မြောက်ကိုရီးယားနိုင်ငံထဲ ခွင့်ပြုချက်မဲ့ဝင်ခဲ့တဲ့ အမေရိကန်စစ်သားလွတ်မြောက်ရေး ကြိုးပမ်းနေ

ဝါရှင်တန်၊ သြဂုတ်-၃-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားနိုင်ငံထဲကို ခွင့်ပြုချက်မဲ့ ဖြတ်ကျော်ဝင်ရောက်သွားတဲ့ အမေရိကန်စစ်သား ထရာဗစ်ကင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တောင်းဆိုမှုကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အကြောင်းပြန်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် အမေရိကန်စစ်သား ထရာဗစ်ကင်းဟာ ခရီးသွားအစီအစဉ်တခုနဲ့အတူ တောင်ကိုရီးယားနယ်စပ်ကနေ မြောက်ကိုရီးယားဘက်ခြမ်းကို ဇူလိုင် ၁၈ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

သူ့ကို အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်ဖို့ အားထုတ်ကြိုးပမ်းမှုတွေကို အနှောက်အယှက်မဖြစ်စေရေးအတွက် နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ကုလသမဂ္ဂက ထုတ်ပြန်ခြင်းမရှိပါဘူး။
ဒါပေမယ့် ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

နှစ်နိုင်ငံကြားရှိ စစ်မဲ့ဇုန်ကို ထိန်းကွပ်ပေးတဲ့ ကုလသမဂ္ဂကွပ်ကဲရေးအဖွဲ့ဟာ ပူးတွဲလုံခြုံရေးနယ်မြေရှိ မြောက်ကိုရီးယားစစ်တပ်ထံ တိုက်ရိုက်ဖုန်းလိုင်ကနေ ထရာဗစ်ကင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တောင်းခံခဲ့တာဖြစ်ပါတယ်။

ထရာဗစ်ကင်းဟာ မြောက်ကိုရီးယားနယ်စပ်ကို မဖြတ်မီ တောင်ကိုရီးယားမှာ ထောင်နှစ်လကျခံခဲ့ရပြီး ဇူလိုင် ၁၀ ရက်က လွတ်မြောက်ခဲ့ပါတယ်။ သူ့ကို အမေရိကန်ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် လေဆိပ်ကနေ ထွက်ပြေးပြီး နှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်ခရီးစဉ်မှာ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

Ref:BBC
#Voiceogmyanmar#အမေရိကန်စစ်သား#ပြန်လည်လွတ်မြောက်ရေး#Travis King

Related posts

Leave a Comment

VOM News

FREE
VIEW