တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေလဲနှုန်း၊ စက်သုံးဆီဈေးကွက် (ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၇ ရက်အထိ)

တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေလဲနှုန်း၊ စက်သုံးဆီဈေးကွက်
(ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၇ ရက်အထိ)

ဩဂုတ် ၇ – ၂၀၂၃
SN (VOM)

#ရွှေဈေးနှုန်း
ပြည်တွင်းမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြင်ပရွှေဈေးနှုန်းတွေ အနေနဲ့ ဇူလိုင် ၃၁ ရက်မှာ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေး ၃၅၇၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၃၅၃၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၃၅၁၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၃၅၂၇၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၂၅၀၀၀ ကျပ်၊ ၅ ရက်မှာ ရောင်းဈေး ၃၅၆၅၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ်၊ ၇ ရက်မှာ ရောင်းဈေး ၃၅၆၅၀၀၀ ကျပ်၊ ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဒါ့အပြင် ၁၅ ပဲရည် တစ်ကျပ်သား ဈေးနှုန်းတွေကတော့ ဇူလိုင် ၃၁ ရက်မှာ ရောင်းဈေး ၃၃၄၀၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၃၃၀၀၀၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၃၃၅၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ်၊ ၃ ရက်နဲ့ ၄ ရက်မှာ ရောင်းဈေး ၃၃၄၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၃၃၀၀၀၀ ကျပ်၊ ၅ ရက်မှာ ရောင်းဈေး ၃၃၃၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၃၂၀၀၀၀ ကျပ်၊ ၇ ရက်မှာ ရောင်းဈေး ၃၃၃၀၀၀၀ ကျပ်၊ ဝယ်ဈေး ၃၃၂၀၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ ဇူလိုင် ၃၁ ရက်မှာ ၁၉၅၅ ဒေါ်လာ၊ ၂ ရက်မှာ ၁၉၄၈ ဒေါ်လာ၊ ၃ ရက်မှာ ၁၉၃၇ ဒေါ်လာ၊ ၄ ရက်မှာ ၁၉၃၂ ဒေါ်လာ၊ ၅ ရက်မှာ ၁၉၄၂ ဒေါ်လာ၊ ၇ ရက်မှာ ၁၉၄၁ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း‌ရွှေဈေးနှုန်းဟာ ဇူလိုင် ၃၁ ရက်မှာ ရောင်းဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သား ၃၅၇၀၀၀၀ ဖြစ်ပေါ်ခဲ့ကာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဇူလိုင် ၂၉ ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးဈေးနှုန်း ၃၆၃၀၀၀၀ နဲ့ နှိုင်းယှဉ်ရင်တော့ ၆၀၀၀၀ ကျပ် ပြန်လည် ကျဆင်းလာတာဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်အတွင်း ရွှေဈေးနှုန်း နေ့စဉ်အဖွင့်ရှိနေပေမယ့် ဈေးကွက်အနေအထားကတော့ မှောင်ခိုဈေးကွက်ဖြစ်နေပြီး ရွှေရောင်းချမှုမှာလည်း အကန့်အသတ် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#ငွေလဲနှုန်း
ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွေကတော့ ဇူလိုင် ၃၁ ရက်မှာ တစ်ဒေါ်လာ ရောင်းဈေး ၃၄၃၀ ကျပ်၊ ဝယ်ဈေး ၃၃၈၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ တစ်ဒေါ်လာ ရောင်းဈေး ၃၃၈၀ ကျပ်၊ ဝယ်ဈေး ၃၃၃၀ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၃၃၇၀ ကျပ်၊ ဝယ်ဈေး ၃၃၅၀ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၃၃၆၀ ကျပ်၊ ဝယ်ဈေး ၃၃၁၀ ကျပ်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၃၄၀၀ ကျပ်၊ ဝယ်ဈေး ၃၃၅၀ ကျပ် ရှိခဲ့တယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

