ဩဂုတ် ၂၆ – ၂၀၂၃ SN (VOM) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေ လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဝင်ငွေခွန် ပေးဆောင်ရမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ ဩဂုတ် ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ လစာသဘောမျိုးမဟုတ်တဲ့ အခကြေးငွေယူပြီး ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ကြီးတွေနဲ့ အတတ်ပညာရှင်တွေကို ဆေးရုံ၊ ဆေးခန်းတွေက ငွေပေးချေမှုပြုလုပ်တဲ့အခါတိုင်း အမိန့်ကြော်ငြာစာအရ ပေးချေငွေရဲ့ ၂ ရာခိုင်နှုန်းကို ပင်ရင်းမှနုတ်ယူပေးသွင်းတဲ့ ဝင်ငွေခွန်အဖြစ် နုတ်ယူပေးသွင်းရမယ်လို့ သိရပါတယ်။ “ပေါ်လစီကတော့ ချလိုက်ပြီဆိုတော့လည်း ပေါ်လစီအတိုင်းတော့ လိုက်နာကျင့်သုံးရမှာပေါ့။ ပုံမှန်ဆိုလည်း အခွန်ကဆောင်နေတာပဲ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ။ ဒီဘက်မှာ ဝင်ငွေခွန်၊ အမြတ်ခွန် ဒီအခွန်တွေကတော့ တောက်လျှောက် ရှိနေတာပဲလေ။…
Read MoreDay: August 26, 2023
ပြင်သစ်သံအမတ်ကို နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေ နှင်ထုတ်
နီယာမေ၊ သြဂုတ်-၂၆-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နဲ့နိုင်ဂျာဆက်ဆံရေး လျှင်မြန်စွာဆက်လက်ဆိုးရွားနေချိန်မှာ ပြင်သစ်သံအမတ်ကို နိုင်ငံတွင်းကနေ ၄၈ နာရီအတွင်းထွက်ခွာဖို့ နိုင်ဂျာအာဏာပိုင်တွေက သြဂုတ် ၂၅ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။ ပြင်သစ်သံအမတ် ဆိုဗေးနီလိဒ်ဟာ နိုင်ဂျာနိုင်ငံခြာရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ကြောင်း နိုင်ဂျာအာဏာပိုင်တွေကပြောပါတယ်။ သံအမတ်နဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေဟာ တရားဝင် ရွေးကောက်ခံထားတဲ့ နိုင်ဂျာတာဝန်ရှိသူတွေထံမှာသာရှိကြောင်း ပြင်သစ်က တုံ့ပြန်ပြောဆိုထားပါတယ်။ ပြင်သစ်နိုင်ငံဟာ နိုင်ဂျာမှာ ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကို ရှုတ်ချထားပြီး ရွေးကောက်ခံသမ္မတ ဘာဇိုအမ်ကို အာဏာပြန်လည်အပ်နှင်းဖို့ နိုင်ဂျာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေကတော့ လာမယ့်သုံးနှစ်အတွင်းအရပ်အသားအုပ်ချုပ်ရေးကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်က ကတိပြုပြောဆိုထားပါတယ်။ အနောက်အာဖရိကဒေသ အီကိုဝပ်စ်အဖွဲ့ကတော့ ဆွေးနွေးပွဲတွေမအောင်မြင်ပါက စစ်ရေးအရကြားဝင်မယ်လို့ ခြိမ်းခြောက်ထားပြီး နိုင်ဂျာအနေနဲ့ စစ်ပွဲကိုမလိုလားပေမယ့် ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို ခုခံကာကွယ်သွားမှာဖြစ်ကြောင်း နိုင်ဂျာအာဏာသိမ်း ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read Moreမူဆယ်၊ မန့်ဟန်ရွာမှာ ဗုံးပေါက်ကွဲပြီး လူ ၃ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ
ဩဂုတ် ၂၆၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအုပ်စု၊ မန့်ဟန်ရွာက နေအိမ် ၁ အိမ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက် ည ၇ နာရီခန့်က ဗုံးပေါက်ကွဲပြီး လူ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကျွန်မနေတဲ့ နေရာလေ။ မန့်ဟန်ရွာက သေသွားတဲ့ တစ်ယောက်ရဲ့ ခြေထောက်တောင် အခုထိ တောင်ရှာလို့ မရသေးဘူး။ ကျွန်မတို့ အိမ်တောင် တုန်သွားတယ်။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ TNLA ရဲဘော် ၁ ဦးက ဗုံးဆော့ရာကနေ ပေါက်ကွဲသွားပြီး ပေါက်ကွဲမှုမှာ အဲဒီ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ဒဏ်ရာရတဲ့သူတွေထဲမှာ မူးယစ်မှုနဲ့…
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၂၆ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၂၆ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၂၆ ရက်
Read Moreပရီဂိုဇင်လိုက်ပါသွားတဲ့လေယာဉ်ပျက်ကျမှု အလောင်းတွေနဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ ရှာဖွေတွေ့ရှိ
မော်စကို၊ သြဂုတ်-၂၆-၂၀၂၃ မျိုးဆက်(VOM) ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးခဲ့တယ်လို့ ယူရဆတဲ့ လေယာဉ်ပျက်ကျမှုမှာ ရုပ်အလောင်း ၁၀ လောင်းနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက သြဂုတ် ၂၅ ရက်မှာပြောပါတယ်။ လက်ရှိမှာတော့ အလောင်းတွေနဲ့ပတ်သက်ပြီး မျျိုးရိုးဗီဇစစ်ဆေးမှုတွေကို လုပ်ဆောင်နေကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ မော်စကိုမြို့အနီးမှာ သြဂုတ် ၂၃ ရက်က ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဗုံး ဒါမှမဟုတ် ဒုံးကျည်ကြောင့်ဖြစ်ကြောင်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ ပရီဂိုဇင်ကိုသတ်ဖြတ်ဖို့ ရုရှားအစိုးရက အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုံးဝအလိမ်အညာတွေဖြစ်ကြောင်း ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပူတင်ရဲ့ သစ္စာခံတဦးဖြစ်သူ ပရီဂိုဇင်ဟာ ဇွန်လအတွင်းက ဝဂ္ဂနာအဖွဲ့ရဲ့ ရုရှားစစ်တပ်ကို ပုန်ကန်မှုကို ဦဆောင်ခဲ့ပါတယ်။ ဒါဟာသစ္စာဖောက်မှုဖြစ်ကြောင်း ပူတင်က အဲဒီအချိန်က ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝဂ္ဂနာစစ်သားတွေကို ရုရှားစစ်တပ် ပါဝင်ခြင်း သို့မဟုတ် မဟာမိတ်ဘီလာရုစ်မှာ နေထိုင်ဖို့…
Read Moreကန့်ဘလူမှာ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာရ
သြဂုတ်၂၆ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းတိုက်နယ် ၊ ငါးမြောင်ကျေးရွာမှာ မနေ့ သြဂုတ် ၂၅ ရက် မနက် ၂ နာရီဝန်းကျင်က နေအိမ်ထဲမှာ အိပ်ပျော်နေတဲ့ လူ ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတဲ့ လူ ၅ ယောက်ကတော့ ဦးသန်းဝင်း ၆၅ နှစ်၊ မခင်စန်းဝင်း ၅၅ နှစ်၊ ဦးကျော်အေး ၆၅ နှစ်၊ ဒေါ်သန်းငွေ ၅၅ နှစ်၊ မကြိုင် ၄၆ နှစ် ၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသား ၃ ဦး ပစ်သတ်ခံရတာဖြစ်တယ် “လို့ ငါးမြောင်ရွာနေ ဒေသခံ ပရဟိတသမား(၁)ယောက်က…
Read MoreThis Day in History(August26)
This Day in History(August26) Voice of Myanmar ၂၀၀၈ ခုနှစ် သြဂုတ် ၂၆ ရက်တွင် အမေရိကန် ကော်လိုရာဒို၌ပြုလုပ်သော ဒီမိုကရက်တစ်ပါတီညီလာခံတွင် ဒီမိုကရက်တစ်များသည် ဘားရက်ခ်အိုဘားမားကို ပါတီ၏ သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းခဲ့ပြီး ၎င်းသည် ပထမဆုံးသော အာဖရိကန်-အမေရိကန် သမ္မတလောင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August26
Read Moreရေစကြိုနယ်မှာ ပြည်သူစစ် ၆ ဦး ပစ်သတ်ခံရ
သြဂုတ်၂၅-၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာမှာရှိတဲ့ ပြည်သူ့စစ် ၆ ယောက်ဟာ ဒီကနေ့ မနက် ၅ နာရီခွဲဝန်းကျင်က လမ်းမှာ ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက်က ဂွေးချိုရွာကနေ ၂ မိုင်လောက်ဝေးတဲ့ စည်သာရွာ စံပြစျေးကို စျေးဝယ်သွားတယ် ၊ စျေးက ၅ ရက် တစျေးဆိုတော့ ဒီနေ့က စျေးနေ့ဖြစ်တယ် ၊ စျေးဝယ်သွားတဲ့သူက အမျိုးသား ၇ ယောက်ဖြစ်တယ် ၊ စူပါကာစတန်ကားနဲ့ သွားတယ် ၊ ဂွေးချိုရွာထွက် လမ်း ၃ မိုင်လောက်နေရာမှာ ပစ်ခံရတာပါ “လို့ ဂွေးချို ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ(၁)ယောက်က…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
-လူ့ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ AI Chip ရဲ့စွမ်းဆောင်ရည် -စက်မှုလုပ်သား လူတူစက်ရုပ်က ဘာတွေစွမ်းဆောင်နိုင်မလဲ -လရဲ့တောင်ဝန်ရိုးစွန်းမှာ အိန္ဒိယလမစ်ရှင် ဘာတွေလေ့လာနေသလဲ မျိုးဆက်(VOM) သြဂုတ်-၂၅-၂၀၂၃ (၁) လူ့ဦးနှောက်လို အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုချစ်ပ်တမျိုး IBM တီထွင်နေ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ IBM ဟာ လူ့ဦးနှောက်ကဲ့သို့ နက်နဲတဲ့အာရုံကြောကွန်ရက်တွေလို စနစ်တွေပါဝင်ပြီး ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလုပ်ဆောင်နိုင်တဲ့ အန်နာလော့ ဉာဏ်ရည်တုချစ်ပ်( Analog AI Chip )တမျိုးရဲ့ ရှေ့ပြေးနမူနာကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ခေတ်မီဆန်းသစ်ထားတဲ့ အဲဒီချစ်ပ်ဟာ ကွန်ပြူတာနဲ့စမတ်ဖုန်းတွေအတွက် သိသိသာသာထိရောက်ပြီး စွမ်းအင်သုံးစွဲမှုလျော့နည်းမယ်လို့ IBM ကဆိုထားပြီး ချစ်ပ်ထဲမှာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ AIMC cores ၆၄ လုံးပါဝင်ပါတယ်။ အဲဒီချစ်ပ်ကို IBM ရဲ့ Albany NanoTech Complex မှာဖန်တီးထားတာဖြစ်ပြီး လူ့ဦးနှောက်ရဲ့ အာရုံကြောကွန်ရက်တွေ လည်ပတ်ပုံကိုအခြေခံထားပြီး လုပ်ဆောင်ချက်တခုချင်းစီအလိုက်အလွှာတွေအပြင် ကာလတိုမှတ်ဉာဏ်စနစ်တွေပါ…
Read Moreအီရန်အပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှုတွေကို ဘယ်သောအခါမျှ အသိအမှတ်မပြုကြောင်း မလေးရှားပြော
တီဟီရန်၊ သြဂုတ်-၂၅-၂၀၂၃ Voice of Myanmar မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗ္ဗဒူကီဒါက “အီရန်အပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှုတွေအပေါ် မိမိတို့အစိုးရရဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပြီး မလေးရှားအနေနဲ့ အဲဒီလို ပိတ်ဆို့အရေးယူမှုတွေကို ဘယ်သောအခါမျှ အသိအမှတ်မပြုမှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။ အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ ဩဂုတ် ၂၂ ရက်က တီဟီရန်မြို့တော်မှာ တွေ့ဆုံစဉ်အတွင်း ဇမ်ဘရီက “အစ္စလမ်မစ်သမ္မတနိုင်ငံဖြစ်တဲ့ အီရန်ဟာ ဒေသတွင်းနဲ့ မွတ်စလင်ကမ္ဘာအတွင်း မလေးရှားရဲ့ အင်မတန်အရေးကြီးတဲ့မိတ်ဖက်အဖြစ် ဆက်လက်ပြောကြားခဲ့ပါတယ်။ ဩဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း အီရန်အစိုးရအရာရှိတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကိုလည်း သူက အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။ ဇမ်ဘရီက အထူးသဖြင့် စိုက်ပျိုးရေး၊ ဆေး၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းသွားကြဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ သမ္မတ…
Read More