မန္တလေး – ဗန်းမော် ကားလမ်း တိုက်ပွဲဖြစ်လို့ ပိတ်ထား

ဩဂုတ် ၁၉-၂၀၂၃
Shy V(VOM)

မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့ ကချင်ပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေး – ဗန်းမော်လမ်းကို ဩဂုတ်လ ၁၇ ရက်ကစပြီး ကားလမ်းပိတ်ထားတယ်လို့ ယာဉ်မောင်းတွေဆီကသိရပါတယ်။

“လမ်းအခြေနေမကောင်းသေးလို့ မန်း-ဗန်မော်လမ်း ခဏပိတ်ထားတယ်၊ မန္တ‌လေး ဗန်းမော်ကတော့ မနေ့က မနက် ၄ နာရီကစ ဧရာဝတီ မြစ်ကမ်းဘေး တလျှောက်က ရွာတွေဖြစ်တဲ့ စင်းခန်းနန့်ခုတ်၊ ကောင်းတုံ၊ စာပဒီး၊ မြလယ်၊ ဘူးတောင်းရွာတဝိုက် တိုက်ပွဲ အကြီးအကျယ်ဖြစ်နေခဲ့လို့ အခုထိ လမ်းပိတ်နေတုန်းပါ”လို့ မန္တလေး – ဗန်းမော် -လွယ်ဂျယ် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

ဒေသ ခံ ၁ ဦးကတော့ “ထိခိုက် ကျဆုံး တော်တော်များလိမ့်မယ်ထင်တယ်၊မနေ့က တနေကုန် အကြီးအကျယ် နားနားပြီးပစ်နေကြတာ ညနေ ၅ နာရီမှ အသံတိတ်သွားကြတယ်”လို့ ပြောပါတယ်။

မြစ်ကြီးနား – ဗန်မော် -လွယ်ဂျယ် ခရီးသည် ယာဉ်မောင်း တဦးကလည်း “ဩဂုတ်လ ၁၆ ရက်နေ့ကစ မြစ်ကြီးနား – ဗန်းမော်လမ်း ပိတ်ထားတယ်၊စင်းခန်းမှာ ဖြတ်လို့မရဘူး။ ကားဆရာတွေနဲ့ ခရီးသည်တွေ ရှိနေကြတယ်။သွားလို့ မရရင် ကျနော်တို့ ခက်ပြီပေါ့၊ အဲဒီလမ်းမှာရောက်နေတဲ့ ကားသမားတွေကို မေးကြည့်‌ေတာ့ ဖြတ်လို့မရဘူးလို့ သိရတယ်”လို့ ပြောပါတယ်။

မန္တလေး – ဗန်းမော် လမ်းဟာ မြေပုံပေါ်လမ်းကြောင်း လမ်းညွှန် အသုံးပြု တွက်ချက်မှုအရ ၄၄၂ ကီလိုမီတာ / ၂၇၄ မိုင် ရှိပြီး ခရီးသည် ယာဉ်တွေ အပါအဝင် မန္တလေး – ဗန်းမော် – လွယ်ဂျယ်ကနေ တရုတ်ဘက် လားရင်းကို ကုန်တင်ပို့မယ့် ကုန်တင်ကားတွေ သွားလာနေတဲ့ လမ်းပိုင်း တခု ဖြစ်ပါတယ်။

Photo Crd- Utc.city
#voiceofmyanmar #VOM #မန်း-ဗန်းမော်ကားလမ်း #တိုက်ပွဲဖြစ်လို့ပိတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW