အနောက်အာဖရိက ဆာဟဲလ်ဒေသမှ အာဏာသိမ်းပွဲများ

မျိုးဆက်(VOM)
၂-၈-၂၀၂၃

နိုင်ဂျာနိုင်ငံမှာ ဇူလိုင် ၂၆ ရက်က နိုင်ဂျာတပ်ဖွဲ့ဝင်တွေဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံသမ္မတဖြစ်တဲ့ သမ္မတမို ဟမ်မက်ဘာဇိုအမ်ကို ဖြုတ်ချခဲ့ကြပြီး အာဏာသိမ်းမှုပြုခဲ့ကြပါတယ်။

သမ္မတကို ဖမ်းဆီးထားပြီး နိုင်ငံကိုထိန်းချုပ်ခဲ့တဲ့ အဲဒီအာဏာသိမ်း ပွဲအလွန်မှာတော့ အနောက်အာဖရိက ဆာဟဲလ်ဒေသရဲ့ စစ်အာဏာရှင်နိုင်ငံတွေ စာရင်းမှာ နိုင်ဂျာလည်းထပ်တိုး လာခဲ့ပါတယ်။

ဆာဟာရသဲကန္တရရဲ့ တောင်ဘက်ပိုင်းနယ်မြေဖြစ် တဲ့ ဆာဟဲလ်ဒေသဟာ အထူးသဖြင့် အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပိုပြီးရင်ဆိုင်လာကြရပါတယ်။ ဒီလိုလုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့အပေါ် ဆာဟဲလ်ဒေသပြည်သူတွေဟာ ရွေး ကောက်ခံအစိုးရတွေကိုဆန့်ကျင်လာကြပါတယ်။

အနောက်အာဖရိကမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းပွဲတွေဟာ မနီးယိုးစွဲ ခပ်ဆင်ဆင်တွေဖြစ်ပြီး တည်ဆဲအစိုးရတွေအနေနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ အာဏာသိမ်းခေါင်းဆောင်တွေကာ အာဏာသိမ်းခဲ့တာက အများစုဖြစ်ပါတယ်။

ဒီလိုစစ်အစိုးရတွေက ဒီမိုကရေစီအသီးအပွင့်တွေ ကို ချွေဖျက်ခြိမ်းခြောက်နေကြတာတွေကို ဆာဟဲလ်ဒေသ တင်မကဘူး။ အနောက်အာဖရိကဒေသတစ်ခုလုံးအနှံ့ တွေ့နိုင်ပါတယ်လို့ အာဖရိကရေးရာကျွမ်းကျင်သူတွေကဆို ပါတယ်။

စစ်အာဏာသိမ်းပွဲတွေကြောင့် နိုင်ငံရေးမ တည်ငြိမ်မှု ပြဿနာပိုဆိုးလာသလို မြေပြင်မှာလည်း အခြေ အနေတွေပိုကြမ်းတမ်းလာပြီး ပိုပြီးလည်းခန့်မှန်းရခက်လာ ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီအာဏာ သိမ်းပွဲတွေရဲ့ အကျိုးဆက်အဖြစ် ဒေသတွင်းတည်ငြိမ်မှု လည်း ထိခိုက်ပျက်စီးလာပါတယ်လို့ အာဖရိကရေးရာ ကျွမ်းကျင်သူတွေကထောက်ပြထားကြပါတယ်။

ဆာဟဲလ်ဒေသမှာ ဆီနီဂေါ၊ ဂမ်ဘီယာ၊ မော်ရစ် တေးနီးယား၊ ဂီနီယာ၊ မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ၊ ချက်ဒ်၊ ကင်မရွန်းနဲ့နိုင်ဂျီးရီးယားနိုင်ငံတို့ပါဝင်ပါတယ်။

အဲဒီဆာဟဲလ်ဒေသနိုင်ငံ ၁၀ နိုင်ငံအနက် နိုင်ဂျာ အပါအဝင် နိုင်ငံပေါင်းငါးနိုင်ငံဟာ စစ်အစိုးရတွေဦး ဆောင်တဲ့နိုင်ငံတွေဖြစ်ကြပါတယ်။ အဲဒီနိုင်ငံတွေကတော့

(၁)မာလီ

ဆာဟဲလ်ဒေသရဲ့ လက်ရှိအာဏာသိမ်းပွဲတွေဟာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ မာလီအာဏာ သိမ်းပွဲနဲ့စခဲ့တာပါ။ မာလီအာဏာသိမ်းပွဲမှာ ရွေးကောက်ခံ သမ္မတအီဘရာဟင်ဘိုကာကာကိုင်တာဖြုတ်ချခံခဲ့ရပါ တယ်။

(၂)ဘာကီနာဖာဆို

ဘာကီနာဖာဆိုအာဏာသိမ်းပွဲဟာ ၂၀၂၃ ခုနှစ် အတွင်း ဆာဟဲလ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယမြောက် အာဏာသိမ်းပွဲပါ။ ဒီအာဏာသိမ်းပွဲမှာလည်း ရွေးကောက်ခံသမ္မတ ဂျော့ချ်မာ့ကာဘိုရီ ဖြုတ်ချခံခဲ့ရပါတယ်။

(၃)ဆူဒန်

ဆာဟဲလ်ဒေသရဲ့ တတိယမြောက်အာဏာသိမ်းပွဲ က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ဆူဒန်အာ ဏာသိမ်းပွဲပါ။ ဒီအာဏာသိမ်းပွဲမှာ ဝန်ကြီးချုပ်အက်ဘ်ဒယ် လာဟမ်းဒေါ့စ်ဦးဆောင်တဲ့ အပွင့်ပြောင်းလဲရေးအစိုးရ ဖြုတ်ချခံခဲ့ရပါတယ်။

(၄)ချဒ်

ဆာဟဲလ်ဒေသရဲ့ စတုတ္ထမြောက်အာဏာသိမ်းပွဲ ဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာဖြစ်ခဲ့တဲ့ ချဒ်အာဏာသိမ်းပွဲပါ။ ဒီအာဏာသိမ်းပွဲဟာ သူပုန်တွေနဲ့တိုက်ပွဲဖြစ်တုန်း သမ္မတ အိုက်ဒရစ်ဒီဘီသေဆုံးခဲ့ချိန်မှာဖြစ်ခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဆန့်ကျင်ပြီး သမ္မတအိုက်ဒရစ်ဒီဘီရဲ့သား ဗိုလ်ချုပ်ကြီး မဟာမက်အိုက်ဒရစ်ဒီဘီကအာဏာသိမ်းခဲ့ တာပါ။

လတ်တလောအာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာမှာတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သမ္မတဘာဇိုအပ်ကို ရာထူးအာဏာပြန်လည်အပ်နှင်းဖို့ အနောက်အာဖရိက ဒေသတွင်း Ecowas အဖွဲ့ခေါင်းဆောင်တွေက တိုက်တွန်းထားပြီး စစ်ရေးအရ ကြားဝင်စွက်ဖက်မှုပြုမယ်လို့ ရာဇသံပေးထားပါတယ်။

ဒါပေမယ့် နိုင်ဂျာစစ်ခေါင်းဆောင်တွေကတော့ တိုင်းပြည်ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေကို သတိပေးထားသလို ဒီလိုစစ်ရေးအရအရေးယူမယ်ဆိုရင် နိုင်ဂျာဘက်က ကာကွယ်ပေးသွားမယ်လို့ အာဏာသိမ်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘာကီနာဖာဆိုနဲ့ မာလီတို့က ထုတ်ဖော်ပြောဆိုထားတာကြောင့် ဆာဟဲလ်ဒေသတွင်း ပဋိပက္ခနဲ့ တင်းမာမှုတွေက ကြီးထွားလာဖွယ်ရှိနေပါတော့တယ်။

Ref:AP
#Voice of Myanmar#ဆာဟဲလ်#အာဏာသိမ်း#VOM

Related posts

Leave a Comment

VOM News

FREE
VIEW