ဒလမြို့မှာ ရဲအချုပ်ခန်းကို ဖောက်ပြီး အချုပ်သား ၆ ယောက် ထွက်ပြေး

ဒလမြို့မှာ ရဲအချုပ်ခန်းကို ဖောက်ပြီး အချုပ်သား ၆ ယောက် ထွက်ပြေး

စက်တင်ဘာ ၊ ၂၆ ၊ ၂၀၂၃
SP ( VOM)

ရန်ကုန်တိုင်း ၊ ဒလမြို့မှာရှိတဲ့ ဒလရဲစခန်း အချုပ်ခန်းဟာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင်က ဖောက်ထွင်းခံရပြီး အချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။

” အချုပ်ခန်း မျက်နှာကျက် ခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးတာ လို့ သိရတယ် ၊ ပြေးသွားတဲ့ အချုပ်သားက ၆ယောက် ဖြစ်တယ် ၊ အဲ့ဒီထဲက ၂ ယောက်ဟာ အပြစ်ချပြီးသားဖြစ်တယ် ၊ ထောင်ကျ နှစ်ကြီးသမားတွေဖြစ်တယ် ၊ ကျန်တဲ့ ၄ ယောက်က အမှုရင်ဆိုင်နေရဆဲတွေဖြစ်တယ်” လို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒလမြို့ခံ တယောက်က ” ဒီမနက် အစောကြီးတည်းက လုံခြုံရေးတွေ အလုပ်ရှုပ်နေတာကို မြင်ရတယ် ၊ မြို့ပေါ်မှာ ပိုက်စိပ်တိုက်ပြီး အလုပ်များနေတာကို တွေ့ရတယ် ၊ ရဲစခန်းက အချုပ်ခန်းကို ဖောက်ပြီးထွက်ပြေးလို့ ရှာနေကြတာ ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း ” ဒလရဲစခန်းက ဖြစ်စဥ်ဟာ အတည်ပြုလို့ရတယ် ၊ အခြေအနေက စီစစ်နေဆဲဖြစ်တာမို့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လဝန်းကျင်ကလည်း မန္တလေးတိုင်း ၊ ရမည်းသင်း အကျဥ်းထောင်ကနေ နေပြည်တော် တရားရုံးကို ရုံးထုတ်ပြန်လာတဲ့ ရဲအချုပ်ကား တစ်စီးဟာ တပ်ကုန်းမြို့နယ်အတွင်းအရောက် အချုပ်ကား နောက်ခန်းမှာ လိုက်ပါလာတဲ့ ရဲအစောင့်တွေ ထိုးကြကြိတ်ကြပြီး ကားပေါ်ကနေ အချုပ်သား ၄ ဦးထွက်ပြေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ကျောက်ဆည်မြို့ကနေ မန္တလေးအိုးဘိုထောင်းကို ပို့ဆောင်တဲ့ အချုပ်ကားတစ်စီးဟာ မြစ်ငယ်မြို့နားမှာ အစောင့် လုံခြုံရေးရဲ သေနတ်ကို လုယူ ပစ်ခတ်တာကြောင့် ရဲ တစ်ယောက်သေပြီး အချုပ်သားယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ က စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့ ၊ မြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်း ဖောက်ထွင်းခံရပြီး အချုပ်သား ၅ ယောက် ထွက်ပြေးသွားခဲ့ဘူးပါတယ်။

#voiceofmyanmar #VOM #ဒလ​အချုပ် #အချုပ်ခန်းဖောက်

Related posts

Leave a Comment

VOM News

FREE
VIEW