စစ်ကိုင်း လင်တလူးကျေးရွာမှာ ရွာခံ လူ ၂ ယောက် ပစ်သတ်ခံထားရ

အောက်တိုဘာ ၊ ၁၄ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ လင်တလူးကျေးရွာက ဒေသခံရွာသား ၂ ယောက် ပစ်သတ်ခံထားရတာကို ဒီကနေ့ မနက်ပိုင်းက တွေ့ရှိရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ပစ်သတ်ခံရတဲ့သူတွေက လင်တလူးရွာက ကိုမြင့်ကျော်နဲ့ ၅၀ နှစ်နဲ့ ကိုမိုးဆန်းဝင်း ၄၀ နှစ်တို့ဖြစ်တယ် ၊ မနေ့က ညနေပိုင်း ၄ နာရီလောက်မှာ ရွာကနေ တောထဲကို သိုးကျောင်းထွက်သွားတယ် ၊ မနေ့ညကလည်း ရွာကိုပြန်မရောက်လာဘူး ၊ ဒီမနက်ကျတော့ သူတို့ ၂ ယောက် ပစ်သတ်ခံထားရတဲ့ အလောင်းတွေ တွေ့ရတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် လင်တလူးကျေးရွာမှာနေတဲ့ ဒေသခံ တယောက်က ” သူတို့သိုးကျောင်းသွားတုန်းက လူ ၄ ယောက်ဖြစ်တယ် ၊ တောထဲမှာ ပြည်သူ့စစ်တွေလို့. ထင်ရတဲ့ (ဘယ်အဖွဲ့လည်း မသိရ) လက်နက်ကိုင်အဖွဲ့က သူတို့ ၄ ယောက်ကို လိုက်ဖမ်းတယ် ၊ အဲ့ဒီ အချိန်မှာ ကိုမြင့်ကျော်နဲ့ ကိုမိုးဆန်းဝင် တို့ ၂ ယောက် ဖမ်းခံရတယ် ၊ ကျန် ၂ ယောက်က ထွက်ပြေးလွတ်မြောက်လာတယ် ၊ အဖမ်းခံရတဲ့ ၂ ယောက် အသတ်ခံရတာဖြစ်တယ် ” လို့ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” လင်တလူးရွာဘက်မှာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တယ်လို့ ကနဦး ကြားရတာရှိတယ် ၊ အခုထိတော့ သေဆုံးအလောင်းတွေ ဆေးရုံကို ရောက်မလာသေးဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အဲ့ဒီ လူသတ်မှုဖြစ်တဲ့ နေရာဝန်းကျင်က ကြွယ်ပုံ၊ ညောင်ငုတ်တို၊ မာလဲတော၊ ဆင်တပ်ရွာ ၄ ရွာ ၊ ဒီပဲယင်းကွဲ၊စံသစ်၊ ရွာထောင်၊ တောင်မြို့၊ မူးသာ၊ မန်ကျည်းကုန်း၊ တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊ တောင်ကြား၊ လင်းတလူး၊ယင်းမာကျင်း၊ ကျော်ဇေယျာ စတဲ့ရွာတွေမှာ ဒေသခံ ရွာသားတွေ ဖမ်းဆီးသတ်ဖြတ်ခံရလို့ လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံ အပြောအရ သိရပါတယ်။
ဓာတ်ပုံ ၊ လင်တလလူးရွာခံ တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW