နေတိုးအဖွဲ့ဝင် ပိုလန်လေပိုင်နက်ကို ရုရှားမဟာမိတ် ဘီလာရုစ်စစ်လေယာဉ်တွေ ချိုးဖောက်ဝင်ရောက်

ဝါဆော၊ သြဂုတ်-၂-၂၀၂၃
မျိုးဆက်(VOM)

ရုရှားရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်စစ်ရဟတ်ယာဉ်တွေ ပိုလန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုကြောင့် နိုင်ငံအရှေ့ပိုင်းနယ်စပ်ကို ပိုလန်တပ်ဖွဲ့ဝင်တွေအရှိန်မြှင့်စေလွှတ်နေပါတယ်။

ဘီလာရုစ်စစ်တပ်ကနော့ စစ်ရဟတ်ယာဉ်တွေ လေပိုင်နက်ချိုးဖောက်တယ်ဆိုတာကို ငြင်းဆိုထားပြီး နေတိုးအဖွဲ့ဝင်ပိုလန်ဟာ တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်လိုတာကြောင့် အကြောင်းပြချက်ရှာတာဖြစ်ကြောင်း ဘီလာရုစ် စစ်တပ်က ပြောပါတယ်။

နယ်စပ်ဒေသကို တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပါအဝင် နောက်ထပ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်ဖြန့်ကြက်နေကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီလို ဘီလာရုစ်က လေပိုင်နက်ချိုးဖောက်တာနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ကို ပိုလန်က အကြောင်းကြားထားပြီး ဒီကိစ္စအပေါ် ရှင်းလင်းချက်ပေးဖို့ ဘီလာရုစ်သံရုံးတာဝန်ခံကို ဆင့်ခေါ်ထားကြောင်း ပိုလန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဘီလာရုစ်သမ္မတ လူကာရှင်ကိုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားတပ်တွေကို ဘီလာရုစ်ပိုင်နက်ကို အသုံးပြုခွင့်ပေးထားပေမယ့် ဘီလာရုစ်စစ်တပ်ကိုတော့စစ်ပွဲမှာ ပါဝင်ခွင့်ပြုမထားပါဘူး။

Ref: Reuters
Photo:Reuters
#Voice of Myanmar# ပိုလန်# ဘီလာရုစ် စစ်ရဟတ်ယာဉ်# လေပိုင်နက်

Related posts

Leave a Comment

VOM News

FREE
VIEW