ဘုရင့်နောင်ပွဲရုံထဲက ဆန်ရောင်းဝယ်ရေးဆိုင် သိန်း၂၀၀ နီးပါး ဓားပြတိုက်ခံရ

ဩဂုတ် ၂၉ – ၂၀၂၃
GG(VOM)

ရန်ကုန်မြို့ ၊ဘုရင့်နောင်ပွဲရုံဝန်းထဲက ” သုခရှင် ” ဆန် နှင့်အထွေထွေပစ္စည်းရောင်းဝယ်ရေးဆိုင်ဟာ မနေ့ ဩဂုတ် ၂၈ ရက်က ဓားပြတိုက်ခံရပြီး ငွေ သိန်း ၂၀၀ လောက်ပါသွားတယ်လို့ သိရပါတယ်။

အမည်မသိ အမျိုးသား ၆ ယောက်က ဆန်ဆိုင်ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေသားတွေကို လုယူထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ် ။

” ဦးထုပ်ဆောင်းထားတယ်၊မက်ခ်တပ်ထားတယ်ဆိုတော့ မျက်နှာမမြင်ကြဘူးပေါ့။သူတို့မှာ ဓားပါတယ် ဓားနဲ့ ခြိမ်းခြာက်ပြီး မီးခံသေတ္တာထဲကပိုက်ဆံကိုယူသွားတာလို့ သိရတယ်။ နေ့ခင်းကြောင်တောင်ကြီးကို လုပ်သွားကြတာ ၊ ဘုရင့်နောင်ပွဲရုံထဲ ဒီလောက်လူမပြတ်တာကိုတောင်လာလုပ်သွားတာ၊ အိမ်ထဲနေတာတောင်မလုံခြုံတော့ဘူး”လို့ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းအလုပ်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီလို ဓားပြတိုက်ခံရပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ကာ ကျူးလွန်သူတွေကို ရှာဖွေမှုလုပ်ခဲ့ပေမယ့် အခုထိတော့ ဖမ်းဆိရမိတာမရှိသေးဘူးလို့ သိရပါတယ်။

အခုလို ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး သုခရှင် ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ဒီလ ဩဂုတ် ၈ ရက်ကလည်း ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ (၅) ရပ်ကွက်၊ ၅၃ လမ်း၊ အမှတ် (၂၉) မြေညီထပ်က Best Century Travel and Tour လုပ်ငန်း ဓားပြတိုက်ခံရပြီး သိန်း ၁၅၀၀ ပါသွားကာ တရားခံတွေကို ငွေသားနဲ့အတူ ချက်ခြင်းဖမ်းဆီးရမိခဲ့ပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ကလည်း ရန်ကင်းမြို့နယ်က The Skin Studio အလှပြင်ဆိုင်လည်း ဆိုင်အတွင်းဝင်ရောက်ပြီး ဝန်ထမ်းတွေကိုချုပ်နှောင်ကာ ဖုန်းနဲ့ ငွေသားအချို့ လုယက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ ၁ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်က Sunshine Smile baby cloth wholesale & retailကလေးပစ္စည်း အရောင်းဆိုင်ရဲ့ အုတ်နံရံ ဖြိုချခံရပြီး ဆိုင်ထဲက ပစ္စည်းတွေ ဝင်ရောက်ခိုးယူခံရတယ်လို့လည်း သိရပါတယ်။

#voiceofmtanmar #VOM #ရန်ကုန် #ဆန်ဆိုင်ဓားပြတိုက်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW