အီရတ်မှာ လူ(၃၀၀) ကျော်သေဆုံးခဲ့တဲ့ ဗုံးခွဲမှုကျူးလွန်ခဲ့သူတွေကို ကြိုးပေးကွပ်မျက်

ဘဂ္ဂဒက်၊ သြဂုတ်-၂၉-၂၀၂၃
မျိုးဆက်(VOM)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး ရာချီဒဏ်ရာရရှိခဲ့တဲ့ ကားဗုံးခွဲမှုကျူးလွန်သူ သုံးဦးကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း အီရတ်မှာဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး ဗုံးခွဲတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကွပ်မျက်မှုကို သြဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ ပြုလုပ်ခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်လ်ဆူဒါနီရဲ့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တဲ့ ဂါဇဝမ်အယ်လ်ဇာဘီလည်း ကွပ်မျက်ခံရသူတွေထဲမှာ ပါဝင်ကြောင်း အစိုးရသတင်းရင်းမြစ်တွေကပြောပါတယ်။ သူ့ကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်ဗုံးခွဲမှုမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ပြစ်မှုထင်ရှားတဲ့ ရာဇဝတ်သားသုံးဦးကို သေဒဏ်ပေးမှုဟာ မှန်ကန်တဲ့ပြစ်ဒဏ်ဖြစ်ပြီး ဗုံးခွဲမှုကြောင့် သေဆုံးသွားသူတွေရဲ့မိသားစုတွေထံ အသိပေးအကြောင်းကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

BBC
#voiceofmyanmar #VOM #ThreeHanged #IraqBombing #killed moreThan300people

Related posts

Leave a Comment

VOM News

FREE
VIEW