဦးဆောင် ဆရာတော်တပါးဖြစ်သူဟာ မနေ့ ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ခရီးသွားလာနေရင်း ကားပေါ်မှာ အသတ်ခံရတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။
” အသတ်ခံရတဲ့သူက သက်တော် ၄၃ နှစ် ၊ ဝါတော် ၂၂ ဝါ အရွယ်ဖြစ်တယ် ၊ ဆရာတော် ဥူးဝိဇယ ဖြစ်တယ်၊ ဆရာတော်က ကလေးမြို့ဘက်ကနေ ရွာကို ပြန်လာတဲ့အခါ ၊လမ်းမှာ (အမည်မသိ စုံစမ်းဆဲ)အဖွဲ့နဲ့တွေ့တော့ ဘုန်းကြီးကားကိုတားပြီး ဘုန်းကြီးကို ပစ်သတ်သွားတယ် ၊ ကားမောင်းတဲ့ ဘုန်းကြီးကျောင်းသားကိုတော့ အဲ့ဒီအဖွဲ့က ဘာအန္တရာယ်မှ လုပ်မသွားဘူး “လို့ ကလေးမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဟိုအရင်လည် ကလေးနယ်ဘက်မှာ အခုလို ပရဟိတ ဘုန်းကြီးတွေ သတ်ခံရတာတွေရှိဖူးတယ် ၊ သာစည်ဘက်က လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာကျောင်းက ဆရာတော်လည်း သတ်ခံရပြီး မိလ္လာနောက်ဘက်က နေရာမှာ အလောင်းဖျောက်ထားတာကို ပြန်တွေ့ရတဲ့ ဖြစ်စဥ်ရှိခဲ့တယ် “လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဘုန်းကြီး ၇၆ ပါးနဲ့ သီလရှင်ဆရာကြီး ၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံပရဟိတသမားရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
#voiceofmyanmar #VOM #ကလေး