ဝန်းသိုမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ ပြည်သူ့စစ် ၄ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

ဝန်းသိုမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ ပြည်သူ့စစ် ၄ ဦးသေ ၊ ၅ ဦးဒဏ်ရာရ စက်တင်ဘာ ၊ ၂၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့ ၊ မြို့သစ်ရပ်ကွက်ထဲမှာ မနေ့ စက်တင်ဘာ ၂၅ ရက်က ကင်းလှည့်နေတဲ့ လုံခြုံရေးအဖွဲ့နဲ့ ေဒသတွင်း လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး လုံခြုံရေးအဖွဲ့တွေ သေဆုံး ၊ ဒဏ်ရာရတယ်လို့ ဝန်းသိုမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မြို့ပေါ်မှာ ဌာနပေါင်းစုံ အစည်းဝေးရှိတယ် ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြည်သူ့စစ်တွေက လုံခြုံရေးအတွက် ကင်းလှည့်ပေးရတယ် ၊ နောက်ပြီး မြို့ပေါ်ကို ပြည်သူ့စစ်တွေက ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တယ် ၊ အဲ့ဒီ အချိန် ပြည်သူ့စစ်တွေနဲ့ ဒေသတွင်း…

Read More

တပတ်အတွင်း မူဆယ်နယ်စပ် ကုန်သွယ်မှု အခြေအနေ

တပတ်အတွင်း မူဆယ်နယ်စပ် ကုန်သွယ်မှု အခြေအနေ စက်တင်ဘာ ၂၆၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရာဂိတ်ကနေ တပတ်အတွင်း ကုန်သွယ်မှု ကား အစီးပေါင်း ၁၂၇၅ စီး ရှိကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေရဲ့ မှတ်တမ်းစာရင်းတွေအရ သိရပါတယ်။ တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၆၃၈ စီးရှိပြီး အဲဒီအထဲမှာ ခါလီကားတွေလည်းပါပြီး တစ်ရက်ကို ပျမ်းမျှ ပို့ကုန်ကား ၆၅ စီး ဝန်းကျင်၊ ခါလီ ၂၇ စီးဝန်းကျင်ရှိကာ မြန်မာဘက်က‌နေ တရုတ်ဘက်အထွက် ခါလီအပါအဝင် တစ်ရက်ကို ပျမ်းမျှ ၉၁ စီး ဝန်းကျင် ရှိတာကို တွေ့ရပါတယ်။ ပို့ကုန်ထဲမှာ သကာရည်၊ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ နဲ့ အခြား ကုန်မျိုးစုံ ပါဝင်ပြီး သွင်းကုန်ကားကတော့…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September26th

Read More

ထုတ်ပယ်ခံခဲ့ရပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ဖို့ ရုရှားကြိုးပမ်းနေ

ထုတ်ပယ်ခံခဲ့ရပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ဖို့ ရုရှားကြိုးပမ်းနေ မော်စကို၊ စက်တင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားဟာ ထုတ်ပယ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေပါတယ်။ ယူကရိန်းကို ရုရှားတပ်များကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပယ်ခဲ့ပါတယ်။ ရုရှားသံတမန်တွေဟာ လူ့အခွင့်အရေးကောင်စီမှာ သုံးနှစ်သက်တမ်း ရွေးချယ်ခံရဖို့ ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်တွေထံဖြန့်ဝေတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပြီး ဒါဟာ အဖွဲ့ဝင်နိုင်ငံပြန်လည်ဖြစ်လာရေး ကြိုးပမ်းမှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရုရှားရဲ့ရပ်တည်မှုကို အဓိကစမ်းသပ်မှုအဖြစ် အကဲခတ်တွေက ယူဆထားပါတယ်။ ရုရှားအနေနဲ့ လူ့အခွင့်အရေးပြသနာတွေအတွက် လုံလောက်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကတိပြုထားပြီး ကောင်စီဟာ နိုင်ငံရေးအုပ်စုတခုရဲ့ နိုင်ငံရေးဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ယန္တရားဖြစ်နေတယ်ဆိုကာ အနောက်နိုင်ငံတွေကို ရည်ညွှန်းပြီး ရုရှားက ပြောဆိုထားပါတယ်။ ဂျီနီဗာမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ အဖွဲ့ဝင် ၄၇ နိုင်ငံရှိပြီး တနိုင်ငံချင်းစီအနေနဲ့ သုံးနှစ်သက်တမ်း…

Read More

တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ ရေပေါ်အတားအဆီးတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ဖယ်ရှားပြီ

တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ ရေပေါ်အတားအဆီးတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ဖယ်ရှားပြီ မနီလာ၊ စက်တင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံကချထားတဲ့ ရေပေါ်အတားအဆီးများကို ဖိလစ်ပိုင်ကမ်းခြေ စောင့်တပ်က ဖယ်ရှားလိုက်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဒီအတားအဆီးတွေကို ဖိလစ်ပိုင်သမ္မတဖာနီနန်မားကို့ဂျူနီယာရဲ့ ညွှန်ကြားချက်အရ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပေ ၁ဝ၀၀ ရှိတဲ့ အတားအဆီးတွေပြုလုပ်ထားတာကြောင့် ဖိလစ်ပိုင်တံငါသည်တွေရဲ့ ငါးဖမ်းခွင့်ကို တရုတ်ဘက်ကချိုးဖောက်ခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေကပြောပါတယ်။ ဒါဟာ လိုအပ်လို့ အတားအဆီးတွေချထားခြင်းဖြစ်ကြောင်း တရုတ်ဘက်က ပြောဆိုထားပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆို်င်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာတောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံရဲ့ အတားအဆီးတွေချထားခြင်းဟာ ပင်လယ်ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေပြီး နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကာ ဖိလစ်ပိုင်တံငါသည်တွေရဲ့ အသက်မွေးဝမ်ကြောင်းကို ထိခိုက်စေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ တောင်တရုတ်ပင်လယ်အရေးဟာ ဒေသတွင်း တည်ငြိမ်ရေး၏ အဓိကအချက်ဖြစ်ပြီး တင်းမာမှုမြင့်တက်စေနိုင်တဲ့ အပြုအမူမှန်သမျှကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံက ထုတ်ပြန်ထားတိုက်တွန်းထားပါတယ်။ Ref:BBC…

Read More

ဒလမြို့မှာ ရဲအချုပ်ခန်းကို ဖောက်ပြီး အချုပ်သား ၆ ယောက် ထွက်ပြေး

ဒလမြို့မှာ ရဲအချုပ်ခန်းကို ဖောက်ပြီး အချုပ်သား ၆ ယောက် ထွက်ပြေး စက်တင်ဘာ ၊ ၂၆ ၊ ၂၀၂၃ SP ( VOM) ရန်ကုန်တိုင်း ၊ ဒလမြို့မှာရှိတဲ့ ဒလရဲစခန်း အချုပ်ခန်းဟာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က ဖောက်ထွင်းခံရပြီး အချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။ ” အချုပ်ခန်း မျက်နှာကျက် ခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးတာ လို့ သိရတယ် ၊ ပြေးသွားတဲ့ အချုပ်သားက ၆ယောက် ဖြစ်တယ် ၊ အဲ့ဒီထဲက ၂ ယောက်ဟာ အပြစ်ချပြီးသားဖြစ်တယ် ၊ ထောင်ကျ နှစ်ကြီးသမားတွေဖြစ်တယ် ၊ ကျန်တဲ့ ၄ ယောက်က အမှုရင်ဆိုင်နေရဆဲတွေဖြစ်တယ်” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒလမြို့ခံ…

Read More

တရက်ကို အလှည့်ကျ လျှပ်စစ်မီး ၂ နာရီ ပိုပျက်မယ်

တရက်ကို အလှည့်ကျ လျှပ်စစ်မီး ၂ နာရီ ပိုပျက်မယ် စက်တင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်တွေမှာ Load Shed တကြိမ် ထပ်တိုးတဲ့အတွက် တရက်ကို အလှည့်ကျ လျှပ်စစ်မီး ၂ နာရီ ပိုပျက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က သိရပါတယ်။ လျှပ်စစ်မီးကို နေ့ပိုင်းအချိန်တွေမှာ ပုံမှန် ပေးနေကျအတိုင်း အုပ်စု A,B ခွဲပြီး အလှည့်ကျ ပေးသွားမှာဖြစ်ပေမယ့် ညနေပိုင်း အချိန်တွေမှာတော့ စက်တင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ၂ နာရီနောက်ကျပြီး အလှည့်ကျ မီးပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “ည‌နေ ၅ နာရီ ပျက်သွားတဲ့မီးဆို ည ၇ နာရီမှရမယ်။ ည ၇ နာရီပျက်သွားတာဆို ည ၉ နာရီမှ…

Read More

နျူကလီးယားလက်နက်ထုတ်သုံးလာရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်စေရမယ်လို့ တောင်ကိုရီးယား သမ္မတ သတိပေး

နျူကလီးယားလက်နက်ထုတ်သုံးလာရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်စေရမယ်လို့ တောင်ကိုရီးယား သမ္မတ သတိပေး ဆိုးလ်၊ စက်တင်ဘာ-၂၆ မျိုးဆက်(VOM) မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုခဲ့မယ်ဆိုရင် တောင်ကိုရီးယား-အမေရိကန်မဟာမိတ်တွေရဲ့ တုံ့ပြန်မှုကြောင့် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က သတိပေးပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၆ ရက်မှာ ဆိုးလ်မြို့အနီးမှာကျင်းပတဲ့ တောင်ကိုရီးယားတပ်မတော်နေ့ အခမ်းအနားမှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်က မိန့်ခွန်းပြောကြားရာ အခုလိုသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို အဆင့်မြှင့်တင်နေပြီး နျူကလီးယားလက်နက်တွေကို အသုံးပြုမယ်လို့ ခြိမ်းခြောက်ထားကြောင်း၊ ဒါဟာ တောင်ကိုရီးယားပြည်သူအပေါ် ခြိမ်းခြောက်မှုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတရပ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတကဆိုပါတယ်။ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။ တောင်ကိုရီးယားတပ်မတော်နေ့အခမ်းအနားမှာ တင့်ကားတွေ၊ အလိုအလျောက်ပစ်ခတ်နိုင်တဲ့လက်နက်စနစ်တွေ၊ တာဝေးပစ်ဒုံးကျည်တွေအပါအဝင် လက်နက်တွေကို ပြသခဲ့ပြီး ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုးလ်မြို့လယ်မှာ စစ်ရေးပြပွဲအခမ်းအနားကို…

Read More

This Day in History

This Day in History Voice of Myanmar ဟောင်ကောင်ကို ဗြိတိန်၏ နှစ် ၁၅၀ ကျော်အုပ်ချုပ်မှုအဆုံးသတ်ပြီး တရုတ်နိုင်ငံထံ ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပြန်လည်လွှဲပြောင်းပေးရန် ဗြိတိန်နှင့် တရုတ်နိုင်ငံတို့အကြား ၁၉၈၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် အပြီးသတ်သဘောတူခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September26th

Read More

အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင် အောက်တိုဘာ (၂ )ရက်ကစပြီး မှတ်ပုံတင်ရမယ်

အွန်လိုင်းကနေ ဈေးရောင်းမယ်ဆိုရင် အောက်တိုဘာ (၂ )ရက်ကစပြီး မှတ်ပုံတင်ရမယ် စက်တင်ဘာ ၂၆ – ၂၀၂၃ GG (VOM) အွန်လိုင်းကနေ ဈေးရောင်းချမယ့်သူတိုင်း Online Shopping ဆိုင်ရာ မှတ်ပုံတင်လက်မှတ်ကို အောက်တိုဘာလ ၂ ရက်နေ့ကစပြီး လျှောက်ထားရမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က သိရပါတယ်။ မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားပြီး အဲ့ဒီကာလကျော်ပါက မှတ်ပုံမတင်ပဲ အွန်လိုင်းကနေဈေးရောင်းသူတွေကို ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။ Online Registration ပြုလုပ်ဖို့အတွက် လုပ်ငန်း နာမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ လိုအပ်ပြီး မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုထားတာကြောင့် Online Application Form ကြေး ၄၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။ ” ကိုယ်ပိုင်ထုတ်တဲ့ပစ္စည်းပဲရောင်းရောင်း၊ သူများဆီကနေ…

Read More
VOM News

FREE
VIEW