တာလီဘန်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အိုင်စီစီမှာ အရေးယူဖို့ တောင်းဆို

ဝါရှင်တန်၊ သြဂုတ်-၁၅-၂၀၂၃
မျိုးဆက်(VOM)

တာလီဘန်တို့ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာပညာရေး အထူးသံတမန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းက အိုင်စီစီကို တောင်းဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်မှု နှစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ သြဂုတ် ၁၅ ရက်မှာ ကုလသမဂ္ဂအထူးသံတမန်က အိုင်စီစီကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တို့ရဲ့အုပ်ချုပ်မှုအတွင်း မိန်းကလေးငယ်တွေကို အလယ်တန်းကျောင်းတက်ခွင့်နဲ့ အမျိုးသမီးတွေကို ကုလသမဂ္ဂနဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။

အဲဒီလို ကျား၊မ ခွဲခြားဆက်ဆံခြင်းကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သင့်ကြောင်း ဂေါ်ဒွန်ဘရောင်းက ဆိုပါတယ်။

ဒါဟာ ကမ္ဘာတဝန်းမှာ မိန်းကလေးတွေနဲ့အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုတွေအတွက် ပြင်းထန်တဲ့ အရေးယူမှုဖြစ်ပြီး ဒီလိုလုပ်နိုင်မယ်ဆိုရင် အခြား အလားတူ အရေးယူနိုင်ဖို့ လုပ်ဆောင်လာမှုတွေ ရှိလာလိမ့်မယ်လို့ သူကဆိုပါတယ်။

တာလီဘန်တွေအနေနဲ့ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့နဲ့ အာဖဂန်အမျိုးသမီးတွေကို နိုင်ငံတကာက ကူညီကြဖို့ ဂေါ်ဒွန်ဘရောင်းက တိုက်တွန်းထားပါတယ်။

Ref: NHK
Photo: AP
#voiceofmyanmar #VOM #UNenvoy #Talibanforcrime

Related posts

Leave a Comment

VOM News

FREE
VIEW