ဂျပန်နိုင်ငံမှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ် ၊ လေယာဉ်ခရီးစဉ် (၉၀၀) ကျော်ဖျက်သိမ်းပြီး လူနှစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

တိုကျို ၊ သြဂုတ်-၁၅-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံ ကုန်းတွင်းပိုင်းကို အင်္ဂါနေ့အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၉၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး လူပေါင်း နှစ်သိန်းငါးသောင်းနီးပါးကို ဘေးလွတ်ရာရေ့ွှပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

တိုင်ဖွန်းမုန်တိုင်းလိုင်ဟာ ပစိဖိတ်သမုဒ္ဒရာကနေ ချဉ်းကပ်လာပြီး တိုကျိုမြို့ရဲ့အနောက်တောင်ဘက် မိုင် ၂၅၀ အကွာ ဝါကာယာမာစီရင်စုရဲ့ တောင်ဘက်စွန်းကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဒေသခံသိန်းပေါင်းများစွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြောင့် စီရင်စု ၁၁ ခုမှာ ယာယီခိုလှုံရေးစခန်းတွေကို ဖွင့်လှစ်ထားပြီး လမ်းတွေပျက်စီးပြီး ဆက်သွယ်မှုပြတ်တောက်ခဲ့သလို ရထားပြေးဆွဲမှု ဒါဇင်များစွာကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ဂျပန်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ခန်နန်ဝင်ရောက်တိုက်ခတ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ တိုင်ဖွန်းမုန်တိုင်းလန် ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး လာမယ့် ၂၄ နာရီအတွင်း တိုကိုင်ဒေသမှာ မိုးရေချိန် ၁၃ ဒသမ ၈ လက်မထိ ရွာသွန်းဖွယ်ရှိပြီး ဒါဟာ သြဂုတ်လ ပျှမ်းမျှမိုးရေချိန်ထက် သုံးဆနီးပါးဖြစ်ပါတယ်။

Ref: Reuters

#voiceofmyanmar #VOM #Typhoon Lan makes landfall in Japan # thousands told to seek safety

Related posts

Leave a Comment

VOM News

FREE
VIEW