မလေးရှားရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို အွန်လိုင်းဘိုကင်စနစ် ပြောင်းလဲမယ်

ဩဂုတ် ၃၀ – ၂၀၂၃ SN (VOM) မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို လာမယ့် စက်တင်ဘာ ၄ ရက်မှစတင်ကာ အွန်လိုင်းဘိုကင်စနစ် ပြောင်းလဲမယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံး (ကွာလာလမ်ပူ)ကနေ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး/ပျောက်ဆုံး/အသစ်လျှောက်ထားခြင်း ကိစ္စတွေကို မြန်မာနိုင်ငံသံရုံးသို့ လူကိုယ်တိုင်သွားရောက်ပြီး ရက်ချိန်းယူရတဲ့စနစ်နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ အွန်လိုင်းကနေ QR Code နဲ့ ရက်ချိန်းရယူတဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ကိုယ့်ဘာသာကိုယ် သံရုံးမှာ ရက်ချိန်းယူပြီးလုပ်မယ်ဆို ၅ လ၊ ၆ လလောက်ကြာတယ်။ ဒီ QR Code နဲ့ဆိုရင်တော့ ဘယ်လောက်ကြာမယ် မသိဘူး။ အမှန်အတိုင်းပြောရရင် ဒီစနစ်ကို မကြိုက်ဘူး။ ရှေ့မှာလည်း QR Code တင်မရလို့…

Read More

ဝဂ္ဂနာခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးမှုရဲ့ နောက်ကွယ်

မျိုးဆက်(VOM) သြဂုတ်-၃၀-၂၀၂၃ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက မော်စကိုကနေ စိန့်ပီတာစဘတ်ကို သွားရာလမ်းမှာ ဝဂ္ဂနာကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျ သေဆုံးခဲ့ပြီး ဒီနေ့မှာတော့ သူ့ဈာပနကို စိန့်ပီတာစဘတ်မှာ ပြုလုပ်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် အောင်မြင်မှုအချို့ရယူပေးနိုင်ခဲ့တဲ့ ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင် ဟာ လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပြီး ပရီဂိုဇင် လေယာဉ်ပျက်ကျသေဆုံးမှုအပေါ် သံသယဖြစ်ဖွယ် မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဝဂ္ဂနာအဖွဲ့ဟာ ရုရှားစစ်တပ်ကို ပုန်ကန်မှုပြုခဲ့ပြီး အဖွဲ့ခေါင်းဆောင်ပရီဂိုဇင် အဲဒီအချိန်က သက်ရှိထင်ရှားရှိနေသေးပေမယ့် ရုရှားအစိုးရအမျက်ရှခံခဲ့ရတာကြောင့် သူ့ကို လမ်းလျှောက်နေတဲ့ လူသေအဖြစ် သတ်မှတ်ခဲ့ကြကာ များမကြာခင်အချိန်အတွင်း အခုလိုလေယာဉ်ပျက်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။ ပရီဂိုဇင်နဲ့အတူ ဝဂ္ဂနာအဖွဲ့ရဲ့ လက်ရုံးတွေလည်း သေဆုံးခဲ့ပါတယ်။ လေယာဉ်ဟာ မပျက်ကျမီ ပစ်ချခံရတာ သို့မဟုတ် လေယာဉ်ပေါ်မှာ ပေါက်ကွဲမှုတခုကြောင့် ပျက်ကျဖွယ်ရှိကြောင်း သုံးသပ်မှုတွေရှိနေပြီး…

Read More

သတ်သေလိုသူတွေကို ဓါတုအဆိပ်တွေရောင်းခဲ့တဲ့ ကနေဒါအမျိုးသားကို စွဲချက် (၁၂) ခုနဲ့ တရားစွဲ

တိုရွန်တို၊ သြဂုတ်-၃၀-၂၀၂၃ မျိုးဆက်(VOM) ကိုယ့်ကိုကိုယ် သတ်သေလိုသူတွေကို အဆိပ်ဖြစ်စေတဲ့ ဓါတုဗေဒပစ္စည်းတွေ ရောင်းခဲ့တဲ့ အမျိုးသားတဦးကို ကနေဒါရဲတပ်ဖွဲ့က နောက်ထပ်စွဲချက် ၁၂ ခုနဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ကန်နက်သ်လောဆိုသူဟာ ကနေဒါမှာ သတ်သေလိုသူတွေကို အကြံဉာဏ်ပေးခြင်း သို့မဟုတ် သတ်သေဖို့ကူညီပေးမှု စွဲချက်နှစ်ခုနဲ့ ယခုနှစ်မေလမှာ တရားစွဲဆိုခံခဲ့ရပါတယ်။ မစ္စတာလောဟာ နိုင်ငံပေါင်း ၄၀ ကျော်ကို သေစေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်တဲ့ ပါဆယ်ထုတ်ပေါင်း ၁၂၀၀ ကျော်ထိ ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ နောက်ပိုင်းမှာတော့ မစ္စတာလောဆီက ပါဆယ်ထုတ်တွေဝယ်ယူခဲ့တဲ့ ဗြိတိန်ရှိ လူ ၈၈ ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ကပြောပါတယ်။ သူ့ကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၆ နှစ်ကနေ ၃၆ နှစ်အတွင်း အရွယ်တွေဖြစ်ကြပါတယ်။ သူဟာ လူ့အသက်ကိုအဆုံးသတ်ဖို့ စက်ပစ္စည်းတွေနဲ့…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၃၀ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၃၀ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး #သြဂုတ်-၃၀

Read More

ရန်ကုန်က မြို့နယ်(၄)မြို့နယ်ရှိ ရဲစခန်းတွေအနီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့

ဩဂုတ် ၃၀ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းအတွင်းရှိ ရန်ကင်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ အရှေ့ဒဂုံ မြို့နယ် (၄) မြို့နယ်က ရဲစခန်းတွေအနီးမှာ မနေ့ ဩဂုတ် ၂၉ ရက်၊ ညပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ည ၈ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ သစ္စာလမ်း၊ မြို့မရဲစခန်းအနီးမှာ ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီ့နောက် ည ၈ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ရန်ကင်းကလေးဆေးရုံရှေ့၊ ယာဘက်ထောင့် ကန်ဘဲ့လမ်းဘေးမှာလည်း နောက်ထပ်တကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “ဗုံးက နှစ်ကြိမ်ကွဲတာ။ ပေါက်ကွဲတဲ့နေရာမှာ PVC ပိုက် အပိုင်းအစတွေလည်း…

Read More

အိန္ဒိယနယ်မြေတွေ ပါဝင်နေတာကြောင့် တရုတ်နိုင်ငံရဲ့ မြေပုံသစ်ကို အိန္ဒိယအစိုးရကန့်ကွက်

ဒေလီ၊ သြဂုတ်-၃၀-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ မြေပုံသစ်မှာ အိန္ဒိယပိုင်ဆိုင်တဲ့နယ်မြေပါဝင်နေတာကြောင့် ဒီကိစ္စအပေါ် အိန္ဒိယအစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြေပုံသစ်မှာ အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊ အငြင်းပွားနေတဲ့ အက်ခ်ကိုင်းချင်း ကုန်းပြင်မြင့်တို့ကို တရုတ်နိုင်ငံပိုင်နက်အဖြစ် ထည့်သွင်းထားကြောင်း အိန္ဒိယသတင်းဌာနတွေက ဖော်ပြထားပါတယ်။ အဲဒီမြေပုံသစ်ကို တရုတ်နိုင်ငံ သယံဇာတဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အခြေအမြစ်မရှိဘဲ မြေပုံထဲမှာနယ်မြေတွေကို ထည့်သွင်းထားတာကို လက်မခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ဟာ နယ်နိမိတ်အငြင်းပွားမှုကို ပိုမိုရှုပ်ထွေးစေကြောင်း သူကပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကန့်ကွက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က တရားဝင်တုံ့ပြန်ခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ သူပိုင်ဆိုင်ခြင်းမရှိတဲ့ အခြားနိုင်ငံတွေရဲ့ နယ်မြေတွေကို မြေပုံပေါ်မှာ ယခင်ကလည်းထည့်သွင်းခဲ့ဖူးပြီး ဒါဟာအကျင့်ဟောင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိတ်ရှန်ကာက ဝေဖန်ပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar…

Read More

ထိုင်းမှာ အလုပ်သမား ၇၂ ဦးဆီက သိန်း ၁၂၀၀ ကျော်လိမ်ယူကာ မြဝတီမှာထားခဲ့ပြီး ပွဲစားက ထွက်ပြေး

ဩဂုတ် ၃၀ – ၂၀၂၃ GG (VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး အလုပ်သမား ၇၂ ယောက်ဆီက ဝန်ဆောင်ခအဖြစ် ငွေသိန်း ၁၂၀၀ ကျော်ကို ပွဲစားက လိမ်လည်ရယူကာ အလုပ်သမားတွေကို မြဝတီမြို့မှာထားခဲ့ပြီး ထွက်ပြေးသွားလို့ အလုပ်သမားတွေ ဒုက္ခရောက်ခဲ့ရတယ်လို့သိရပါတယ်။ ငွေကြေးလိမ်ညာယူပြီးထွက်ပြေးသွားသူတွေက မြန်အောင်မြို့နယ်၊ အင်းဝမြောက်ရွာ နေထိုင်တဲ့ မင်းအောင်ဆိုသူဖြစ်ပြီး သူနဲ့အတူ နောက်ထပ်အ​ပေါင်းအပါအဖြစ် စိုးလွင် ၊ ထက်ဝေလင်း ဆိုသူတို့လည်း ပါကြောင်း ၊ အလုပ်သမားတွေကို မြဝတီကိုခေါ်လာပြီး မြတ်စေနာ တည်းခိုခန်းမှာ ထားခဲ့ကာ ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။ “ဘန်ရောက်က အလုပ်ရုံတစ်ရုံမှာ အလုပ်ရမယ်လို့ စည်းရုံးပြီး လူတစ်ဦးကို၂၈ သိန်းတောင်းတယ်၊လောလောဆယ်၁၈သိန်းပေးရပြီး ကျန်ငွေဆယ်သိန်းကို ဘန်ကောက်ရောက်မှ ပေးရမယ်လို့ပြောတယ်။မြဝတီရောက်တော့ စိုးလွင်နဲ့ထက်ဝေလင်းက ထွက်ပြေးတယ်၊အဲ့ဒီမှာ အလိမ်ခံရပြီဆိုတာကိုသိပြီး ကျန်တဲ့မင်းအောင်ကိုစောင့်ကြည့်နေတဲ့ကြားက မနေ့ကမှာသူကပါထပ်ထွက်ပြေးသွားတယ်။ပြန်ဖို့တောင် လမ်းစရိတ်မရှိလို့ အိမ်ကိုလှမ်းတောင်းကြ ​ရတယ်၊ ရွာကထွက်လာကထဲက…

Read More

This Day in History(August30)

This Day in History(August30) Voice of Myanmar အမေရိကန်နှင့် ဆိုဗီယက်တို့အကြား မတော်တဆ နျူကလီးယားစစ်ပွဲဖြစ်နိုင်ခြေကို တားဆီးရန်အတွက် နှစ်ဘက်အကြား အချိန်ပြည့်တိုက်ရိုက်ဆက်သွယ်ရေးလိုင်းကို ၁၉၆၃ ခုနှစ် သြဂုတ် ၃၀ ရက်တွင် စတင်ထူထောင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August30

Read More

ဘေးမသန်း အေးချမ်းသော အလင်းဆိုင်

ဆူးငှက်   အခုလို ကာလ ည ၁၀နာရီ မကျော်မီ အိမ်တွင်းအောင်းနေရချိန်တွင် လူ့သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေရစဉ်ကာလက အမှတ်တရလေးတွေကို သတိရမိပါသည်။ အထူးသဖြင့် အလင်းဆိုင်ဟုခေါ်သည့် ညအလင်းပေါက် ဖွင့်လှစ်သည့် လက်ဖက်ရည်ဆိုင်တွင် သန်းခေါင်သန်လွဲကာလ လွတ်လပ်အေးချမ်းစွာ စားသောက်ခဲ့ရသည့် အတွေ့အကြုံများကို ထူးထူးခြားခြား သတိရနေမိပါ၏။ အခုအတိတ်ရုပ်ပုံလွှာကို တဖျပ်ဖျပ်သတိရချိန်တွင် ထို အဖြစ်အပျက်များ၏နောက်ခံကားချပ် ပုံရိပ်တွေက မျက်စေ့အောက်တွင်ပင် အပြောင်းလဲကြီးပြောင်းလဲနေတာ သတိထားမိတော့သည်။ ကုန်လွန်ခဲ့သည့် နှစ်၃၀၀န်းကျင်ကာလ ၁၉၉၅ ဝန်းကျင်က…။   ××××× ×××××   “ပက်စီတစ်လုံး” အသံကြားလို့ ဖျတ်ခနဲမာ့ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်မှာ သူမ ဝင်ထိုင်သည်။ လောလောလတ်လတ် လိမ်းထားသော သနပ်ခါးက ခပ်ကြမ်းကြမ်း စုတ်ချက်များနှင့်တူ၏။ သူမသည် တီရှပ်ဟောင်းတစ်ထည်ပေါ်မှ ယောကျ်ားဝတ် ရှပ်အင်္ကျီတစ်ထည်ကို လျှိုဝတ်ထားသည်။ လွယ်အိတ်တစ်လုံးကို စလွယ်သိုင်း လွယ်ထား၏။ ကျွန်တော်က…

Read More
VOM News

FREE
VIEW