ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၊ မုန်တိုင်းကြောင့် တရုတ်မှာ လူ (၃၀) ကျော်သေဆုံး

တိုကျို၊ သြဂုတ်-၂-၂၀၂၃
မျိုးဆက်(VOM)

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ခန်းနမ်ဟာ ဂျပန်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်နေပြီး အိုကီနာဝါကျွန်းရှိ ဒေသခံသုံးပုံတပုံကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အိုကီနာဝါကျွန်းစုတွေမှာ တနာရီကို လေတိုက်နှုန်း ၁၅၆ မိုင်နှုန်းနဲ့ မုန်တိုင်းတိုက်ခတ်နေပြီး လေယာဉ်ခရီးစဉ် ၉၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

မကြာသေးမီသီတင်းပတ်တွေအတွင်း အရှေ့အာရှကိုတိုက်ခတ်တဲ့ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ခန်းနမ်းကြောင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံး မိုးရွာသွန်းမှုတွေ စံချိန်တင်ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အဲဒီမုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်း ရေကြီးရေလျှံမှုတွေကြောင့် လူ ၃၄ ဦးသေဆုံးခဲ့ပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့တဲ့ စူပါမုန်တိုင်း တာလင်နဲ့ဒေါ့ခ်ဆူရီတို့ပြီးနောက် အရှေ့အာရှကို တိုက်ခတ်မယ့် တတိယမြောက်လည်းဖြစ်ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုဟာ အာရှတခွင်မှာ မုန်တိုင်းတွေနဲ့ အပူလှိုင်းတွေ ပိုမိုပြင်းထန်ပြီး အကြိမ်ရေတိုးမြှင့် ဖြစ်ပေါ်စေခဲ့ကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

Ref:BBC

#Voice of Myanmar# ဂျပန်#တိုင်ဖွန်းမုန်တိုင်း#တတိယမြောက်

Related posts

Leave a Comment

VOM News

FREE
VIEW