ကနေဒါအနောက်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာ

တိုရွန်တို၊ သြဂုတ်-၁၉-၂၀၂၃ မျိုးဆက်(VOM) ကနေဒါနိုင်ငံအနောက်ပိုင်း ဗြိတိန်သျှကိုလံဘီယာပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုအခြေအနေ ပိုမိုဆိုးရွားနေတာကြောင့် အာဏာပိုင်တွေက ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အနောက်ကော်လိုနာမြို့တဝိုက်ရှိနေအိမ်အများအပြားကို နောက်ထပ်ထပ်တောမီးလောင်ကျွမ်းနိုင်ခြေကြောင့် ပြည်နယ်အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်ပြီး တောမီးလောင်ကျွမ်းမှုဟာ အရှိအဟုန်နဲ့ဆိုးရွားနေပြီး လာမယ့် ရက်အနည်းငယ်အတွင်း အခြေအနေပိုမိုဆိုးရွားလာနိုင်ကြောင်း ဗြိတိသျှ-ကိုလံဘီယာပြည်နယ်ဝန်ကြီးချုပ်က သတိပေးထားပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ ၂၄ နာရီအတွင်း ၆၄ ဟတ်တာကနေ ၆၈၀၀ ဟတ်တာထိ ကြီးထွားလာပြီး လက်ရှိမှာတော့ နောက်ထပ်ဒေသခံ ၄၈၀၀ ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ ဒါအပြင် ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာလည်း သီးခြားလောင်ကျွမ်းနေတဲ့တောမီးကြောင့် လူဦးရေ ၂၂၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ မြို့တော် ယဲလိုးနိုက်ဖ်ရှိ ဒေသံတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေဖို့ နောက်ဆုံးသတ်မှတ်ရက်ဟာ ယခုအခါကုန်ဆုံးသွားပြီဖြစ်ပြီး တောမီးလွတ်ဖို့အတွက် လေကြောင်းကနေလည်း မြို့ကနေထွက်ဖို့ ဒေသခံတွေ ကြိုးပမ်းနေကြပါတယ်။ Ref: BBC #voiceofmyanmar #VOM #Canada…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၉ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၉ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၉၄၆ ကျပ် ဝယ်ဈေး – ၃၈၆၆ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၉၃၈ ကျပ် ဝယ်ဈေး – ၂၈၃၈ ကျပ် -ယူရို ရောင်းဈေး – ၄၂၅၀ ကျပ် ဝယ်ဈေး – ၄၁၁၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၁၀.၅၀ ကျပ် ဝယ်ဈေး – ၁၀၆.၉၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၅၀ ကျပ် ဝယ်ဈေး – ၈၂၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၃၉ ကျပ် ဝယ်ဈေး –…

Read More

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်လေတပ်နဲ့ ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

ပေကျင်း၊ သြဂုတ်-၁၉-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင်း အမေရိကန်ကို သွားရောက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီးစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၉ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီလရွေးကောက်ပွဲမှာ ထိုင်ဝမ်သမ္မတဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဝီလျံလိုင်းဟာ သောကြာနေ့မှာ အမေရိကန်ကနေ ပြန်လာခဲ့ပြီး သူဟာ ပါရာဂွေးကို သွားရာလမ်းကြောင်းမှာသာ ရပ်နားတာတွေကို တရားဝင် ပြုလုပ်ခဲ့ပေမယ့် အမေရိကန်မှာရှိစဉ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ ရေတပ်နဲ့လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ကျွန်းအနီးစစ်ရေးလေ့ကျင့်မှုမှာ တရုတ်လေယာဉ် ၄၂ စင်း၊ စစ်သင်္ဘောရှစ်စင်းကို တွေ့ရှိခဲ့ရပြီး ဒီကိစ္စအပေါ် တုံ့ပြန်တဲ့အနေနဲ့ စစ်လေယာဉ်နဲ့ သင်္ဘောတွေကို ဖြန့်ကြက်စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်စစ်လေယာဉ် ၂၆ စင်းဟာ မိုင် ၆၀ ကျယ်ဝန်းတဲ့ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၉ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၉ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၈၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေ #သြဂုတ်-၁၉

