ဟာဝိုင်အီမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၃၆ ဦးထက်မနည်းသေဆုံး

ဝါရှင်တန်၊ သြဂုတ်-၁၀-၂၀၂၃
မျိုးဆက်(VOM)

ဟာဝိုင်အီကျွန်းရှိ မာယူအီမှာလောင်ကျွမ်းနေတဲ့တောမီးကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုတွေက တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားနေပြီး ရာနဲ့ချီတဲ့ အဆောက်အအုံတွေပျက်စီးမှုတွေ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ထောင်နဲ့ချီတဲ့ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး အရေးပေါ်အခြေအနေကြေညာထားကာ ရှာဖွေကယ်ဆယ်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသရဲ့အခြေအနေဟာ လုံခြုံမှုရှိတဲ့ အခြေအနေမဟုတ်ကြောင်းနဲ့ ထိန်းချုပ်နိုင်ဖို့ အရင်းအမြစ်အားလုံး အသုံးပြုနေကြောင်း ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လေ့ရှိတဲ့ မာယူအီတွင် ယာယီခိုလှုံရေးစခန်း ငါးခုထိ ဖွင့်ထားရပြီး ခရီးသွားဧည့်သည်တွေ မလာဖို့ လတ်တလော တားမြစ်ထားပါတယ်။ မီးငြှိမ်းသတ်ရေးအတွက် မြေပြင်နဲ့ ဝေဟင်က ရဟတ်ယာဉ်တွေနဲ့ပါ ကြိုးစားနေကြပါတယ်။

ကျွန်းပေါ်ရှိ အဓိကခရီးသွားနေရာတစ်ခုဖြစ်တဲ့ လဟိုင်းနားကတော့ တောမီးလောင်ကျွမ်းမှုကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး သေဆုံးသူ ၃၆ ဦးထိရှိလာကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

Ref: BBC
Photo:Reuters

#voiceofmyanmar#VOM#ဟာဝိုင်အီ #တောမီး #၃၆ ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW