တပတ်အတွင်း မူဆယ်နယ်စပ် ကုန်သွယ်မှု အခြေအနေ

တပတ်အတွင်း မူဆယ်နယ်စပ် ကုန်သွယ်မှု အခြေအနေ

စက်တင်ဘာ ၂၆၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရာဂိတ်ကနေ တပတ်အတွင်း ကုန်သွယ်မှု ကား အစီးပေါင်း ၁၂၇၅ စီး ရှိကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေရဲ့ မှတ်တမ်းစာရင်းတွေအရ သိရပါတယ်။

တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၆၃၈ စီးရှိပြီး အဲဒီအထဲမှာ ခါလီကားတွေလည်းပါပြီး တစ်ရက်ကို ပျမ်းမျှ ပို့ကုန်ကား ၆၅ စီး ဝန်းကျင်၊ ခါလီ ၂၇ စီးဝန်းကျင်ရှိကာ မြန်မာဘက်က‌နေ တရုတ်ဘက်အထွက် ခါလီအပါအဝင် တစ်ရက်ကို ပျမ်းမျှ ၉၁ စီး ဝန်းကျင် ရှိတာကို တွေ့ရပါတယ်။

ပို့ကုန်ထဲမှာ သကာရည်၊ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ နဲ့ အခြား ကုန်မျိုးစုံ ပါဝင်ပြီး သွင်းကုန်ကားကတော့ တပတ်အတွင်း စုစုပေါင်း ၆၃၇ စီးရှိကာ ခါလီ နဲ့ အသစ် တစ်ရက်ကို ပျမ်းမျှ ၁၈ စီး၊ ကုန် ၇၂ စီး ရှိကာ ခါလီ အပါအဝင် တရုတ်ဘက်ကနေ မြန်မာဘက် အဝင်ကား တစ်ရက် ပျမ်းမျှ ၉၁ စီး ဝန်းကျင်ရှိတာကို တွေ့ရပါတယ်။

သွင်းကုန်ထဲမှာလည်း ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်ယန္တရားတွေ၊ ဘက်ဟိုး၊ တွဲခေါင်း၊ ဘောင်ဆာ၊ ဆီတိုင်ကီ၊ နောက်တွဲ၊ Dump Truck အပါအဝင် ကုန်မျိုးစုံ တင်သွင်းတယ်လို့ သိရပါတယ်။

ကုန်သွယ်မှု ပြုတဲ့ ကားတွေထဲမှာ ၆ ဘီး၊ ၁၂ ဘီး၊ တွဲကား၊ ဆီဘောက်ဆာ တွေကို အဓိက တွေ့ရပါတယ်။

အရင်တပတ် စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တပတ်အတွင်း ကုန်သွယ်မှုကား ခါလီနဲ့ အသစ် အပါအဝင် အစီးရေပေါင်း ၇၄၆ စီး ရှိခဲ့တာကြောင် အခု တပတ်နဲ့ နှိုင်းယှဉ်ရင် အခုတပတ်မှာ ကုန်သွယ်မှု ကားအစီးရေ ၂၀၄ စီး လျော့သွားတာကို တွေ့ရပါတယ်။

ငွေလဲလှယ်နှုန်းကတော့ မူဆယ်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း အချိန်က ယွမ်ပေး ကျပ်ယူ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာကျပ် ၄၄,၃၀၀ ရှိပြီး အရင်တပတ်ထက် မြန်မာငွေ ဈေး အနည်းငယ် တက်လာတာတွေ့ရပါတယ်။

တရုတ် မြန်မာ နယ်စပ်၊ မူဆယ် ကုန်သွယ်ရေး စခန်းအနေနဲ့ အရင် တပတ် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပတ်အတွင်း အမေရိကန် ဒေါ်လာ ၂၇ သန်းကျော် ကုန်သွယ်မှု လုပ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေးဇုန်ရဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။

ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီ ကုန်သွယ်ရေး စခန်း အနေနဲ့ စက်တင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၈ သန်း ကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေးဇုန်ရဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။

Photo Crd – HtSM
#voiceofmyanmar #VOM #မူဆယ် #တပတ်တာကုန်သွယ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW