ပါရီ၊ စက်တင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာကနေ သံအမတ်ကို ပြန်ခေါ်ပြီး နိုင်ဂျာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြင်သစ်သမ္မတမက်ခရိုက ပြောပါတယ်။ နိုင်ဂျာကနေ သံအမတ်ကြီးကို ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီး များမကြာမီမှာတော့ သံအမတ်ကြီးနဲ့ အခြားသော သံတမန်အများအပြား ပြင်သစ်ကို ပြန်လာတော့မယ်လို့ မက်ခရွန်ကဆိုပါတယ်။ နိုင်ဂျာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကိုလည်း အဆုံးသတ်လိုက်ပြီး ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ လာမယ့်လတွေအတွင်း နိုင်ဂျာကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်ကပြောပါတယ်။ ကုန်းတွင်းပိတ် အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ နိုင်ဂျာမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ရှိနေပါတယ်။ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး နိုင်ဂျာစစ်အာဏာပိုင်တွေကတော့ ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။ နိုင်ဂျာရဲ့ အချုပ်အခြာအာဏာကို ဦးတည်တဲ့ ပြင်သစ်ရဲ့ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူတယ်လို့ နိုင်ဂျာစစ်အာဏာပိုင်တွေက ထုတ်ပြန်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ နိုင်ဂျာမှာ ပြင်သစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် လအတန်ကြာမှာ တပ်ဖွဲ့ဝင်တွေရုပ်သိမ်းရေးအပါအဝင် ပြင်သစ်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။…
Read MoreMonth: September 2023
တရုတ်အနောက်ပိုင်းမှာ ကျောက်မီးသွေးတွင်းမီးလောင်မှု လူ ၁၆ ယောက်သေဆုံး
ပေကျင်း၊ စက်တင်ဘာ-၂၅-၂၀၂၃ မျိုုးဆက်(VOM) တရုတ်နိုင်ငံအနောက်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးတွင်းမီးလောင်မှုကြောင့် လူ ၁၆ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၂၅ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အဲဒီမတော်တဆမှုဟာ ရှန်ကျောင်ရှူ ကျောက်မီးသွေးတွင်းမှာ နံနက် ၈ နာရီ ၁၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်ကျိုးမြို့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ပန်ကျိုးမြို့ရှိ အဲဒီကျောက်မီးသွေးတွင်းဟာ ပေကျင်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၃၆၀၀ အကွာမှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံတွင်းရှိ သတ္တုတွင်းလုပ်ငန်းတွေမှာ မကြာသေးမီနှစ်များအတွင်း လုံခြုံရေးစံနှုန်းတွေ တိုးတက်လာပမယ့်လည်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့သတ္တုတွင်းမတော်ဆမှု ၁၆၈ ခုဖြစ်ပွားခဲ့ရာ ၂၄၅ ယောက်ထိ သေဆုံးခဲ့ကြောင်း တရုတ်အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်စေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၃၀…
Read MoreThis Day in Histroy
This Day in Histroy Voice of Myanmar အမေရိကန်မှ ဥရောပတိုက်သို့ ပထမဆုံးရေအောက်တယ်လီဖုန်းဆက်သွယ်မှုကို အတ္တလန်တိတ် သမုဒ္ဒရာအောက်တွင် မိုင် ၂၂၅၀ အရှည်ရှိကေဘယ်ကြိုးနှစ်ခုကိုအသုံးပြုပြီး ၁၉၅၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် စတင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September25th
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၄၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September25th
Read Moreတန့်ဆည်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ၇၀၀၀ ကျော်ရှိနေ
စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြိုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်းနေရတဲ့ ဒေသခံသူ ၇၀၀၀ ကျော်ရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” တန့်ဆည်မြို့နယ်ထဲကို ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကနေ စစ်ကြောင်းတွေ စတင်ဝင်ရောက်တယ် ၊ ကန်ပေါက်၊ ပန်းကုံး၊ ဖလံဂုဏ်၊ ဗိုလ်ရုံ၊ ဆပ်သေ၊ အင်တော၊ လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ စတဲ့ရွာတွေဘက်ကနေ တန့်ဆည်မြို့နယ် တောင်ခြမ်းမှာရှိတဲ့ ရွှေတံကျေး၊ ခပေါင်းကြိုင်၊ ချောင်းရိုး၊ ဖန်းခါးဇင်၊ စိမ်းစား၊ ဒယ်ရောက်၊ အောင်သာ စတဲ့ ရွာတွေဘက်ကို ဝင်ရောက်လာတယ်…
Read Moreစပါးစျေးကွက် တပတ်တာအခြေအနေ
စက်တင်ဘာ ၂၄ – ၂၀၂၃ GG(VOM ) ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က မိုးစပါးကို ရည်ညွှန်းစျေးတန်းတစ်ခု သတ်မှတ်လိုက်ပါတယ်။ ဆန်ကြမ်းအုပ်စုဖြစ်တဲ့ ငစိန် နဲ့ ဧည့်မထစပါးကို ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာမင်း ဧရာပဒေသာ နဲ့ ဧရာဝတီပေါ် ဆန်းကို ၁၆ သိန်းကနေ ၁၈ သိန်း၊ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းကနေ သိန်း ၂၀ ကျပ်အထိသာ ရောင်းချရမယ်ဆိုပြီး စက်ဆင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ ပြင်ပမိုးစပါးစျေးကွက်မှာက စပါးတင်း ၁၀၀ ကို ၁၅ သိန်းကနေ ၁၆ သိန်းဝန်းကျင် စျေးဖွင့်ထားတာကြောင့် MRF ရဲ့မိုးစပါးရည်ညွှန်းစျေးက နည်းနေလို့ တောင်သူတွေဘက်က ဝေဖန်ပြောဆိုနေကြပါတယ်။ ” ဆန်စျေးမတက်အောင် စပါးစျေးကို လာချကြတယ်၊မြေဩဇာစျေးကိုတော့ အမျိုးအစားအလိုက် ဘယ်လောက်နူန်းပဲရောင်းရမယ် ပိုရောင်းမရဘူးလို့…
Read MoreThis Day in History
This Day in History Voice of Myanmar ကမ္ဘာ့ပထမဆုံး နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အင်န်တာပရိုက်ကို အမေရိကန်က ၁၉၆၀ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြုခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September24th
Read Moreပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ဝင်ငွေကို အခွန်ကောက်ဖို့ဥပဒေ ပြင်ဆင်ပြဌာန်း
စက်တင်ဘာ ၂၄ – ၂၀၂၃ SN (VOM) ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာနဲ့ တခြားလုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် အခွန်ကောက်ယူဖို့ နစက က ဥပဒေပြင်ဆင်ပြဌာန်းလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့အခွန်အကောက် ဥပဒေကို ပြင်ဆင်ပြဌာန်းခြင်းဖြစ်ပြီး အဲ့ဒီဥပဒေဟာ အခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဥပဒေပြင်ဆင်ချက်မှာ ပြည်ပရောက်နိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းကမြတ်စွန်းငွေ၊ စည်းကြပ်မှုကလွတ်နေတဲ့ ဝင်ငွေ၊ အခြားရလမ်းတွေက ဝင်ငွေတွေအပေါ် ရရှိတဲ့နိုင်ငံခြားငွေအမျိုးအစားနဲ့ ၁၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ယူမယ်လို့ ဖော်ပြထားပါတယ်။ ပြည်ပနေနိုင်ငံသားတွေရဲ့လစာဝင်ငွေကို သက်သာခွင့်တွေ နုတ်ပယ်ပြီးပါက ပြည်တွင်းရှိ ဝင်ငွေခွန်အတိုင်း ကောက်ခံမှာဖြစ်ပြီး သက်သာခွင့်တွေ မနုတ်ပါက…
Read Moreဆရာ စိန်ခင်မောင်ရီနှင့် မန္တလေးအိမ်က စက်ဘီးများ
ဆူးငှက် ၁၉၈၅ ခုနှစ်ကျော်လ ကျွန်တော်နှင့် အစ်မဖြစ်သူ ရန်ကုန်သွားတိုင်း အင်းစိန်ရှိ ဆရာစိန်ခင်မောင်ရီတို့ အိမ်သိုရောက်ဖြစ်သည်။ ဆရာ့ဇနီး အန်တီဒေါ်သန်းသန်းချက်ကျွေးသော ထမင်းကို အမြဲစားရသည်။ ဤသို့ရင်းနှီးခဲ့သော ဆရာစိန်ခင်မောင်ရီနှင့် ဇနီးဒေါ်သန်းသန်းတို့က ၁၉၈၇ခုနှစ် နှစ်လယ်လောက်တွင် မန္တလေးသို့ လာကြမယ်တဲ့။ ကျွန်တော်က ဆရာတို့ဇနီးမောင်နှံကို အိမ်မှာပဲ တည်းဖို့ ဖိတ်ခေါ်ထား၏။ တကယ်တော့ ဆရာစိန်ခင်မောင်ရီတို့ မန္တလေးလာမည် ဆိုသည်က ရန်ကုန်က ဗီဒီယိုရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့နှင့် အတူ လိုက်ပါလာခြင်းဖြစ်သည်။ ထိုစဉ်ကာလ ဗီဒီယိုဇာတ်ကားသစ်တွေ အများအပြားရိုက်ကူးကြသည့် ကာလဖြစ်သည်။ မင်းသားသစ် မင်းသမီးသစ်တွေလည်း အများအပြား ထွက်လာသည်။ ယခု မန္တလေးလာရိုက်မည့် ဗီဒီယိုကားက မန္တလေးဇာတ်အိမ် အဓိကဖြစ်သည်။ ဝတ္ထုဇာတ်ညွှန်းက စာရေးဆရာ ကာတွန်းဆရာ ကံချွန်ဖြစ်သည်။ ဒါရိုက်တာကလည်း နာမည်ကြီး၊ တွဲဖက်ဒါရိုက်တာက လည်း နာမည်ကြီးဖြစ်ပြီး မင်းသားက သုမောင် နှင့် မင်းသားသစ်တစ်လက်ဖြစ်ကာ…
Read Moreမူဆယ်မှာ ကား လုသွားသူတွေကို ပစ်ခတ်ဖမ်းဆီးမှု ၂ဦးသေဆုံး၊ ၂ဦး အရှင်ဖမ်းမိ
စက်တင်ဘာ ၂၃၊ ၂၀၂၃ Shy V +SP (VOM) တရုတ် – မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ ၊ မန့်ဝိန်ရပ်ကွက်ထဲမှာ ဒီကနေ့ မနက်ပိုင်းက အိမ်စီးကား ၁ စီး လုယက်ခံရပြီးနောက် လုယက်ထွက်ပြေးတဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးချိန် ၂ ယောက်သေ ၊ ၂ ယောက် အရှင် ဖမ်းမိပြီး ၁ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူတို့က ဓါးမြတိုက်တဲ့ သူ့ကို လိုက်ပစ်တာ။ ဓါးမြတိုက်တဲ့ လူ အသေဖမ်းမိတာလည်း ရှိတယ်၊ အဲ့ဒီအုပ်စုက ခိုးလာတဲ့ကားကို စီးလာချိန် ရဲတွေကလိုက်ပစ်တော့ သူတို့လည်းပြန်ပစ်တာ”လို့ ဒေသခံ အမျိုးသမီး ၁ ဦး က ပြောပါတယ်။ ဒေသခံ အမျိုးသား ၁…
Read More