ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၅ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၅ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September15th

Read More

အီရန်ကို ရေးယူပိတ်ဆို့မှုတွေ ဆက်ထားမှာဖြစ်ကြောင်း ဥရောပအင်အားကြီးနိုင်ငံတွေ ကြေညာ

လန်ဒန်၊ စက်တင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ရုရှားအတွက် မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ရောင်းချဖို့ကြိုပမ်းမှုကို ဟန့်တားမှုအဖြစ် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၁၅ အီရန်နျူကလီးယားသဘောတူစာချုပ်မှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအရ အီရန်အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအချို့ကို လာမယ့်လမှာ ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေဆက်လက်ထားရှိဖို့ လုပ်ဆောင်ခြင်းဟာ တရားမဝင်ဖြစ်ပြီး ရန်စတဲ့ လုပ်ရပ်ဖြစ်ကြောင်း အီရန်က ဝေဖန်ပြောဆိုထားပါတယ်။ အချို့သော အရေးယူပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်တင်ပို့ရောင်းချခြင်းကို ရပ်တန့်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် အီရန်ဟာ သန့်စင်ပြီးယူရေနီယံသိုလှောင်ခြင်းနဲ့ ၂၀၁၅ နျူကလီယားစာချုပ်ပါ သဘောတူညီချက်တွေကို ချိုးဖောက်နေကြောင်း ဥရောပနိုင်ငံတွေက ယုံကြည်နေကြပါတယ်။ ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်အရ အီရန်ဟာသူ့ရဲ့နျူုကလီးယားအစီအစဉ်တွေကို စည်းကမ်းချက်အရ ကန့်သတ်ခံခဲ့ရပြီး အပြန်အလှန်အားဖြင့် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ပေးဖို့ သဘောတူခဲ့ကြပါတယ်။ Ref:BBC Photo:AP #voiceofmyanmar #VOM…

Read More

တရုတ်နယ်စပ်ဘက်မှာ မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ဖို့ ထွက်ခွာလာကြ

စက်တင်ဘာ ၁၅၊ ၂၀၂၃ Shy V + SP (VOM) တရုတ်နယ်စပ်ဘက်မှာ မြန်မာနိုင်ငံသား အများအပြား ဒီရက်ပိုင်းအတွင်း အလုပ်လုပ်ဖို့ ထွက်ခွာလာနေကြတယ်လို့ ခရီးသည်ယာဉ်မောင်းတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ကို သွားတဲ့ လူငယ်တွေ အများအပြားရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။ “စစ်ကိုင်းတိုင်းမှာက ယင်းမာပင် ၊ ပုလဲ ၊ ဆားလင်းကြီး ၊ ကနီ ၊ အရာတော် ၊ ဒီပဲယင်း ၊ တန့်ဆည် ၊ ခင်ဦး ၊ ရေဦး ၊ ဘုတလင် ၊ ကန့်ဘလူ စတဲ့ မြို့နယ်က လူငယ်တွေ တရုတ်ဘက်ကို အသွားများတယ် ၊ အဖွဲ့လိုက် အုပ်စုဖွဲ့ပြီးသွားကြတယ် ၊ တချို့လည်း ကားအော်ဒါခေါ်ပြီး…

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း လူ ၈ ဦး ပစ်သတ်ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ညောင်ရင်းကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်က ပစ်ခတ်ဖမ်းဆီးခံရလို့ လူငယ် ၄ ဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက ရွာအပြင်ဘက် တောထဲမှာဖြစ်တာပါ ၊ ပစ်ခတ်သံတွေကြားရပြီး လူငယ် ၄ ယောက် သေတယ် ၊ ဘယ်သူတွေဖြစ်တယ်ဆိုတာ စုံစမ်းနေတုန်း “လို့ ညောင်ရင်းရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညောင်ရင်းရွာဘက် နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ ရန်သူ့ဘက်က အလောင်း ၄ လောင်း ၊ လက်လုပ်သေနတ်…

Read More

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ ထုတ်ပယ်ခံရပြီး စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်ယုံကြည်နေ

ဝါရှင်တန်၊ စက်တင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ ရာထုူးကနေထုတ်ပယ်ခံရပြီး စုံးစမ်းစစ်ဆေးမှုခံယူနေရတယ်လို့ အမေရိကန်က ယုံကြည်နေကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာက ရေးသားဖော်ပြထားပါတယ်။ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ သြဂုတ် ၂၉ရက်က ပေကျင်းမှာ ကျင်းပတဲ့ တရုတ်-အာဖရိက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားပြီးနောက်ပိုင်း လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ သူဟာ ရာထူးတာဝန်ကနေ ရုပ်သိမ်းခံရပြီး စုံစမ်းစစ်ဆေးမှုခံနေရတယ်လို့ အမေရိကန်က ကောက်ချက်ချ ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေနဲ့ အခြားသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖိုင်နယ်ရှယ်တိုင်းမ်သတင်းစာကဖော်ပြထားပါတယ်။ လီဟာ မတ်လမှာ တရုတ်ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့ လူလိုက်ပါတဲ့ အာကာသယာဉ်လွှတ်တင်မှု စီမံကိန်းနဲ့ တရုတ်နိုင်ငံအတွက် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးတို့မှာ တာဝန်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းဟာ လည်း ရာထူးခန့်အပ်ခံရပြီးနောက် ခြောက်လအကြာ ဇူလိုင်လမှာ ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး လက်ရှိမှာတော့ သူဘယ်မှာရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်လာခြင်းမရှိပါဘူး။ Ref: NHK Photo:AFP…

Read More

မူဆယ် ၁၀၅မိုင်ရဲ့ တပတ်တာ ကုန်သွယ်မှုအ‌ခြေအနေ

စက်တင်ဘာ ၁၅-၂၀၂၃ Shy V(VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကနေ စက်တင်ဘာ ၄ ရက် ကနေ ၁၀ ရက်အထိ တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁.၂၃၀ သန်း ဖြစ်တယ်လို့ ကုန်သွယ်ရေးဇုန်ရဲ့သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ ဒီတပတ်အတွင်း ကြက်သွန်နီ၊ ငါးရှဉ့်၊ ကဏန်း၊ ရော်ဘာ၊ ဆန်ကွဲ၊ ကြေးနီ၊ မြေပဲ၊ ပြောင်းဖူးစေ့၊ ရှားကောသီး၊ သကာရည်တွေ အဓိက တင်ပို့ပြီး အဲဒီအထဲက အများဆုံးပို့ကုန်မှာ ကြက်သွန်နီ ဖြစ်ပါတယ်။ အဓိက သွင်းကုန်တွေကတော့ ယာဉ်နဲ့ ယာဉ်ယန္တရားတွေ၊ ဘတ္ထရီ၊ ဓာတ်ဆီ၊ စတီးပိုက်၊ သံချောင်း၊ ဒီဇယ်ဆီ၊ ပဲမှုန့်၊ ကော်စေ့၊ သွပ်လိပ်၊ အဝတ်အထည်တွေဖြစ်ပြီး အများဆုံးသွင်းကုန်မှာ ယာဉ်နဲ့ ယာဉ်ယန္တရားတွေ ဖြစ်ပါတယ်။ အရင်တပတ် ဩဂုတ် ၂၈…

Read More

ကလေးဘ၀ ဖတ်ခဲ့ရတဲ့ လူထုသတင်းစာ

ဆူးငှက် “မိုးရေတွေ အဖွေးသားနဲ့ ထွန်ရေး သွားမပြင်နိုင်။ တဲဝက ထိုင်။ မိုးသီးကဖြိုင်၊ တိမ်စိုင်ကမြှေး လယ်ကွင်းဒလဟာနဲ့ ဆင်တန်ဆာ ယဉ်ပါဘိတယ် ပြည့်တွက်မို့လေး …” ကျွန်တော်က ကဗျာကိုဖတ်ရင်း ပျော်ရွှင်လာသည်။ ခုနစ်တန်း ရှစ်တန်းအရွယ်မို့ ကဗျာပါ စာသားတွေ၏အဓိပ္ပာယ်ကို ဂဃနဏမသိ…။ သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ် ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ … “ငှက်ကလေး သေးသွယ် လှိုင်းကိုစီးတော့မယ်၊ ချစ်စဖွယ် မည်တဲ့တေး ဝန်းကျင် အနှံ့ ကွေး ညနေအေးဆည်းဆာရွှင် သာလှပေတယ် ထင် လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး ခင်မင်မိတယ်လေး …” … တဲ့။ ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော သတင်းစာက ၁၀နှစ်ကျော် သက်တမ်း ရှိပြီမို့ ဝါကျင်နေသည်။ ဦးလေးက ထိုသတင်းစာများကို…

Read More

This Day in History

This Day in History Voice of Myanmar ကိုရီးယားစစ်ပွဲအတွင်း မြောက်ကိုရီးယား၏ ကျူးကျော်မှုခံနေရသည့် တောင်ကိုရီးယားနိုင်ငံ အင်ခွျှန်းသို့ ၁၉၅၀ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September15th

Read More

မြိုင်မြို့နယ်မှာ ပစ်ခတ်ဖမ်းဆီးလို့ လူ ၄ ဦး သေဆုံး

စက်တင်ဘာ ၁၅ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၄ ရက်က ပစ်ခတ်ဖမ်းဆီးမှုတွေရှိတာကြောင့် လူ ၄ ဦး သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဝါးကြီးတောရွာနဲ့ သက္ကယ်ကန်ရွာကြားမှာ လူငယ်တစ်ယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီနောက် ဆိတ်သက်ရွာနားမှာ ၂ ယောက် ပစ်သတ်ဖမ်းဆီးတယ် ၊ ​အဲ့ဒီအပြင် မြို့စိုးရွာနားမှာ နောက်တစ်ယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြိုင်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ လူသတ် ဓားမြကိစ္စနဲ့ကျော်ဇောတဲ့သူတွေကို ဖမ်းဆီးတဲ့အခါ သူတို့ဘက်က စတင်ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ဖမ်းဆီးရတယ်…

Read More

ပြည်တွင်းဖြစ် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်သစ်တွေ ထိုင်၀မ်ထုတ်ဖော်ပြသ

တိုင်ပေ၊ စက်တင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနဟာ သူ့ရဲ့နောက်ဆုံးပေါ် ပြည်တွင်းဖြစ် စစ်ဘက်သုံး မောင်းသူမဲ့လေယာဉ်တွေကို ကာကွယ်ရေးပစ္စည်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ထိုင်၀မ်စစ်ဘက်ဟာ လေကြောင်းနှင့် ကာကွယ်ရေးနည်းပညာပြပွဲမှာ အဲဒီမောင်းသူမဲ့လေယာဉ်သစ် ၁၁ မျိုးကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး အသေခံမောင်းသူမဲ့လေယာဉ်အမျိုးအစားလည်းပါ၀င်ပါတယ်။ ကာဒီနယ် ၃ အမျိုးအစားမောင်းသူမဲ့လေယာဉ်ကတော့ ဒေါင်လိုက်အတက်အဆင်းပျံတက်နိုင်ပြီး ရေယာဉ်ငယ်တွေနဲ့အတူ ကမ်းရိုးတန်း စောင့်ကြည့်လေ့လာရေးတွေ လုပ်ဆောင်နိုင်ကြောင်း ထိုင်၀မ်တာ၀န်ရှိသူတွေက ပြောပါတယ်။ ပိုမိုကြီးမားတဲ့ တန်ယန်မောင်းသူမဲ့လေယာဉ်ဟာ လေထဲမှာ နာရီ ၂၀ ကျော်ကြာပျံသန်းနိုင်ပြီး အမြင့်ဆုံးအကွာအဝေး ကီလိုမီတာ ၁၁၀၀ ကျော်ထိ ပျံသန်းနိုင်ကာ စောင့်ကြည့်ထောက်လှမ်းခြင်းများ ပြုလုပ်နိုင်တယ်ဆိုပါတယ်။ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ စစ်ရေးဖိအားများကို ဟန့်တားဖို့အတွက် ထိုင်၀မ်စစ်တပ်ရဲ့စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားပြီး အမေရိကန်ထံမှ လက်နက်၀ယ်ယူမှုအပြင် ပြည်တွင်းဖြစ်လက်နက်တွေ ထုတ်လုပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတဆိုင်အင်း၀မ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:NHK #voiceofmyanmar #vom #ထိုင်ဝမ် #မောင်းသူမဲ့လေယာဥ်သစ်…

Read More
VOM News

FREE
VIEW