တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ ရေပေါ်အတားအဆီးတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ဖယ်ရှားပြီ

တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ ရေပေါ်အတားအဆီးတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ဖယ်ရှားပြီ

မနီလာ၊ စက်တင်ဘာ-၂၆-၂၀၂၃
မျိုးဆက်(VOM)

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံကချထားတဲ့ ရေပေါ်အတားအဆီးများကို ဖိလစ်ပိုင်ကမ်းခြေ စောင့်တပ်က ဖယ်ရှားလိုက်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ဒီအတားအဆီးတွေကို ဖိလစ်ပိုင်သမ္မတဖာနီနန်မားကို့ဂျူနီယာရဲ့ ညွှန်ကြားချက်အရ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပေ ၁ဝ၀၀ ရှိတဲ့ အတားအဆီးတွေပြုလုပ်ထားတာကြောင့် ဖိလစ်ပိုင်တံငါသည်တွေရဲ့ ငါးဖမ်းခွင့်ကို တရုတ်ဘက်ကချိုးဖောက်ခဲ့ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေကပြောပါတယ်။

ဒါဟာ လိုအပ်လို့ အတားအဆီးတွေချထားခြင်းဖြစ်ကြောင်း တရုတ်ဘက်က ပြောဆိုထားပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆို်င်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာတောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံရဲ့ အတားအဆီးတွေချထားခြင်းဟာ ပင်လယ်ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေပြီး နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကာ ဖိလစ်ပိုင်တံငါသည်တွေရဲ့ အသက်မွေးဝမ်ကြောင်းကို ထိခိုက်စေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တောင်တရုတ်ပင်လယ်အရေးဟာ ဒေသတွင်း တည်ငြိမ်ရေး၏ အဓိကအချက်ဖြစ်ပြီး တင်းမာမှုမြင့်တက်စေနိုင်တဲ့ အပြုအမူမှန်သမျှကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံက ထုတ်ပြန်ထားတိုက်တွန်းထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #Philippines #China #FloatingBarrier #SouthChinaSea

Related posts

Leave a Comment

VOM News

FREE
VIEW