စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်မြို့နယ် ၊ တံတားဦးကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူငယ် ၃ ဦး အသေပစ်ခတ်ဖမ်းဆီးခံရတယ်လို့ တံတားဦးရွာခံတွေဆီက သိရပါတယ် ။ ” မနက် ၆ နာရီ ဝန်းကျင်လောက်က ပစ်ခတ်သံတွေကြားရတယ် ၊ နောက်မှ သိရတာက လုံခြုံရေးအဖွဲ့တွေက လူတွေကို ပစ်ဖမ်းတာ ” လို့ တံတားဦးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ ထိတွေ့ ပစ်ခတ်တာဖြစ်တယ် ၊ အလောင်း ၃ လောင်း ၊ M 16 သေနတ် ၁ လက် ၊ ကျည် ၁၄…
Read MoreDay: September 14, 2023
ဖျာပုံခရိုင်တရားရုံးက လူငယ် ၄ ဦးကို သေဒဏ်ချမှတ်
စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်တရားရုံးကနေ ဘိုကလေးမြို့က လူငယ် ၄ ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အမှုကတော့ ဘိုကလေးမြို့ ၊ အမှတ် ၆ ရပ်ကွက်မှာနေတဲ့ ဒေါ်သူဇာကြီး အသတ်ခံရတဲ့ အမှုဖြစ်တယ် ၊ အဲ့ဒီအမှုဖြစ်ပွားတာက ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ ၁၄ ရက်ကဖြစ်တယ် ၊ အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ လူငယ် ၄ ဦးကို ၁ နှစ်ကျော် ဖမ်းဆီးစစ်ဆေးတယ် ၊ အမှုကို ဖျာပုံခရိုင်တရားရုံးက ကြားနာစစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က အမိန့်ချတယ်၊ အမိန့်ချခံရတဲ့ သူတွေကတော့ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်၊ ကိုနိုင်ဝေလင်းနဲ့ ကိုပြည့်စုံဖြိုး ဆိုသူ ၄…
Read Moreဒီပဲယင်းမြို့ပေါ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲ နဲ့ ပြည်သူ့စစ်(၄)ဦး သေဆုံး
စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ စိန်ပန်းပင်ချောင်းမှာ မနေ့ စက်တင်ဘာ ၁၃ ရက်ည ၁၁ နာရီဝန်းကျင်က ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေပါသွားတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။ ” အနောက်ပိုင်းဘက်မှာ ပစ်ခတ်သံတွေတော့ ညက ကြားရတယ် ၊ ဒီမနက်တော့ သတင်းကြားရတာက လုံခြုံရေးတပ်ဖွဲ့တွေ သေဆုံးတယ်လို့ သိရပြီး လက်နက်ခဲယမ်းတွေလည်း ပါသွားတယ် ” လို့ ဒီပဲယင်းမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညကဖြစ်စဥ်မှာ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်တွေကို အလစ်အငိုက် ချောင်းမြှောင်းဝင်ဖမ်းပြီး သတ်ခံရတာဖြစ်တယ် ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့…
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၄ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၄ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၈၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September14th
Read Moreလစ်ဗျားရေဘေး လူနှစ်သောင်းနီးပါးထိ သေဆုံးဖွယ်ရှိနေ
ထရီပိုလီ၊ စက်တင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ ဆည်နှစ်ခုကျိုးပြီးနောက် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူအရေအတွက် ၁၈၀၀၀ မှ ၂၀၀၀၀ အကြားသေဆုံးနိုင်ကြောင်း ဒါနာမြို့တော်ဝန်က ပြောပါတယ်။ လက်ရှိချိန်ထိ ရေကြီးရေလျှံမှုတွေကြောင့် လူ ၅၀၀၀ ကျော်သေဆုံးပြီး ၁၀၀၀၀ ထက်မနည်း ပျောက်ဆုံးနေသည်။ လမ်းများရေလွှမ်းမိုးနစ်မြုပ်ပြီးနောက် အလောင်းတွေကို ပင်လယ်ထဲကနေ ပြန်လည်ဆယ်ယူလျှက်ရှိပါတယ်။ လစ်ဗျားကို အရှေ့နဲ့အနောက် ပိုင်းခြားအုပ်ချုပ်နေတဲ့ ပြိုင်ဘက်အစိုးရနှစ်ရပ်ကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အီဂျစ်၊ တူနီးရှား၊ အီတလီ၊ စပိန်နဲ့ တူရကီအပါအဝင် အခြားနိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကူညီထောက်ပံ့မှုတွေ ရောက်ရှိနေပြီဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ရေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးထားပါတယ်။ ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရ တာဝန်ရှိသူတွေကတော့ ဆည်နှစ်ခုကျိုးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပြီး ဆည်ကျိုးမှုဖြစ်စေတာ သို့မဟုတ် လျစ်လျူရှုတာမျိုးတွေ့ရှိရင် ဘယ်သူ့မဆို အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ Ref: BBC…
Read Moreဟနွိုင်းမှာ တိုက်ခန်းတွဲမီးလောင်မှုကြောင့် လူ ၅၆ ယောက်သေဆုံး
ဟနွိုင်း၊ စက်တင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ ကိုးထပ်တိုက်ခန်းတွဲတခုမှာ ဖြစ်ပွားခဲ့တဲ့မီးလောင်မှုကြောင့် လူ ၅၆ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ မီးလောင်ကျွမ်းမှုဟာ စက်တင်ဘာ ၁၃ ရက် ဒေသံစံတော်ချိန် ညသန်းခေါင်ကျော်အချိနမှာ စတင် လောင်ကျွမ်းခဲ့ပြီး မနက် ၂ နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဗီယက်နမ်တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ အဆောက်အအုံမှာ လူ ၁၅၀ ကျော်နေထိုင်ပြီး မီးလောင်မှုကြောင့် ၃၇ ယောက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲမှာ ကလေးငယ်တဦးလည်းပါဝင်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ အဆောက်အအုံရှိ သေးငယ်တဲ့လသာဆောင်တွေကို သံပန်းအကာအရံတွေလုပ်ထားကြပြီး တိုက်ခန်းမှာ ထွက်ပေါက်တခုတည်းရှိကာ အပြင်ဘက်မှာလည်း အရေးပေါ်လှေကားမရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ကာရာအိုကေနဲ့ အရက်ဘားလို ဖျော်ဖြေရေးနေရာတွေမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ Ref:Al Jazeera #voiceofmyanmar…
Read Moreရုရှား-မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ခြေ ပူတင်နဲ့ ကင်ဂျုံအန် ဆွေးနွေးခဲ့
ပြုံးယမ်း၊ စက်တင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အရေးကြီးကိစ္စတွေအတွက် ကျေနပ်လောက်ဖွယ် သဘောတူညီချက်တရပ် ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအတွက် ဂြိုဟ်တုနည်းပညာတွေ ကူညီပေးမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုပါတယ်။ ကင်ဂျုံအန်နဲ့ပူတင်တို့ဟာ ရုရှားအရှေ့ပိုင်း ဗော့စတော့ချ်နီ အာကာသစခန်းမှာ တွေ့ဆုံခဲ့ကြပြီး ဒါဟာနှစ်ဦးသား ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား အပြန်အလှန်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စတွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ်ဘက်အကြား ကျေနပ်ဖွယ်ကောင်းတဲ့ သဘောတူညီချက်ရရှိခဲ့ကြောင်း မြောက်ကိုရီးယားက ပြောဆိုထားပေမယ့် သဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေ။ ဒါပေမယ့် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ တွေ့ဆုံမှုအတွင်း ပူတင်အနေနဲ့ မြောက်ကိုရီးယားသို့ လာရောက်ရန်…
Read Moreပြန်ကြော်ဆီတွေကို ဓာတုနည်းနဲ့ပြုလုပ်ရောင်းချသူတချို့ ဖမ်းဆီးစစ်ဆေးခံနေရ
စက်တင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ပြန်ကြောဆီတွေကို ဓာတုနည်းနဲ့ ပြုလုပ်ရောင်းချနေတဲ့ သိမ်ကြီးစျေးက ဆီလုပ်ငန်းရှင်တချို့ကို ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။ အဲ့ဒီ့ ဆီလုပ်ငန်းရှင်တွေကို သူတို့ရောင်းချထားတဲ့ ငွေလက်ငင်းဖြတ်ပိုင်း (ဘောင်ချာ)တွေနဲ့အတူ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ ဒီလိုလုပ်ရောင်းနေတာက အခုမှမဟုတ်ဘူး၊ တော်တော်လေး ကြာနေပြီလို့ သိရတယ်။ အခုမှ ထဖမ်းတာ။ ဘာလို့ အခုမှထဖမ်းလဲတော့ မသိဘူးပေါ့။ ဒီလို ဓာတုဆေးဝါးတွေ ရောတယ်ဆိုတာကတော့ ဘယ်လိုမှ မကောင်းတဲ့အရာပေါ့။ မလုပ်သင့်ပါဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို နစက က ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး ဆီလုပ်ငန်းရှင်တွေကို ရည်ညွှန်းဈေးထက် ၁၀ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလို စားသုံးဆီတွေထဲ ဓာတုပစ္စည်းတွေ…
Read MoreThis Day in History
This Day in History Voice of Myanamar ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများအဖွဲ့ (အိုပက်) ကို အီရန်၊ အီရတ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားတို့ပါဝင်သော အဖွဲ့ဝင်ငါးနိုင်ငံဖြင့် ၁၉၆၀ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September14
Read Moreသားနဲ့တူကို အစိုးရအဖွဲ့မှာ ရာထူးပေးတဲ့ ဇင်ဘာဘွေသမ္မတ ဝေဖန်ခံနေရ
ဟာရာရီ၊ စက်တင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဇင်ဘာဘွေသမ္မတ အီမာဆန်မနန်ဂါဂွါဟာ လွန်ခဲ့တဲ့လက အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် သူရဲ့သားနဲ့ တူဖြစ်သူကို အစိုးရအဖွဲ့၀န်ကြီးတနေရာ ခန့်အပ်လိုက်တဲ့အပေါ် အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမ္မတ မနန်ဂါဂွါဟာ ဇင်ဘာဘွေ ဘဏ္ဍာရေးဒုတိယ၀န်ကြီးအဖြစ် သူ့ရဲ့သားဖြစ်သူကို ခန့်အပ်ခဲ့ပြီး တူဖြစ်သူကို ခရီးသွား၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အခုလိုအစိုးရအဖွဲ့မှာ ခန့်အပ်တာ၀န်ပေးမှုတွေဟာ လူမျိုးရေးဝါဒကို လှုံ့ဆော်ပေးခြင်းဖြစ်ကြောင်း ဇင်ဘာဘွေအဓိကအတိုက်အခံ စီစီစီပါတီမှ လွှတ်တော်အမတ်ဖြစ်သူ ဖက်ဇာရီမာဟီရီက စွပ်စွဲပြောဆိုပါတယ်။ အဲဒီစွပ်စွဲချက်တွေကို အာဏာရပါတီ သို့မဟုတ် ဇင်ဘာဘွေသမ္မတရုံးက ထုတ်ပြန်မှုတစ်စုံတစ်ရာမရှိသေးပါဘူး။ ဒါပေမယ့် မစ္စတာမနန်ဂါဂွါကို ထောက်ခံသူတွေကတော့ သမ္မတရဲ့သားဖြစ်သူဟာ ရာထူးအတွက် အရည်အချင်းပြည့်မှီတယ်လို့ ပြောပါတယ်။ မစ္စတာမနန်ဂါဂွါ ရွေးကောက်ပွဲအနိုင်ရရှိပြီး ပြန်လည်ရွေးချယ်ခံရမှုဟာ ဒေသတွင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောဆိုထားပြီး ရွေးကောက်ပွဲ မသမာမှုတွေရှိကြောင်း အတိုက်အခံတွေက…
Read More