Read More

မန္တလေး – ဗန်းမော် ကားလမ်း တိုက်ပွဲဖြစ်လို့ ပိတ်ထား

ဩဂုတ် ၁၉-၂၀၂၃ Shy V(VOM) မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းနဲ့ ကချင်ပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေး – ဗန်းမော်လမ်းကို ဩဂုတ်လ ၁၇ ရက်ကစပြီး ကားလမ်းပိတ်ထားတယ်လို့ ယာဉ်မောင်းတွေဆီကသိရပါတယ်။ “လမ်းအခြေနေမကောင်းသေးလို့ မန်း-ဗန်မော်လမ်း ခဏပိတ်ထားတယ်၊ မန္တ‌လေး ဗန်းမော်ကတော့ မနေ့က မနက် ၄ နာရီကစ ဧရာဝတီ မြစ်ကမ်းဘေး တလျှောက်က ရွာတွေဖြစ်တဲ့ စင်းခန်းနန့်ခုတ်၊ ကောင်းတုံ၊ စာပဒီး၊ မြလယ်၊ ဘူးတောင်းရွာတဝိုက် တိုက်ပွဲ အကြီးအကျယ်ဖြစ်နေခဲ့လို့ အခုထိ လမ်းပိတ်နေတုန်းပါ”လို့ မန္တလေး – ဗန်းမော် -လွယ်ဂျယ် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ ဒေသ ခံ ၁ ဦးကတော့ “ထိခိုက် ကျဆုံး တော်တော်များလိမ့်မယ်ထင်တယ်၊မနေ့က တနေကုန် အကြီးအကျယ် နားနားပြီးပစ်နေကြတာ ညနေ ၅ နာရီမှ အသံတိတ်သွားကြတယ်”လို့…

Read More

This Day in History(August19)

This Day in History(August19) Voice of Myanamr ဆိုဗီယက်ယူနီယံသမ္မတ မီခေးလ်ဂေါ်ဘာချော့ကို ကွန်မြူနစ်သဘောထားတင်းမာသူများက ၁၉၉၁ ခုနှစ် သြဂုတ် ၁၉ ရက်တွင် နေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးကာ ခေတ္တအာဏာသိမ်းဖြုတ်ချနိုင်ခဲ့ပြီး နောက်ပိုင်းတွင် အောင်မြင်မှုမရှိခဲ့ဘဲ အာဏာသိမ်းခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ #voiceofmyanmar#VOM #ThisDayInHistory #August19

Read More

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်ကုမ္ပဏီ H&M မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ စီစဉ်

ဩဂုတ် ၁၉ – ၂၀၂၃ SN (VOM) ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ H&M အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ၎င်းရဲ့အထည်ချုပ်စက်ရုံလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းထွက်ခွာတော့မှာဖြစ်တယ်လို့ ဩဂုတ်လ ၁၇ ရက်က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတာကြောင့် H&Mအနေနဲ့ မြန်မာနိုင်ငံကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အမှု၂၀ ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ “သေချာစဉ်းစားပြီးမှ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်းနဲ့ လိုအပ်ချက်တွေနဲ့အညီ လုပ်ငန်းဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေ တိုးလာနေတာကို တွေ့ရပါတယ်” လို့ H&Mက ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။ ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီဟာ ၂၀၂၁…

Read More

ရွှေဘိုနယ်မှာ ၂နှစ်ကျော်ကာလအတွင်း ဆန်ကုန်သည်နဲ့ စပါးပွဲစား အသတ်ခံရသူ ၁၀ယောက်ထက်မနည်းရှိခဲ့

သြဂုတ် ၁၉-၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ပေါ်နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂နှစ်ကျော်ကာလအတွင်း ဆန်ကုန်သည်နဲ့ စပါးပွဲစားတွေ လုယက်ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်တွေကြောင့် အသတ်ခံရလို့ သေဆုံးရသူပေါင်း ၁၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံ ဆန်ကုန်သည် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့ ၊ အမှတ် ၈ ရပ်ကွက် ၊ အောင်ချမ်းသာစျေးနားမှာရှိတဲ့ ဆန်ကုန်သည် ဦးသန့်ဇင် နေအိမ် ဓားပြတိုက်ခံရတယ် ၊သူက ဆန်ဆိုင်လည်း ဖွင့်ထားတယ် ၊ ဆိုင်ထဲမှာ လူတွေရှိနေတုန်း ၊ ဆန်ဝယ်ဖို့ ဆန်အမျိုးအစား ကြည့်ဦးမယ်ပြောပြီးဓားပြက ဝင်တိုက်တာပါ ၊ ဆန်ဖိုးငွေ သိန်း ၂၀၀ ကျော်ပါသွားတယ် ၊ ပြီးခဲ့တဲ့ ဇွန်လ…

Read More

ရွှေဈေး၊ ဒေါ်လာဈေး စံချိန်တင် ထပ်မံ မြင့်တက်

ဩဂုတ် ၁၈ – ၂၀၂၃ SN (VOM) ဒီကနေ့ ဩဂုတ် ၁၈ ရက်၊ နေ့လယ်ပိုင်းကစလို့ ပြည်တွင်း အခေါက်ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေး စံချိန်တင် ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေပြီး တစ်အောင်စ ၁၉၀ ဒေါ်လာအောက် ရောက်ရှိလာပေမယ့် ပြည်တွင်း အခါက်ရွှေဈေးနှုန်းကတော့ သိန်း ၄၀ နားကို ရောက်ရှိနေပြီး စံချိန်တင်ဈေးတန်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီနေ့ ဩဂုတ် ၁၈ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စ ၁၈၉၂ ဒေါ်လာ ရှိနေတာဖြစ်ပေမယ့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းကတော့ ကျပ် ၃၉၈၀၀၀၀ ဝန်းကျင်ဈေး ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ “ရွှေဈေးက ထပ်တက်ဖို့ အလားအလာတော့ ရှိနေတယ်။ အခြေအနေတွေက ဘယ်လောက်ပဲ ထိန်းထိန်း ထိန်းမရတဲ့အခြေအနေတစ်ခုကို ရောက်နေတာပေါ့။ လိုင်စင်ပိတ်သိမ်းတာလည်း…

Read More

တောင်ကြီးမှာ နွားအကောင်ရေ ၂၀ ကျော် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

ဩဂုတ် ၁၈ – ၂၀၂၃ SN (VOM) တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပလီလင်းကျေးရွာ ဆိုင်းဘုတ်အနီးမှာ မနေ့ ဩဂုတ် ၁၇ ရက်၊ မနက်ပိုင်းက နွားအကောင်ရေ ၂၀ ကျော် ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပလီလင်းရွာနဲ့ ဆင်နှစ်ကောင်ရွာကြား၊ ဝိဇ္ဇာတောင်ကျောင်း အတက်လမ်းပေါ်မှာ မနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က နွား ၂၄ ကောင် ဓာတ်လိုက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အဲ့‌ဒီနေရာက မီးကြိုးက ဖြတ်ပြီးသွယ်တန်းထားတော့ နွားတွေက လျှပ်စစ်စက်ကွင်းထဲ ရောက်သလို ဖြစ်သွားကြတာ။ နွားတွေ အဲ့ဒီနေရာရောက်တော့ အပေါ်ကမီးကြိုးက ဗြောက်အိုးလိုမြည်ပြီး မီးပွင့်လာတယ်။ ကြောက်စရာကြီး၊ ဖောင်းကနဲ လန့်တောင်လန့်တယ်။ နွားတွေအကုန်လုံး ဓာတ်လိုက်ပြီးသေကုန်ကြတယ်။ နွားကျောင်းသားလေးက အဲ့ဒီလျှပ်စစ်စက်ကွင်းနေရာနဲ့ နည်းနည်းပဲကပ်လို့။ သူတောင် တုန်ခါသွားတာ။ တော်သေးလို့ သူအထဲအရမ်းမဝင်လို့…

Read More
VOM News

FREE
VIEW