သမ္မတဂျိုးဘိုင်ဒင်ကို ခြိမ်းခြောက်တဲ့အမျိုးသား အက်ဖ်ဘီအိုင်ရဲ့ စီးနှင်းမှုအတွင်း ပစ်သတ်ခံရ

ဝါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့အခြားတာဝန်ရှိသူတွေကို အွန်လိုင်းကနေ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးဟာ အက်ဖ်ဘီအိုင်ရဲ့ စီးနှင်းမှုတခုအတွင်း၌ ပစ်သတ်ခံခဲ့ရပါတယ်။

သမ္မတဂျိုးဘိုင်ဒင် ယူတားပြည်နယ်ကို သွားရောက်ဖို့စီစဉ်ထားတဲ့ နာရီပိုင်းအလမှာ အက်ဖ်ဘီအိုင်အေဂျင့်တွေဟာ ပြည်နယ်တွင်းရှိ ခြိမ်းခြောက်သူဖြစ်တဲ့ ခရက်ရောဘတ်ဆန် ဆိုသူရဲ့ နေအိမ်မှာ သူ့ကို ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

ရာဇဝတ်မှုဆိုင်ရာ တိုင်တန်းချက်တခုမှာတော့ ရာဘတ်ဆန်ဟာ မစ္စတာဘိုင်ဒင်အပြင် ဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ခဲ့တဲ့ အစိုးရရှေ့နေတဦးကိုလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆားလိတ်မြို့ရဲ့တောင်ဘက် မိုင် ၄၀ အကွာရှိ ပရိုဗိုမှာ သြဂုတ် ၉ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်မှာ ခြိမ်းခြောက်ခဲ့သူကို အက်ဖ်ဘီအိုင်က ဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ပြီး ကျန်အသေးစိတ်အချက်အလက်တွေကို အက်ဖ်ဘီအိုင်က ထုတ်ပြန်ခြင်းမရှိပါဘူး။

သမ္မတဂျိုးဘိုင်ဒင်ဟာ ယူတားပြည်နယ်သို့ ပထမဆုံးအကြိမ်အဖြစ် သြဂုတ် ၁၀ ရက်မှာ သွားရောက်မှာဖြစ်ပြီး စစ်မှုထမ်းဟောင်းဆေးရုံကို သွားရောက်ပြီးနောက် ပါ့ခ်မြို့မှာ ရန်ပုံငွေ ရှာဖွေပွဲပြုလုပ်မှာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#voiceofmyanmar#VOM #သမ္မတဂျိုးဘိုင်ဒင် # ခြိမ်းခြောက်တဲ့အမျိုးသား #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW