မုံရွာ – မြင်းခြံ ထောင်ပြောင်းရွှေ့ကား လမ်းမှာ မိုင်းမိလို့ အကျဥ်းသား ၃ ဦးနဲ့ ကားသမား ၁ ယောက် သေဆုံး

သြဂုတ် ၊ ၁၆ ၊ ၂၀၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်ကနေ မြင်းခြံအကျဥ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ အကျဥ်းသားတွေပါ ယာဥ်တန်းဟာ မနေ့ သြဂုတ် ၁၅ ရက်မနက်ပိုင်းက မုံရွာ – မန္တလေးကားလမ်းမှာ မိုင်းထိခဲ့လို့ အကျဥ်းသားတွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မိုင်းခွဲတိုက်ခိုက်ခံရတဲ့ နေရာက ၂ နေရာဖြစ်တယ် ၊ မုံရွာ – မန္တလေး ကားလမ်း ချောင်းဦးမြို့နယ် ခင်မွန်ရွာနားနဲ့ မြင်းမူမြို့နယ်ထဲမှာ ဖြစ်တယ် ၊ အဲ့ဒီ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကျဥ်းသား ၃ ယောက်နဲ့ ကားသမားတယောက် သေတယ် ၊ ၁၀ ယောက်ကျော် ဒဏ်ရာရတယ် “လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မနေ့ သြဂုတ် ၁၅ ရက် မနက်ပိုင်းက မုံရွာ အကျဥ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသားတရာကျော်ကို မန္တလေးတိုင်း မြင်းခြံအကျဥ်းထောင်ဆီ ပြောင်းရွှေ့ပို့ဆောင်တဲ့အခါ ထောင်ပို့ယာဥ်တန်း မိုင်းခွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။

” မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်မှာ အဖမ်းခံရတဲ့ မန်နော်ဥယျာဥ် ကချင်ဆိုင်က ဆရာဝန် လင်မယား ဒေါက်တာ ဇော်တွယ်အောင် ဆိုသူနေရာမှာတင် မိုင်းစထိမှန် သေဆုံးသွားတယ် ၊ အခြား အကျဥ်းသား ၂ ယောက်လည်း သူနဲ့အတူ သေဆုံးတယ်”လို့ မုံရွာမြို့ခံ နိုင်ငံရေးအကျဥ်းသား မိသားစုဝင် တယောက်က ပြောပါတယ်။

ဒါ့အပြင် မုံရွာ အကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသားတွေကို မန္တလေးတိုင်းထဲက အိုဘိုးထောင် ၊ မြင်းခြံထောင်တွေ မကြာခဏ ပြောင်းရွေ့ပို့ဆောင်နေတာလို့ ထောင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ထောင်ကားမိုင်းခွဲခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW