၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးရန် ကြိုးစားသည့် စွဲချက် ၄ ခုနှင့် ဒေါ်နယ်ထရမ့် ရင်ဆိုင်ရ

ဝါရှင်တန်၊ သြဂုတ်-၈-၂၀၂၃

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်များအပေါ် လွှမ်းမိုး၍ အာဏာဆက်ရှိစေဖို့ အပူတပြင်း ကြိုးပမ်းခဲ့မှုစွပ်စွဲချက်များဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန် ဖက်ဒရယ်အစိုးရရှေ့နေများက တရားစွဲလိုက်ကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြထားသည်။

သမ္မတဟောင်းထရမ့်အပေါ် နိုင်ငံ့ကာကွယ်ရေးအချက်အလက် သိမ်းဆည်းမှုဖြင့် တရားစွဲခဲ့ပြီး ရက်သတ္တပတ်အတန်ကြာမှာပဲ ရွေးကောက်ပွဲကိစ္စဖြင့် ယခု ထပ်မံစွဲဆိုလိုက်ခြင်းလည်းဖြစ်သည်။

ဝါရှင်တန်ရှိ ဖက်ဒရယ်ခရိုင်တရားရုံးမှာ စွဲဆိုထားသည့် အဆိုပါစွဲချက်များထဲမှာ ထရမ့်အနေနဲ့ အမေရိကန်ပြည်ထောင်စုအပေါ် လိမ်လည်လှည့်ဖြားဖို့ ပူးပေါင်းကြံစည်မှုစွဲချက်လည်း အပါအဝင်ဖြစ်သည်။ ထို့ပြင် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းအပေါ် ဟန့်တားရန် ပူးပေါင်းကြံစည်မှု၊ တားဆီးနှောင့်ယှက်မှုနှင့် တရားစီရင်ရေး အဟန့်အတားဖြစ်စေဖို့ အခွင့်အရေးများ ဆန့်ကျင်မှုတို့လည်း အကျုံးဝင်ကြောင်း သိရသည်။

အထူးအကြံပေးပုဂ္ဂိုလ် ဂျက်စမစ် ယူဆောင်လာသော စာမျက်နှာ ၄၅ မျက်နှာကျော်ပါ စွဲချက်များထဲတွင် ထရမ့်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် ရွေးကောက်ပွဲ လိမ်လည်မှု စွပ်စွဲချက်များကို သိလျက်နှင့် တမင် သတင်းဖြန့်ပုံဖြန့်နည်း အသေးစိတ် ရေးသားထားသည်။

အထက်ပါစွဲချက်များသည် ထရမ့်တို့က မသမာသောနည်းလမ်းများဖြင့် ပြည်ထောင်စုကိုယ်စားလှယ်အချို့အား စုစည်းပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ရွေးကောက်ပွဲအောင်ပွဲခံနေသည့် ဘိုင်ဒန်တို့အစုအဖွဲ့ကို နှောင့်ယှက်ခဲ့သည့်ဖြစ်စဉ်ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။
အဆိုပါစွဲချက်ထဲတွင် ထရမ့်ရာထူးကို ဆက်ခံရန် ကြံစည်မှု၌ အဓိကျသည့် ပူးပေါင်းကြံစည်သူ ၆ ဦးဖော်ပြခဲ့သည်။

၎င်းတို့၏အမည်များကို စွဲချက်စာသားထဲမှာ မဖော်ပြထားသော်လည်း ၅ ဦးမှာ ထရမ့်၏ရှေ့နေများဖြစ်ကြသည့် ရူဘီဂွိုင်လီယာနီ၊ ဆစ်ဒနီပါဝဲလ်၊ ဂျွန်အိစမန်း၊ ကန်ချီစီဘရိုအပြင် ယခင်အမေရိကန်တရားရေးဌာနမှ အရာရှိဟောင်း ဂျက်ကလပ်တို့လည်း ပါဝင်ကြောင်း သိရသည်။
ရှုံးနိမ့်ခဲ့ပေမဲ့ တရားခံဟာ အာဏာ ဆက်လက်တည်မြဲအောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဟု စွဲချက်ထဲမှာ ရေးသားထားသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ ကျင်းပပြီးနောက် နှစ်လကျော်ကြာအောင် တရားခံက ဒီရွေးကောက်ပွဲမှာ မဲသမာမှုတွေရှိခဲ့ပြီး အမှန်တကယ် အနိုင်ရသူမှာ သူသာလျှင် ဖြစ်ကြောင်း လိမ်လည်သတင်းဖြန့်ခဲ့ပါတယ်။ အဲဒီပြောကြားချက်တွေဟာ လွဲမှားနေတယ်၊ မမှန်ကန်ဘူးဆိုတာ သူ သိသိကြီးနဲ့ပါ ဟု ယခုစွဲချက်ထဲမှာ ဆက်လက်ရေးသားထားသည်။

ဒါပေမဲ့ တရားခံက အဲဒီအကြောင်းအရာတွေကိုပဲ ထပ်ခါတလဲခဲ ကျယ်ပြန့်သွားအောင် သတင်းဖြန့်ခဲ့ပါတယ်။ သူ့ရဲ့မှားယွင်း စွပ်စွဲချက်တွေ တရားဝင်ဖြစ်အောင်၊ မလိုမုန်းထား ဒေါသတွေ ပြင်းထန်တဲ့ အမျိုးသားရေးအခင်းအကျင်းကို ဖန်တီးပြီးတော့ ရွေးကောက်ပွဲနဲ့ အုပ်ချုပ်ရေးစနစ်အပေါ် လူထုယုံကြည်မှု ပျက်ပြားစေခဲ့ပါတယ် ဟု စွဲချက်ထဲတွင် ထပ်လောင်းရေးသားထားသည်။
https://l.facebook.com/l.php?u=https%3A%2F%2Fwww.theguardian.com%2Fus-news%2F2023%2Faug%2F01%2Fdonald-trump-charged-2020-election%3Ffbclid%3DIwAR0pqrUV6zUzDVRsuGwAXphFFoY04MM0PYyXKse5MVkUylvv9B4AqZhRNzg&h=AT2BgvqX5_5yEmG_cqHg-xTkaVENBCqzAEkTXXYX2ZoFBJqtRpQv__mn_dbfBTvh8rJoHdFXLZIoyUZhkXUCol79W57GumO8j9gR03_a8DE4-Tg-zNE9-2wvWN6bcbg5zdMi4FVgOBBfqdE

#Voiceofmyanmar#VOM#ကန်သမ္မတဟောင်း#ဒေါ်နယ်ထရန့်#စွဲချက်လေးခု

Related posts

Leave a Comment

VOM News

FREE
VIEW