ထုတ်ပယ်ခံခဲ့ရပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ဖို့ ရုရှားကြိုးပမ်းနေ

ထုတ်ပယ်ခံခဲ့ရပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ဖို့ ရုရှားကြိုးပမ်းနေ

မော်စကို၊ စက်တင်ဘာ-၂၆-၂၀၂၃
မျိုးဆက်(VOM)

ရုရှားဟာ ထုတ်ပယ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းနေပါတယ်။

ယူကရိန်းကို ရုရှားတပ်များကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပယ်ခဲ့ပါတယ်။

ရုရှားသံတမန်တွေဟာ လူ့အခွင့်အရေးကောင်စီမှာ သုံးနှစ်သက်တမ်း ရွေးချယ်ခံရဖို့ ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်တွေထံဖြန့်ဝေတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပြီး ဒါဟာ အဖွဲ့ဝင်နိုင်ငံပြန်လည်ဖြစ်လာရေး ကြိုးပမ်းမှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရုရှားရဲ့ရပ်တည်မှုကို အဓိကစမ်းသပ်မှုအဖြစ် အကဲခတ်တွေက ယူဆထားပါတယ်။

ရုရှားအနေနဲ့ လူ့အခွင့်အရေးပြသနာတွေအတွက် လုံလောက်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကတိပြုထားပြီး ကောင်စီဟာ နိုင်ငံရေးအုပ်စုတခုရဲ့ နိုင်ငံရေးဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ယန္တရားဖြစ်နေတယ်ဆိုကာ အနောက်နိုင်ငံတွေကို ရည်ညွှန်းပြီး ရုရှားက ပြောဆိုထားပါတယ်။

ဂျီနီဗာမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ အဖွဲ့ဝင် ၄၇ နိုင်ငံရှိပြီး တနိုင်ငံချင်းစီအနေနဲ့ သုံးနှစ်သက်တမ်း ရွေးချယ်တင်မြောက်လေ့ရှိပြီး လာမယ့်ရွေးကောက်ပွဲကို အောက်တိုဘာ ၁၀ ရက်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

Ref:BBC
Photo:UN
#voiceofmyanmar #VOM #Russia #SeekTorejoin #UN’shumanRightsCouncil

Related posts

Leave a Comment

VOM News

FREE
VIEW