အိန္ဒိယ-တရုတ် အငြင်းပွားဖွယ်နယ်စပ်မှာ တင်းမာမှုများလျှော့ချဖို့ မိုဒီနဲ့ ရှီကျင်းပင် သဘောတူ

ဒေလီ၊ သြဂုတ်-၂၅-၂၀၂၃
မျိုးဆက်(VOM)

အငြင်းပွားဖွယ်နယ်စပ်ဒေသတလျှောက်မှာ တင်းမာမှုတွေကို လျှော့ချဖို့ တရုတ်သမ္မတရှီကျင်းပင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ သဘောတူခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ တောင်အာဖရိကမှာ ကျင်းပနေတဲ့ ဘရစ်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြင်ပမှ သြဂုတ် ၂၄ ရက်က ဆွေးနွေးခဲ့ပြီး သဘောတူခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီး အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ ဟိမဝန္တာဒေသမှာ အရှည် ၂၁၀၀မိုင်အရှည်ရှိ နယ်စပ်ချင်းထိစပ်နေကြပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေအကြား လူသေဆုံးစေတဲ့ထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ဖူးပါတယ်။

အိန္ဒိယ-တရုတ်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ပိုင်းခြားထားတဲ့နယ်စပ်မျဉ်းကို လေးစားလိုက်နာဖို့ မဖြစ်မနေလိုအပ်ကြောင်း ဝန်ကြီးချုပ်မိုဒီက တရုတ်သမ္မတကို ပြောကြားခဲ့ောကာင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုြတ်ပန်ပါတယ်။

မိုဒီရဲ့တောင်းဆိုချက်အရ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြားဆက်ဆံရေးဟာ ဆယ်စုနှစ်သုံးခုကျော်ကြာဆိုးရွားနေခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #IndiaAndChinaAgree #ToDe-escalate’ borderTensions

Related posts

Leave a Comment

VOM News

FREE
VIEW