စင်္ကာပူဒေါ်လာ ငွေလဲနှုန်းကတော့ ဇူလိုင် ၃၁ ရက်မှာ တစ်ဒေါ်လာ ရောင်းဈေး ၂၄၇၀ ကျပ်၊ ဝယ်ဈေး ၂၄၁၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၂၅၃၀ ကျပ်၊ ဝယ်ဈေး ၂၄၅၀ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၂၅၁၀ ကျပ်၊ ဝယ်ဈေး ၂၄၄၀ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၂၄၉၅ ကျပ်၊ ဝယ်ဈေး ၂၄၄၅ ကျပ်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၂၅၂၀ ကျပ်၊ ဝယ်ဈေး ၂၄၅၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

ယူရိုငွေလဲနှုန်းကတော့ ဇူလိုင် ၃၁ ရက်မှာ တစ်ယူရို ရောင်းဈေး ၃၆၅၀ ကျပ်၊ ဝယ်ဈေး ၃၅၅၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၃၇၁၀ ကျပ်၊ ဝယ်ဈေး ၃၅၈၀ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၃၇၇၀ ကျပ်၊ ဝယ်ဈေး ၃၆၆၀ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၃၆၅၀ ကျပ်၊ ဝယ်ဈေး ၃၅၀၀ ကျပ်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၃၇၀၀ ကျပ်၊ ဝယ်ဈေး ၃၄၀၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းဘတ်ငွေလဲနှုန်းကတော့ ဇူလိုင် ၃၁ ရက်မှာ ရောင်းဈေး ၉၉ ကျပ်၊ ဝယ်ဈေး ၉၇ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၉၉.၀၇ ကျပ်၊ ဝယ်ဈေး ၉၆.၁ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၉၈.၀၄ ကျပ်၊ ဝယ်ဈေး ၉၅.၂၄ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၉၈ ကျပ်၊ ဝယ်ဈေး ၉၆ ကျပ်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၉၈.၀၅ ကျပ်၊ ဝယ်ဈေး ၉၅.၂၅ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

မလေးရှားရင်းဂစ်ကတော့ ဇူလိုင် ၃၁ ရက်မှာ တစ်ရင်းဂစ်ကို ရောင်းဈေး ၇၄၀ ကျပ်၊ ဝယ်ဈေး ၇၁၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၇၅၂ ကျပ်၊ ဝယ်ဈေး ၇၂၂ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၇၆၄ ကျပ်၊ ဝယ်ဈေး ၇၅၄ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၇၃၀ ကျပ်၊ ဝယ်ဈေး ၇၀၀ ကျပ်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၇၅၀ ကျပ်၊ ဝယ်ဈေး ၇၀၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်ယွမ်ဈေးကတော့ ဇူလိုင် ၃၁ ရက်မှာ တစ်ယွမ် ရောင်းဈေး ၄၇၀ ကျပ်၊ ဝယ်ဈေး ၄၅၀ ကျပ်၊ ဩဂုတ် ၂ ရက်မှာ တစ်ယွမ် ရောင်းဈေး ၄၇၄ ကျပ်၊ ဝယ်ဈေး ၄၆၀ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၄၆၇ ကျပ်၊ ဝယ်ဈေး ၄၅၄ ကျပ်၊ ၄ ရက်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၄၇၅ ကျပ်၊ ဝယ်ဈေး ၄၅၅ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

ဂျပန်ယမ်းကတော့ ဇူလိုင် ၃၁ ရက်မှာ ရောင်းဈေး ၂၃.၅ ကျပ်၊ ဝယ်ဈေး ၂၂.၅ ကျပ်၊ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၂၃.၈ ကျပ်၊ ဝယ်ဈေး ၂၂.၈၅ ကျပ်၊ ၃ ရက်မှာ ရောင်းဈေး ၂၃.၆၂ ကျပ်၊ ဝယ်ဈေး ၂၂.၉၅ ကျပ်၊ ၄ ရက်မှာ ရောင်းဈေး ၂၃.၅ ကျပ်၊ ဝယ်ဈေး ၂၂.၅ ကျပ်၊ ၅ ရက်နဲ့ ၇ ရက်မှာ ရောင်းဈေး ၂၄ ကျပ်၊ ဝယ်ဈေး ၂၂.၂ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာ ပြင်ပငွေလဲနှုန်းဟာ တစ်ပတ်အတွင်း ဇူလိုင် ၃၁ ရက်မှာ ဈေးအမြင့်ဆုံး ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး တစ်ဒေါ်လာ ရောင်းဈေး ၃၄၃၀ ကျပ် ရှိခဲ့သလို ထိုင်းဘတ်ကတော့ ဩဂုတ် ၂ ရက်မှာ ရောင်းဈေး ၉၉.၀၇ ကျပ်၊ တရုတ်ယွမ်ဈေးကတော့ ဩဂုတ် ၄ ရက်နဲ့ ၅ ရက်မှာ ရောင်းဈေး ၄၇၅ ကျပ်နဲ့ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းဟာ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်မထွက်မီ ဇူလိုင် ၂၂ ရက်က အမေရိကန်တစ်ဒေါ်လာ ၃၁၂၀ ကျပ် ဝန်းကျင်ရှိရာမှ နစက က ငွေစက္ကူသစ်ထုတ်မယ့်အကြောင်း ဇူလိုင် ၂၃ ရက်မှာ အသိပေးကြေညာပြီး နောက်တစ်ရက် ဇူလိုင် ၂၄ ရက်မှာ တစ်ဒေါ်လာ ၃၃၇၀ ကျပ် ဝန်းကျင်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းဘတ်ဈေးနှုန်းတွေဟာလည်း ဇူလိုင် ၂၂ ရက်မှာ ထိုင်းတစ်ဘတ်ကို ၉၀.၂၅ ကျပ်ရှိရာမှ ဇူလိုင် ၂၄ ရက်မှာ ၉၉ ကျပ်ကို ရောက်ရှိလာခဲ့သလို တရုတ်ယွမ်ဈေးနှုန်းဟာလည်း ဇူလိုင် ၂၂ ရက်မှာ ၄၃၆ ကျပ် ရှိနေပေမယ့် ဇူလိုင် ၂၄ ရက်မှာ ၄၇၅ ကျပ်အထိ တိုးမြှင့် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

#စက်သုံးဆီဈေးနှုန်း
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေကတော့ ဇူလိုင် ၃၁ ရက်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၆၅ ကျပ်၊ 95 တစ်လီတာ ၂၃၇၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၃၄၅ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၄၂၀ ကျပ် ဖြစ်ပြီး ဩဂုတ် ၁ ရက်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၇၅ ကျပ်၊ 95 တစ်လီတာ ၂၃၈၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၃၉၀ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၄၇၀ ကျပ်ဈေး ဖြစ်ပေါ်ခဲ့တယ်လို့ စက်သုံးဆီ အရောင်းဆိုင်တွေဆီက သိရပါတယ်။

ဩဂုတ် ၂ ရက်မှာတော့ အောက်တိန်း 92 တစ်လီတာ ၂၂၉၀ ကျပ်၊ 95 တစ်လီတာ ၂၄၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၄၀ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်ပြီး ၃ ရက်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၄၅ ကျပ်၊ 95 တစ်လီတာ ၂၃၅၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၇၅ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၅၅၀ ကျပ်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၄ ရက်မှာတော့ အောက်တိန်း 92 တစ်လီတာ ၂၂၆၀ ကျပ်၊ 95 တစ်လီတာ ၂၂၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၅၁၀ ကျပ်ဖြစ်ပြီး ၅ ရက်နဲ့ ၆ ရက်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၁၀ ကျပ်၊ 95 တစ်လီတာ ၂၃၂၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၅၅၅ ကျပ်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။

ဩဂုတ် ၇ ရက်မှာ အောက်တိန်း 92 တစ်လီတာ ၂၂၁၀ ကျပ်၊ 95 တစ်လီတာ ၂၃၂၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ်၊ ပရီမီယမ် တစ်လီတာ ၂၅၅၅ ကျပ်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်အထိ အောက်တိန်း 92 တစ်လီတာ ၁၉၇၅ ကျပ်ဝန်းကျင် ရှိခဲ့ရာက ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ ကျပ် ၂၀၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနေ့ ဩဂုတ် ၇ ရက်နေ့ ပေါက်ဈေး ၂၂၁၀ ကျပ်နဲ့ နှိုင်းယှဉ်ပါက တစ်လီတာကို ၂၃၅ ကျပ်ဝန်းကျင် မြင့်တက်လာခြင်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွှေ၊ငွေလဲနှုန်း၊စက်သုံးဆီနဲ့စားသုံးဆီဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW