ကနေဒါအနောက်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာ

တိုရွန်တို၊ သြဂုတ်-၁၉-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါနိုင်ငံအနောက်ပိုင်း ဗြိတိန်သျှကိုလံဘီယာပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုအခြေအနေ ပိုမိုဆိုးရွားနေတာကြောင့် အာဏာပိုင်တွေက ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

အနောက်ကော်လိုနာမြို့တဝိုက်ရှိနေအိမ်အများအပြားကို နောက်ထပ်ထပ်တောမီးလောင်ကျွမ်းနိုင်ခြေကြောင့် ပြည်နယ်အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်ပြီး
တောမီးလောင်ကျွမ်းမှုဟာ အရှိအဟုန်နဲ့ဆိုးရွားနေပြီး လာမယ့် ရက်အနည်းငယ်အတွင်း အခြေအနေပိုမိုဆိုးရွားလာနိုင်ကြောင်း ဗြိတိသျှ-ကိုလံဘီယာပြည်နယ်ဝန်ကြီးချုပ်က သတိပေးထားပါတယ်။

တောမီးလောင်ကျွမ်းမှုဟာ ၂၄ နာရီအတွင်း ၆၄ ဟတ်တာကနေ ၆၈၀၀ ဟတ်တာထိ ကြီးထွားလာပြီး လက်ရှိမှာတော့ နောက်ထပ်ဒေသခံ ၄၈၀၀ ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။

ဒါအပြင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာလည်း သီးခြားလောင်ကျွမ်းနေတဲ့တောမီးကြောင့် လူဦးရေ ၂၂၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

မြို့တော် ယဲလိုးနိုက်ဖ်ရှိ ဒေသံတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေဖို့ နောက်ဆုံးသတ်မှတ်ရက်ဟာ ယခုအခါကုန်ဆုံးသွားပြီဖြစ်ပြီး တောမီးလွတ်ဖို့အတွက် လေကြောင်းကနေလည်း မြို့ကနေထွက်ဖို့ ဒေသခံတွေ ကြိုးပမ်းနေကြပါတယ်။

Ref: BBC
#voiceofmyanmar #VOM #Canada wildfires #BritishColumbia province #declaresemergency

Related posts

Leave a Comment

VOM News

FREE
VIEW