နီယာမေ၊ သြဂုတ်-၇-၂၀၂၃ မျိုးဆက်(VOM) အိမ်နီးချင်းနိုင်ငံတွေကနေ စစ်ရေးအရကြားဝင်မယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်တွေက နိုင်ငံလေပိုင်နက်ကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာမထုတ်ပြန်မချင်း တည်မှာဖြစ်ပြီး လေယာဉ်ပျံသန်းမှုခြေရာခံဝက်ဆိုဒ် Flightradar24 ရဲ့အချက်အလက်တွေမှာလည်း နိုင်ဂျာလေပိုင်နက်မှာ လေယာဉ်ပျံသန်းမှုမရှိကြောင်း ပြသနေပါတယ်။ ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုရမ်ကို သြဂုတ် ၆ ရက် ည ၁၁ နာရီတိတိမှာ ရာထူးအာဏာပြန်မအပ်ရင် စစ်ရေးအရကြားဝင်မယ်လို့ အနောက်အာဖရိက ဒေသတွင်းအဖွဲ့ဖြစ်တဲ့ အီကိုဝပ်စ်က အစောပိုင်းမှာ သတိပေးထားပါတယ်။ နိုင်ဂျာစစ်တပ်ဟာ နိုင်ငံကိုကာကွယ်ဖို့ အဆင်သင့်ရှိနေကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မစ္စတာဘာဇိုရမ်ဟာ ဇူလိုင် ၂၆ က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သမ္မတရဲ့ကိုယ်ရံတော်တပ်မှူး ဗိုလ်ချုပ်ကြီး Abdourahmane Tchiani က သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင်အဖြစ် ကြေညာခဲ့ပါတယ်။ နိုင်ဂျာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နိုင်ဂျာကိုယခင်က ကိုလိုနီပြုခဲ့တဲ့ပြင်သစ်အပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက…
Read MoreDay: August 7, 2023
ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်
ဖနွမ်းပင်၊ သြဂုတ်-၇-၂၀၂၃ မျိုးဆက်(VOM) အာရှရဲ့ သက်တမ်းအရှည်ဆုံး အာဏာရှင်ဆန်တဲ့ခေါင်းဆောင်လို့ သမုတ်ခံထားရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင်က တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟွန်ဆန်ရဲ့နေရာကို ဆက်ခံမည့်သူအဖြစ် ဟွန်ဆန်ကသားဖြစ်သူဟွန်မာနက်အား ဝန်ကြီးချုပ်သစ်အဖြစ်အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရက်ပိုင်းအကြာမှာတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့သားအကြီးဆုံးကို အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဟွန်ဆန်ရဲ့တောင်းဆိုချက်အရ ခုနှစ်ကြိမ်မြောက်ပါလီမန်သက်တမ်းအတွက် ဒေါက်တာဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒမ်ဆီဟာမိုနီက သြဂုတ် ၇ ရက်မှာ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်အနေနဲ့ ဝန်ကြီးချုပ် တရားဝင်ဖြစ်လာဖို့နံ့ သူ့အစိုးရသစ်အတွက် သြဂုတ် ၂၂ ရက်တွင်ကျင်းပမယ့် ပါလီမန်ရဲ့ အတည်ပြုချက်လိုအပ်နေသေးပါတယ်။ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အောက်လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် ငါးနေရာမှလွဲပြီး အနိုင်ရရှိခဲ့ကာ အတိုက်အခံအလင်းတိုင်ပါတီကို…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၇ ရက်)
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၇ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၂၀ ကျပ် ဝယ်ဈေး – ၂၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၀၅ ကျပ် ဝယ်ဈေး – ၉၅.၂၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး –…
Read More၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးရန် ကြိုးစားသည့် စွဲချက် ၄ ခုနှင့် ဒေါ်နယ်ထရမ့် ရင်ဆိုင်ရ
ဝါရှင်တန်၊ သြဂုတ်-၈-၂၀၂၃ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်များအပေါ် လွှမ်းမိုး၍ အာဏာဆက်ရှိစေဖို့ အပူတပြင်း ကြိုးပမ်းခဲ့မှုစွပ်စွဲချက်များဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန် ဖက်ဒရယ်အစိုးရရှေ့နေများက တရားစွဲလိုက်ကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြထားသည်။ သမ္မတဟောင်းထရမ့်အပေါ် နိုင်ငံ့ကာကွယ်ရေးအချက်အလက် သိမ်းဆည်းမှုဖြင့် တရားစွဲခဲ့ပြီး ရက်သတ္တပတ်အတန်ကြာမှာပဲ ရွေးကောက်ပွဲကိစ္စဖြင့် ယခု ထပ်မံစွဲဆိုလိုက်ခြင်းလည်းဖြစ်သည်။ ဝါရှင်တန်ရှိ ဖက်ဒရယ်ခရိုင်တရားရုံးမှာ စွဲဆိုထားသည့် အဆိုပါစွဲချက်များထဲမှာ ထရမ့်အနေနဲ့ အမေရိကန်ပြည်ထောင်စုအပေါ် လိမ်လည်လှည့်ဖြားဖို့ ပူးပေါင်းကြံစည်မှုစွဲချက်လည်း အပါအဝင်ဖြစ်သည်။ ထို့ပြင် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းအပေါ် ဟန့်တားရန် ပူးပေါင်းကြံစည်မှု၊ တားဆီးနှောင့်ယှက်မှုနှင့် တရားစီရင်ရေး အဟန့်အတားဖြစ်စေဖို့ အခွင့်အရေးများ ဆန့်ကျင်မှုတို့လည်း အကျုံးဝင်ကြောင်း သိရသည်။ အထူးအကြံပေးပုဂ္ဂိုလ် ဂျက်စမစ် ယူဆောင်လာသော စာမျက်နှာ ၄၅ မျက်နှာကျော်ပါ စွဲချက်များထဲတွင် ထရမ့်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် ရွေးကောက်ပွဲ လိမ်လည်မှု စွပ်စွဲချက်များကို သိလျက်နှင့် တမင် သတင်းဖြန့်ပုံဖြန့်နည်း အသေးစိတ်…
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၇ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၇ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၂၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပါကစ္စတန် မီးရထားမတော်တဆမှု လူ (၃၀) ထက်မနည်းသေဆုံးပြီး (၁၀၀) ကျော်ဒဏ်ရာရ
အစ္စလာမ္မာဘတ်၊ သြဂုတ်-၇-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုအတွင်း လူ ၃၀ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချိကနေ ၁၇၁ မိုင်အကွာ နဝပ်ရှာရှိ ဆာဟာရဘူတာမှာ ရထားမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများကြားမှာ ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ခဲ့ရပါတယ်။ ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေကို ပို့ထားပြီး သြဂုတ် ၆ ရက်ညနေပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးခဲ့ကာ အနည်းဆုံး ရထားတွဲရှစ်တွဲ လမ်းချော်သွားခဲ့ကြောင်း မီရထားတာဝန်ရှိသူတဦးကပြောပါတယ်။ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ရထားလမ်းစနစ်တွေ ခေတ်နောက်ကျတဲ့ ပါကစ္စတန်တွင် မီးရထားမတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ်က ဆင့်ဒ်ပြည်နယ်မှာ ရထားနှစ်စင်းတိုက်မှုမှုကြောင့် လူ ၄၀ သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ၂၀၁၉ ခုနှစ်အတွင်း မီးရထားမတော်တဆမှုကြောင့် လူ…
Read Moreတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေလဲနှုန်း၊ စက်သုံးဆီဈေးကွက် (ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၇ ရက်အထိ)
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေလဲနှုန်း၊ စက်သုံးဆီဈေးကွက် (ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၇ ရက်အထိ) ဩဂုတ် ၇ – ၂၀၂၃ SN (VOM) #ရွှေဈေးနှုန်း ပြည်တွင်းမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြင်ပရွှေဈေးနှုန်းတွေ အနေနဲ့ ဇူလိုင် ၃၁ ရက်မှာ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၃၅၃၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၃၅၁၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၃၅၂၇၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၂၅၀၀၀ ကျပ်၊ ၅…
Read MoreThis Day in History: August:7
This Day in History: August:7 Voice of Myanmar ကမ္ဘာမြေ၏ ပထမဆုံးသော ဂြိုဟ်တုဓါတ်ပုံများကို ရယူရန်အတွက် လူလိုက်ပါခြင်းမရှိသည့် Explorer 6 အာကသယာဉ်ကို ၁၉၅၉ ခုနှစ် သြဂုတ် ၇ ရက်တွင် လွှတ်တင်ခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ကမ္ဘာမြေ၏ ဓါတ်ပုံများ ရယူနိုင်ခဲ့သည်။ #Voiceofmyanmar#VOM#ThisdayinHistory#သမိုင်းထဲကဒီနေ့
Read Moreဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းလာတာကြောင့် ကန်ထရိုက်အချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေ
ဩဂုတ် ၇ – ၂၀၂၃ SN (VOM) ငွေကြေး မတည်ငြိမ်တာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်း လည်ပတ်မှုတွေ ကျဆင်းလာတဲ့အတွက် ကန်ထရိုက်လုပ်ငန်းရှင်တချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ အိမ်ရှင်တွေနဲ့ အခန်းကြိုပွိုင့်၀ယ်ယူထားသူတွေက ပြောပါတယ်။ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်မှာလည်း အထိနာခဲ့သလို နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာလည်း အများစုက နာလန်မထူနိုင်သေးဘဲ အခက်အခဲများစွာ ရှိနေပြီး တချို့ လုပ်ငန်းတွေကတော့ ရပ်ဆိုင်းတာ၊ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ “အခုက ဈေးတွေတက်လို့တဲ့ ဆောက်လက်စ ကန်ထရိုက်တွေ အကုန်လုံးလိုလိုရပ်ကုန်တယ်။ ကျွန်တော့တိုက်တောင် ဒီတိုင်းကြီး ရပ်ထားရတယ်။ ကန်ထရိုက်က လာလည်းမလာတော့ဘူး၊ ဆက်မဆောက်တော့ဘူး။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ ဘယ်လိုက်လို့ လိုက်ရမှန်းလည်း မသိသေးဘူး”လို့ မြောက်ဒဂုံမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဈေးနှုန်းတွေ…
Read More