Online ကနေ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်မယ့်အပေါ် ကုမ္မဏီနဲ့ဘဏ်တွေကို ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်

ဩဂုတ် ၃ – ၂၀၂၃
GG (VOM)

ဗဟိုဘဏ်ရဲ့Online Tradingကနေ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ခွင့်ရှိတဲ့ ကုမ္ပဏီတွေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဗဟိုဘဏ်က မနေ့ ဩဂုတ် ၂ ရက်နေ့မှာ လုပ်ငန်းရှင်တွေကို ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိရင် AD လိုင်စင်ရဘဏ်တွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်သလို Online Trading ငွေလဲလှယ်နှုန်းနဲ့ ရောင်းဝယ်ခြင်းမရှိတဲ့ လုပ်ငန်းရှင်ကိုလည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကုမ္ပဏီတစ်ခုအနေနဲ့ transaction တစ်ကြောင်းအတွက် ဝယ်ယူလိုတဲ့ပမာဏများရင်တော့ သင့်လျှော်တဲ့ပမာဏကိုပဲ ဗဟိုဘဏ်က ဝယ်ယူခွင့်ပြုမှာဖြစ်တယ်။နောက်ပြီး နေ့တိုင်းဝယ်ချင်နေလည်းမရပါဘူး ၊ရောင်းချနိုင်တဲ့ ပမာဏအပေါ်သာမူတည်ပြီးသာ ဗဟိုဘဏ်ဘက်က ဝယ်ယူခွင့်ပြုမယ်လို့ ညွှန်ကြားထားတာပေါ့ ၊ ဘဏ်ရော ၊လုပ်ငန်းရှင်ရော သတ်မှတ်ချက်ကိုမလိုက်နာရင် လိုင်စင်ပိတ်မယ်လို့ သိရတယ်”လို့ လုပ်ငန်းရှင် တစ်ဦးကပြောပြပါတယ်။

ဗဟိုဘဏ်ရဲ့Online Trading ကနေ နိုင်ငံခြားငွေအရောင်းအဝယ်ကို အရေးကြီးကုန်စည်တွေ နဲ့ Payment Due Date ပြည့်ပြီး transaction တွေ ကိုသာ ဝယ်ယူခွင့်ပြုမှာဖြစ်သလို ကုမ္ပဏီတစ်ခုက ဘဏ်တစ်ဘဏ်ထက်ပိုပြီး ဝယ်ယူလိုရင် Import License နဲ့ ID မတူတဲ့ Payment Due ပြည့်ပြီးဖြစ်တဲ့ transaction ကို တင်ပြထားတဲ့ ဘဏ်မှာ ဝယ်ယူခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။

နိုင်ငံခြားငွေ ဝယ်ယူဖို့ တင်ပြလာတဲ့ ကုမ္ပဏီ တွေအနေနဲ့ သွင်းကုန်အတွက် Advanced Payment TT နဲ့ ငွေပေးချေလိုပါက မဖြစ်မနေပေးချေဖို့ လိုအပ်မှုရှိ/မရှိ စိစစ်ခြင်းနဲ့ Case by Case တင်ပြခွင့်ပြုချက်ရယူဖို့ လိုအပ်ခြင်း၊ ID က License ရပြီး (၃) လအတွင်းဖြစ်/မဖြစ်နဲ့ (၃) လထက်ပိုပါက License သက်တမ်း တိုးထားခြင်းရှိ/မရှိ စိစစ်ခြင်း၊ Non-License ကုန်စည်တွေရဲ့ transaction အတွက်နိုင်ငံခြားငွေ ဝယ်ယူလိုပါက စီး/ကူးဝန်ကြီးဌာနမှ သတ်မှတ်ထားတဲ့ HS Code နဲ့ စိစစ်ခြင်းတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ် ။

ချေးငွေအတိုး ပြန်လည်ပေးဆပ်ဖို့အတွက်ဖြစ်ပါကလည်း ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ Repayment Schedule နဲ့ စိစစ်မှာဖြစ်လို့ AD လိုင်စင်ရဘဏ်တွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့ သက်ဆိုင်တဲ့ အထောက်အထားကို တောင်းခံစိစစ်ပြီးမှ Online Trading Platform ကို တင်ပြကာ Online Trading ငွေလဲလှယ်နှုန်းနဲ့ ရောင်းဝယ်ရမယ်လို့သိရပါတယ်။

အလားတူ အွန်လိုင်းရောင်းဝယ်မှု ပြုလုပ်ခွင့်မရှိတဲ့ ကုမ္မတွေကတော့ Import License ခွင့်ပြုရက်စွဲ၊ ID ရက်စွဲထက်နောက်ကျနေခြင်း၊ လိုင်စင်ကုန်စည်ဖြစ်စေ ၊ Non License ကုန်စည်ဖြစ်စေ ID သက်တမ်း 6 လထက်ကျော်နေခြင်း၊ တူညီတဲ့ Import License နဲ့ ID ကို ထပ်မံတင်ပြခြင်း ၊Import License ဟာ ၂၀၂၂ ခုနှစ်အတွင်း ခွင့်ပြုချက်ရထားခြင်း (သို့) သက်တမ်းတိုးထားတဲ့ကုမ္ပဏီတွေဖြစ်တယ်လို့ ဗဟိုဘဏ်ဘက်ကသိရပါတယ်။

ဒါ့အပြင် သီလဝါအထူးစီးပွားရေးဇုန်က ကင်းလွတ်ဇုန် (Free Zone)မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေလည်း မပါဝင်ဘူးလို့ သိရပါတယ်။

ဗဟိုဘဏ်က Online Trading အစီအစဉ်နဲ့ နိုင်ငံခြားငွေရောင်းဝယ်ခြင်းကိုတော့၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကစပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

မနေ့ ဩဂုတ်၂ ရက်က ဗဟိုဘဏ်အွန်လိုင်း နိုင်ငံခြားငွေရောင်းဝယ်ရေးစနစ်မှာ customer တွေကို ငွေလဲနူန်း ၂၄၉၇.၉ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်ရောင်းခဲ့ပြီး ဘဏ်အချင်းချင်းရောင်းဝယ်မှုက ၆ သန်းကျော်ရှိခဲ့ကာ ၂၁၈၁.၈ နဲ့ ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဗဟိုဘဏ်သတိပေးချက်

Related posts

Leave a Comment

VOM News

FREE
VIEW