စက်တင်ဘာ ၂၃၊ ၂၀၂၃ Shy V +SP (VOM) တရုတ် – မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ မန့်ဝိန်ရပ်ကွက်ထဲမှာ ဒီကနေ့ မနက်ပိုင်းက အိမ်စီးကား ၁ စီး လုယက်ခံရပြီးနောက် လုယက်ထွက်ပြေးတဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးချိန် ၂ ယောက်သေ ၊ ၂ ယောက် အရှင် ဖမ်းမိပြီး ၁ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူတို့က ဓါးမြတိုက်တဲ့ သူ့ကို လိုက်ပစ်တာ။ ဓါးမြတိုက်တဲ့ လူ အသေဖမ်းမိတာလည်း ရှိတယ်၊ အဲ့ဒီအုပ်စုက ခိုးလာတဲ့ကားကို စီးလာချိန် ရဲတွေကလိုက်ပစ်တော့ သူတို့လည်းပြန်ပစ်တာ”လို့ ဒေသခံ အမျိုးသမီး ၁ ဦး က ပြောပါတယ်။ ဒေသခံ အမျိုးသား ၁…
Read MoreDay: September 23, 2023
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၃ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၃ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၈၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmmar #vom #TodayGoldprice #September23rd
Read Moreနီပေါမှာ ဆရာ၊ ဆရာမတွေ အကြီးအကျယ်သပိတ်မှောက်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ
ခတ္တမန္ဒူ၊ စက်တင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) နီပေါနိုင်ငံမှာ ဆရာ ဆရာမတွေရဲ့ အကြီးအကျယ်သပိတ်မှောက်မှုဟာ သုံးရက်မြောက်နေ့ကို ရောက်ရှိလာပြီး စာသင်ကျောင်းတွေ ပိတ်ထားရပါတယ်။ ကျောင်းတွေကို ကြီးကြပ်ဖို့ ဒေသန္တရအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးတာနဲ့ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေမှာ ဆရာ ဆရာမတွေ ပါဝင်ခွင့်ကို တားမြစ်ထားတာနဲ့ပတ်သက်ပြီး ကန့်ကွက်နေကြပါတယ်။ ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ကန့်ကွက်မှုတွေနဲ့အတူ ခတ္တမန္ဒူရှိ လွှတ်တော်ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ကြိုးစားစဉ် ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ နီပေါ ဆရာ၊ ဆရာမ တသိန်းတသောင်းကျော်ဟာ လွှတ်တော်ရှိ ပြုပြင်ပြောင်းလဲမှု ဥပဒေနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပြီး သပိတ်မှောက်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကတော့ အခြေအနေပုံမှန်ပြန်ဖြစ်ပြီး ပညာသင်ကြားနိုင်ဖို့ တောင်းဆိုနေကြပါတယ်။ နီပေါဆရာ ဆရာမတွေဟာ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အဓိကပါဝင်ခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ် ပထမဆုံးပါလီမန်ရွေးကောက်ပွဲကျင်းပပြီးနောက် နီပေါနိုင်ငံရေးပါတီတွေဟာ ဆရာ ဆရာမတွေကို ပါတီဝင်ဖြစ်လာဖို့ စုဆောင်းခဲ့ဖူးပါတယ်။…
Read Moreမြင်းမူမြို့နယ်၊ ခြေရာတော်ရွာနားမှာ စစ်ကြောင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးလို့ လူ ၂၅ ဦးသေဆုံး
စက်တင်ဘာ ၂၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ခြေရာတော်ကျေးရွာ ၊ မြင်းမူ – မြောင် ကားလမ်းပေါ်မှာ ဒီကနေ့မနက် အစောပိုင်းက ကား ၁ စီးပစ်ခတ်ခံရပြီး လူ ၂၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မုံရွာ – မန္တလေး ကားလမ်းကနေ မြောင်မြို့ကို ခွဲထွက်သွားတဲ့ ကားလမ်းပေါ်မှာ ဖြစ်တာပါ ၊ ပစ်ခံရတဲ့ ကားနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်သမားတွေလည်း သေတယ် ၊ ဆိုင်ကယ်သမားနဲ့ ကားပေါ်က လူတွေရောဆိုရင် အားလုံး သေဆုံးသူ ၂၅ ယောက်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ…
Read Moreပြည်သူ့စစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ဆူဒန်စစ်တပ်အကြီးအကဲပြော
ခါတွမ်၊ စက်တင်ဘ-၂၃-၂၀၂၃ မျိုးဆက်(VOM) တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဆူဒန်မှာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖက်တာအယ်လ်ဘာဟန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာအက်စ်အက်ဖ်ပြည်သူ့စစ်ခေါင်ဆောင် မိုဟာမက်ဟမ်ဒန်ဒါဂါလိုနဲ့အတတူ ဆွေးနွေးဖို့ မူအားဖြင့် အဆင်သင့်ရှိနေကြောင်း ဗိုလ်ချုပ်ကြီးဘာဟန်က ဆိုပါတယ်။ သူဟာ နယူးယောက်ရှိ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခဲ့ပြီးနောက် ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဘာဟန်ဟာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့(အက်စ်အေအက်ဖ်) ကိုဦဆောင်ပြီး အရပ်သားတွေကို အာဏာလွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့ပေမယ့် နယူးယောက်ခရီးစဉ်ဟာ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ နိုင်ငံတကာထောက်ခံမှုအတွက် တရားဝင်ရှာမှုအဖြစ် စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ လူနေဒေသတွေကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြောင်း အထောက်အထာတွေရှိတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း ဒီကိစ္စကို သူကငြင်းဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့တို့အကြား ဧပြီလမှာ စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့ပြီး ငါးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ Ref:BBC…
Read Moreမြို့ပြလူထုရဲ့ လူမှု့ဒုက္ခအဖုံဖုံ
SN (VOM) လူတွေရဲ့ အခြေခံအကျဆုံးလိုအပ်ချက်ကတော့ စားဝတ်နေရေးဖြစ်ပါတယ်။ လူဆိုတာ အစားအစာ၊ ရေ၊ နေစရာ စတဲ့ အခြေခံလိုအပ်ချက်တွေ ပုံမှန် ရရှိနေမှ နေ့စဥ် အသက်ရှင်လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ အခြေခံအကျဆုံး လိုအပ်ချက်သာ မရနိုင်ဘူးဆိုရင် လူတယောက်ဟာ တိုးတက်နိုင်စရာရှိတဲ့ အလားအလာကောင်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် အရမ်းကိုခက်ခဲပါတယ်။ လက်ရှိမှာတော့ မြန်မာလူထုအနေနဲ့ နေ့စဉ် လူမှုဘဝမှာ ဒီအခက်အခဲတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြန်မာတနိုင်ငံလုံးမှာ လျှပ်စစ်မီး မမှန်တဲ့အပြင် နောက်ဆက်တွဲ ရေမရတဲ့ ပြဿနာကိုပါ ကြုံတွေ့နေကြရတာပါ။ လျှပ်စစ်မီးကို အလှည့်ကျ ပေးနေတာဖြစ်ပေမယ့် အခုနောက်ပိုင်း မီးလာရမယ့်အချိန်တွေ နောက်ကျနေပြီး မီးပျက်ချိန် ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “အရင်ကတော့ မီးက လာရမယ့်အချိန် ပုံမှန်လာပါတယ်။ အခုနောက်ပိုင်း မနက်ပိုင်း ၉ နာရီပျက်ရမယ့်နေ့တွေဆို…
Read Moreမိုင်(၂၀၀) နီးပါးပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမေရိကန်ထောက်ပံ့တော့မယ်
ဝါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။ ယူကရိန်းဟာ မိုင် ၁၉၀ အကွာအဝေးထိပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်အချို့ကို အမေရိကန်ဆီက ရရှိမှာဖြစ်ကြောင်း အမေရိကန်သတင်းဌာနတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အခုလို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေ ရရှိခဲ့မယ်ဆိုရင် ယူကရိန်းဟာ ရုရှားရှေ့တန်းရဲ့နောက်ကွယ်က ရုရှားရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ယူကရိန်းရဲ့ ဒုံးကျည်တစင်းထက်မနည်းဟာ ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသက ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စု ဌာနချုပ်ကို ထိမှန်ခဲ့ပါတယ်။ ဆီဗက်တိုပေါ်လ် ဆိပ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ ဗြိတိန်နဲ့ ပြင်သစ်က ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းစစ်ဘက်သတင်းရင်းမြစ်တဦးက ဆိုပါတယ်။ ဒီဒုံးကျည်တွေရဲ့ ပစ်ခတ်နိုင်စွမ်းဟာ မိုင် ၁၅၀ အကွာအဝေးသာရှိပါတယ်။ အမေရိကန်က…
Read MoreThis Day in History
This Day in History Voice of Myanmar ဝန်ကြီးချုုပ်ဟွန်ဆန်၏ ကမ္ဘောဒီးယားအာဏာရ စီပီပီပါတီသည် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြင့် အနိုင်ရရှိခဲ့သည်ဆိုကာ အတိုက်အခံ စီအင်န်အာပီပါတီက ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်ပြုလုပ်သော ပါလီမန်ဖွင့်ပွဲတွင် သပိတ်မှောက်ခဲ့ကြသည်။ #voiceofmyanmar #VOM #ThisDayInHistory #September23rd
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၃ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၃ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September23rd
Read Moreမူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ကုန်သွယ်ရေးစခန်းများမှ တပတ်အတွင်း ကုန်သွယ်မှု အခြေအနေ
စက်တင်ဘာ ၂၃- ၂၀၂၃ Shy V(VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၁ ရက်နေ့ ကနေ ၁၇ နေ့အထိ တစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၇.၅၈၀) သန်း ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဇုန်က သတင်းအချက်အလက်တွေအရ သိရပါတယ်။ ရာဘာ၊ ငါးရှဉ့်၊ ကျောက်စိမ်း၊ ခဲသွပ်အရော သတ္တု၊ ဆန်၊ ကဏန်း၊ ပြောင်း၊ ဆန်ကွဲ၊ သကာရည်၊ ကြေးနီ စတဲ့ ပို့ကုန် ပစ္စည်းတွေကို အဓိကထား တင်ပို့ခဲ့ပြီး ဒီတပတ်အတွင်း ကုန်သွယ်မှုပမာဏ အများဆုံး ပို့ကုန်ပစ္စည်းမှာ ရာဘာ ဖြစ်တယ်လို့ သိရပါတယ်။ အဓိကထား တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းတွေ ကတော့ ယာဉ်နဲ့ ယာဉ်ယန္တရားများ၊ သွပ်လိပ်၊ ကားတာယာ၊ ဘက္ထရီများ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ဆိုလာပြား၊ ကော်စေ့၊…
Read More