မိုးသည်ထန်းစွာရွာပြီး ခန္တီးနဲ့ လဟယ်မြို့နယ်အကြား တောင်ပြိုလို့ ကားလမ်းတွေ ပိတ်ထားရ

သြဂုတ် ၁၅ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လဟယ်မြို့နယ်နဲ့ ခန္တီးမြို့အကြားမှာရှိတဲ့ တောင်ပေါ်ကားလမ်းပိုင်းတွေဟာ မြေပြိုကျတာတွေဖြစ်ပြီး လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် သြဂုတ် ၁၃ ရက်စပြီး ဒီကနေ့အထိ လမ်းတွေပိတ်ထားတယ်လို့ ခန္တီးမြို့ခံတွေဆီက သိရပါတယ်။ ” ခန္တီး – လဟယ် လမ်းပိုင်းက ပုံမှန်ပြေးဆွဲပေးနေတဲ့ကားတွေရှိတယ် ၊ အများစုကတော့ ဆိုင်ကယ်နဲ့ပဲ တက်ကြတာ ၊ အခု လမ်းတွေ ပိတ်ထားတာကြောင့် ကားရော ၊ ဆိုင်ကယ်ပါ သွားလို့ မရဘူး ” လို့ လဟယ်မြို့ခံ တယောက်က ပြောပါတယ်။ လဟယ်လမ်းပိုင်း ပိတ်ဆို့ပြုပြင်နေတာနဲ့ ပတ်သက်လို့ ခန္တီးခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ဒီလ ၁၂ ရက်က မိုးသည်းထန်စွာရွာတယ် ၊ ရွာချိန်လည်း…

Read More

ဂျပန်နိုင်ငံမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ် ၊ လေယာဉ်ခရီးစဉ် (၉၀၀) ကျော်ဖျက်သိမ်းပြီး လူနှစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

တိုကျို ၊ သြဂုတ်-၁၅-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းကို အင်္ဂါနေ့အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၉၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး လူပေါင်း နှစ်သိန်းငါးသောင်းနီးပါးကို ဘေးလွတ်ရာရေ့ွှပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ တိုင်ဖွန်းမုန်တိုင်းလိုင်ဟာ ပစိဖိတ်သမုဒ္ဒရာကနေ ချဉ်းကပ်လာပြီး တိုကျိုမြို့ရဲ့အနောက်တောင်ဘက် မိုင် ၂၅၀ အကွာ ဝါကာယာမာစီရင်စုရဲ့ တောင်ဘက်စွန်းကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဒေသခံသိန်းပေါင်းများစွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် စီရင်စု ၁၁ ခုမှာ ယာယီခိုလှုံရေးစခန်းတွေကို ဖွင့်လှစ်ထားပြီး လမ်းတွေပျက်စီးပြီး ဆက်သွယ်မှုပြတ်တောက်ခဲ့သလို ရထားပြေးဆွဲမှု ဒါဇင်များစွာကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဂျပန်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ခန်နန်ဝင်ရောက်တိုက်ခတ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ တိုင်ဖွန်းမုန်တိုင်းလန် ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး လာမယ့် ၂၄…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၅ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၅ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၆၄၀ ကျပ် ဝယ်ဈေး – ၃၅၄၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၆၇၀ ကျပ် ဝယ်ဈေး – ၂၅၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅ ကျပ် ဝယ်ဈေး – ၁၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၅ ကျပ် ဝယ်ဈေး – ၇၇၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၀ ကျပ် ဝယ်ဈေး –…

Read More

ရုရှားတောင်ပိုင်းမှာ ဓါတ်ဆီဆိုင်မီးလောင်ပေါက်ကွဲမှု လူ(၃၀) သေဆုံးပြီး (၁၀၀) ကျော်ဒဏ်ရာရ

မော်စကို၊ သြဂုတ်-၁၅-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံတောင်ပိုင်း ဒါဂက်စတန်ရှိ ဓါတ်ဆီဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကက်စပီယံကမ်းရိုးတန်းရှိ ဒေသဆိုင်ရာမြို့တော် မာခါချ်ကလာမှာ သြဂုတ် ၁၄ ရက် ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၄၀ မှာ ဓါတ်ဆီဆိုင် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး မတော်ဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ သေဆုံးသူတွေထဲမှာ ကလေးငယ်သုံးဦးလည်းပါဝင်နေပါတယ်။ အခင်းဖြစ်ရာနေရာကို ကူညီကယ်ဆယ်ရေးလုပ်သား ၃၀၀ နီးပါးစေလွှတ်ထားပြီး ဒဏ်ရာပြင်းထန်သူတွေကို မော်စကိုရှိ ဆေးရုံကို လေယာဉ်တွေကို ရွှေ့ပြောင်းပို့ဆောင်ပေးထားကြောင်း အရေးပေါ်ဌာနက ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ဧရိယာစတုရန်းမီတာ ၆၀၀ ထိ မီးပျံနှံ့လောင်ကျွမ်းခဲ့ပြီး နောက်ထပ်ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မီးလောင်မှုဟာ…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၅ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၅ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #Dailygoldprice #august15th

Read More

လိုင်စင်ရ ငွေလဲကုမ္ပဏီ(၁၃)ခုကို လိုင်စင်ရုပ်သိမ်း ၊ ရုပ်သိမ်းခံရတဲ့ ငွေလဲကောင်တာ(၄၂)ခုအထိ ရှိလာ

ဩဂုတ် ၁၅ – ၂၀၂၃ GG(VOM) လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်ရောင်းချခွင့်ရှိတဲ့ ကုမ္ပဏီ (၁၃) ခုကို လိုင်စင်တွေရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ အသိပေးလိုက်ပါတယ်။ အဲ့ဒီ Money Changerကုမ္ပဏီတွေဟာ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်ကို မလိုက်နာတာကြောင့် မနေ့ ဩဂုတ် ၁၄ ရက် က လိုက်စင်ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ” ငွေလဲကောင်တာတွေမှာ ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ ဝယ်လို့မရပါဘူးဗျာ။ သတ်မှတ်စျေးအရောင်းအဝယ်မလုပ်လို့ လိုင်စင်ပိတ်မယ်ဆိုအကုန်ပိတ်ရမှာပါ။ကျနော်တို့ အခုပေါက်စျေး ၃၆၀၀ ဆို ၃၆၀၀ ပဲဝယ်ရပါတယ်။ ၂၀၀၀ ကျော်နဲ့ ဝယ်လို့မရပါဘူး “လို့ နိုင်ငံခြားငွေ ဝယ်ယူသူတစ်ဦးကပြောပါတယ်။ လိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့ နိုင်ငံခြားငွေလဲကုမ္ပဏီတွေက Prime Residence Co., Ltd၊West Line Co., Ltd၊ IMA Co., Ltd၊Great Father…

Read More

This Day in History: August-15

This Day in History: August-15 Voice of Myanmar မဟတ္တမဂန္ဒီ ဦးဆောင်သော အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှု ဆယ်စုနှစ်သုံးခုကြာမြင့်ပြီးနောက် အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် သြဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ဗြိတိန်သျှတို့၏ နှစ်ပေါင်း ၂၀၀ ကျော်အုပ်ချုပ်မှု အဆုံးသတ်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August15th

Read More

တပတ်အတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှု အခြေအနေ

ဩဂုတ် ၁၅၊ ၂၀၂၃ Shy V(VOM) ပြီးခဲ့တဲ့ တပတ်တာ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃.၁၁၃ သန်း ဖြစ်တယ်လို့ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်ရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။ မူဆယ်နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ဩဂုတ်လ ၇ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း တရုတ်ဘက်ကို အဓိကပို့ကုန်မှာ ငါးရှဉ့်၊ ကြက်သွန်နီ၊ ဂဏန်း၊ ပြောင်း၊ ဝါဂွမ်း၊ ရော်ဘာ၊ ကြေးနီ၊ ငါးမှုန့်၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ပဲတီစိမ်း စတဲ့ ပို့ကုန်ပစ္စည်းတွေဖြစ်ပြီး ဒီတပတ်အတွင်း အများဆုံးတင်ပို့တဲ့ ပို့ကုန်ပစ္စည်းကတော့ ငါးရှဉ့် ဖြစ်တယ်လို့ သိရပါတယ်။ သွင်းကုန်အနေနဲ့ ယာဉ်နဲ့ ယာဉ်ယန္တရားများ၊ စက်သုံးဆီ (ဒီဇယ်၊ဓာတ်ဆီ)၊ Diesel Generator…

Read More
VOM News

FREE
VIEW