(၁၈)နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ကနေဒါဝန်ကြီးချုပ် ထရူးဒေါနဲ့ ဇနီးဖြစ်သူတို့ ကွာရှင်းပြတ်စဲကြလေပြီ

တိုရွန်တို၊ သြဂုတ်-၃-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒေါနဲ့ ဇနီး ဆိုဖီတို့ဟာ ၁၈ နှစ်ကြာ ပေါင်းဖက်ခဲ့ကြပြီးနောက် ကွာရှင်းပြတ်စဲလမ်းခွဲလိုက်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ဇနီးသည်တို့ဟာ လမ်းခွဲလိုက်ကြပေမယ့် လေးနက်တဲ့ ချစ်ခြင်းမေတ္တာ၊ လေးစားမှုရိပြီး ရင်းနှီးတဲ့ မိသားစုအဖြစ် ဆက်လက်ရှိနေမှာဖြစ်ကြောင်း လူမှုကွန်ရက်မှာ သူတို့နှစ်ဦးက ရေးသားထားကြပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီးနောက် သားသမီးသုံးဦးထွန်းကားခဲ့ပါတယ်။ လမ်းခွဲတဲ့ သဘောတူညီချက်ကို နှစ်ဦးအကြားလက်မှတ်ထိုးထားပေမယ့် လူမြင်ကွင်းမှာ အတူအကွ ထွက်ပေါ်လာဦးမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးကထုတ်ပြနပါတယ်။

လမ်းခွဲဖို့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားဥပဒေနဲ့ ကျင့်ဝတ်ဆိုင်ရာ လုပ်ဆောင်ရမှာတွေအားလုံး လုပ်ဆောင်ခဲ့ပြီး ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့ဟာ တဦးနဲ့တဦး ချစ်ခြင်းမေတ္တာ၊ လေးစားမှုတွေနဲ့ ရင်းနှီးတဲ့မိသားစုအဖြစ် ဆက်ဆံရေး ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း အသက် ၅၁ နှစ်အရွယ် ဝန်ကြီးချုပ်ထရူးဒေါနဲ့ ၄၈ နှစ်အရွယ် ဆိုဖီတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AP
#Voiceofmyanmar#VOM#ကနေဒါဝန်ကြီးချုပ် #ဇနီးဖြစ်သူတို့ ကွာရှင်းပြတ်စဲ#ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW