မိုင်(၂၀၀) နီးပါးပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို အမေရိကန်ထောက်ပံ့တော့မယ်

ဝါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

ယူကရိန်းဟာ မိုင် ၁၉၀ အကွာအဝေးထိပစ်ခတ်နိုင်တဲ့ ATACMS ဒုံးကျည်အချို့ကို အမေရိကန်ဆီက ရရှိမှာဖြစ်ကြောင်း အမေရိကန်သတင်းဌာနတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အခုလို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေ ရရှိခဲ့မယ်ဆိုရင် ယူကရိန်းဟာ ရုရှားရှေ့တန်းရဲ့နောက်ကွယ်က ရုရှားရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ယူကရိန်းရဲ့ ဒုံးကျည်တစင်းထက်မနည်းဟာ ရုရှားသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသက ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စု ဌာနချုပ်ကို ထိမှန်ခဲ့ပါတယ်။

ဆီဗက်တိုပေါ်လ် ဆိပ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ ဗြိတိန်နဲ့ ပြင်သစ်က ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းစစ်ဘက်သတင်းရင်းမြစ်တဦးက ဆိုပါတယ်။

ဒီဒုံးကျည်တွေရဲ့ ပစ်ခတ်နိုင်စွမ်းဟာ မိုင် ၁၅၀ အကွာအဝေးသာရှိပါတယ်။ အမေရိကန်က တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ့်အစီအစဉ်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ ပြီးခဲ့တဲ့နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံးပြီးနောက် ထွက်ပေါ်လာတာဖြစ်ကြောင်း အင်န်ဘီစီ သတင်းဌာနနဲ့ ဝေါလ်စရိဂျာနယ်တို့က ဖော်ပြထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #UkraineWar #UStoGive #long-rangeATACMSmissiles #ToKyiv

Related posts

Leave a Comment

VOM News

FREE
VIEW