ရုရှားတောင်ပိုင်းမှာ ဓါတ်ဆီဆိုင်မီးလောင်ပေါက်ကွဲမှု လူ(၃၀) သေဆုံးပြီး (၁၀၀) ကျော်ဒဏ်ရာရ

မော်စကို၊ သြဂုတ်-၁၅-၂၀၂၃
မျိုးဆက်(VOM)

ရုရှားနိုင်ငံတောင်ပိုင်း ဒါဂက်စတန်ရှိ ဓါတ်ဆီဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကက်စပီယံကမ်းရိုးတန်းရှိ ဒေသဆိုင်ရာမြို့တော် မာခါချ်ကလာမှာ သြဂုတ် ၁၄ ရက် ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၄၀ မှာ ဓါတ်ဆီဆိုင် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမီးလောင်မှုကြောင့် လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး မတော်ဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ သေဆုံးသူတွေထဲမှာ ကလေးငယ်သုံးဦးလည်းပါဝင်နေပါတယ်။

အခင်းဖြစ်ရာနေရာကို ကူညီကယ်ဆယ်ရေးလုပ်သား ၃၀၀ နီးပါးစေလွှတ်ထားပြီး ဒဏ်ရာပြင်းထန်သူတွေကို မော်စကိုရှိ ဆေးရုံကို လေယာဉ်တွေကို ရွှေ့ပြောင်းပို့ဆောင်ပေးထားကြောင်း အရေးပေါ်ဌာနက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ဧရိယာစတုရန်းမီတာ ၆၀၀ ထိ မီးပျံနှံ့လောင်ကျွမ်းခဲ့ပြီး နောက်ထပ်ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

မီးလောင်မှုဟာ ဓါတ်ဆီဆိုင်နဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ ကားပါကင်တခုကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

Ref: BBC

#voiceofmyanmar #VOM #At least 30 die #petrol station in Dagestan southern Russia

Related posts

VOM News

FREE
VIEW