လိုင်စင်ရ ငွေလဲကုမ္ပဏီ(၁၃)ခုကို လိုင်စင်ရုပ်သိမ်း ၊ ရုပ်သိမ်းခံရတဲ့ ငွေလဲကောင်တာ(၄၂)ခုအထိ ရှိလာ

ဩဂုတ် ၁၅ – ၂၀၂၃
GG(VOM)

လိုင်စင်ရ နိုင်ငံခြားငွေလဲလှယ်ရောင်းချခွင့်ရှိတဲ့ ကုမ္ပဏီ (၁၃) ခုကို လိုင်စင်တွေရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က ဒီနေ့ ဩဂုတ် ၁၅ ရက်မှာ အသိပေးလိုက်ပါတယ်။

အဲ့ဒီ Money Changerကုမ္ပဏီတွေဟာ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်ကို မလိုက်နာတာကြောင့် မနေ့ ဩဂုတ် ၁၄ ရက် က လိုက်စင်ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

” ငွေလဲကောင်တာတွေမှာ ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ ဝယ်လို့မရပါဘူးဗျာ။ သတ်မှတ်စျေးအရောင်းအဝယ်မလုပ်လို့ လိုင်စင်ပိတ်မယ်ဆိုအကုန်ပိတ်ရမှာပါ။ကျနော်တို့ အခုပေါက်စျေး ၃၆၀၀ ဆို ၃၆၀၀ ပဲဝယ်ရပါတယ်။ ၂၀၀၀ ကျော်နဲ့ ဝယ်လို့မရပါဘူး “လို့ နိုင်ငံခြားငွေ ဝယ်ယူသူတစ်ဦးကပြောပါတယ်။

လိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့ နိုင်ငံခြားငွေလဲကုမ္ပဏီတွေက Prime Residence Co., Ltd၊West Line Co., Ltd၊ IMA Co., Ltd၊Great Father Great Sons General Trading Co., Ltd၊ Gold Foil Co., Ltd၊Big Lion Gems Co., Ltd၊Global International Investment & Development Co., Ltd၊ World Fortune International Finance Group Shares Co., Ltd၊ Myat Nan Yone Services Co.,Ltd၊ LP Holding Co., Ltd၊Golden Myanmar Asia Crown Travels & Tours Co., Ltd၊ Yangon KSA Travels & Tours Co., Ltd ၊ Balance Co., Ltd တို့ဖြစ်တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

အခုနှစ် ဇူလိုင် ၁၂ ရက်ကလည်း သတ်မှတ်စည်းကမ်းမလိုက်နာလို့ဆိုပြီး လိုင်စင်ရ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်ရှိတဲ့ ကုမ္ပဏီ(၁၀)ခုကို ရုပ်သိမ်းခဲ့သလို မတ်လ ၁၆ ရက်ကလည်း လိုင်စင်ရ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်ရှိတဲ့ ကုမ္ပဏီ(၂၀)ကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။

ဒါ့ကြောင့် ဒီနှစ်ထဲမှာ စည်းကမ်းမလိုက်နာလို့ဆိုပြီး လိုင်စင်ဖျက်သိမ်းခဲ့တဲ့ လိုင်စင်ရ money changer ပေါင်း(၄၃)ခုအထိရှိထားတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ကတော့ ပြည်ပကို သွားရောက်အလုပ်လုပ်မယ့်သူ၊ ဆေးကုသဖို့ သွားရောက်မယ့်သူနဲ့ ပညာသင် သွားရောက်မယ့်သူတွေကိုတစ်ဒေါ်လာငွေလဲနှုန်း ၂၅၀၀-၂၆၀၀ ကျပ်နဲ့ တစ်ဦးကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ အထိ စုစုပေါင်း ၂၆၀၃ ယောက် ကို မေလ ၃၁ ရက်နေ့ကနေ ဩဂုတ်လ ၁၀ ရက်နေ့အတွင်း AD လိုင်စင်ရ ဘဏ်တွေရဲ့ ငွေလဲလှယ်ကောင်တာတွေကနေ အမေရိကန်ဒေါ်လာ ၇၈၉,၈၀၆ ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူ ၃၀၁ ယောက်ကို ဘတ်ငွေ ၂.၄ သန်း ရောင်းချပေးခဲ့ပြီး စင်ကာပူဒေါ်လာ ၉၈၁၆ ကိုလည်း လူ ၂၇ ယောက်ကို ရောင်းချခဲ့ကြောင်း၊ မလေးရှားရင်းဂစ် ၁၆၇၃၆ ကိုလည်း လူအယောက် ၂၀ ကို ရောင်းချပေးခဲ့ပြီး ယူရို ၁၄၅၀ ကိုလည်း လူ ၅ယောက်ကို ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။

နိုင်ငံခြားငွေ ဝယ်ယူဖို့အတွက် ပြည်ပကို ဆေးကုသွားမယ့်သူက ဆေးကုသမှုဆိုင်ရာ အထောက်အထားတွေလိုအပ်ပြီး အလုပ်လုပ်သွားမယ့်သူက Passport of Job (PJ) အပါအဝင် အလုပ်ခန့်စာနဲ့ Oversea Worker Identification Card (OWIC)လိုအပ်ကြောင်း ပညာသင်သွားမယ့်သူကတော့ Passport of Education (PE)၊ ကျောင်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ပြသဖို့ လိုအပ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဒေါ်လာစျေးက ပြင်ပစျေးကွက်မှာ ၃၆၀၀ ကျော်အထိ ရှိနေပြီးအရောင်းအဝယ်က ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုးဖြစ်နေတယ်လို့သိရပါတယ်။

ဗဟိုဘဏ်ကတော့ ဒေါ်လာစျေးကစားသူတွေနဲ့ သတ်မှတ်မှတ်ဗဟိုဘဏ်စျေး ရောင်းချခြင်း ဝယ်ယူခြင်းမရှိသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ပြောဆိုထားပြီး အခုလို ငွေလဲကောင်တာတွေကို လိုင်စင်ရုပ်သိမ်းမှုတွေလုပ်လာတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ငွေလဲကုမ္ပဏီ #လိုင်စင်ရုပ်သိမ်းမှုလိုင်စင်ရ ငွေလဲကုမ္ပဏီ(၁၃)ခုကို လိုင်စင်ရုပ်သိမ်း ၊ ရုပ်သိမ်းခံရတဲ့ ငွေလဲကောင်တာ(၄၂)ခုအထိ ရှိလာ

#voiceofmyanmar #VOM #ငွေလဲကုမ္ပဏီ #လိုင်စင်ရုပ်သိမ်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW