ပြီးခဲ့တဲ့ ၉လအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂၀၀၀ နီးပါးသေဆုံးခဲ့

အောက်တိုဘာ ၁၄-၂၀၂၃
MM(VOM)
တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ၉ လအတွင်းယာဉ်မတော် တဆမှုကြောင့် သေဆုံးခဲ့သူလူ အယောက် ၂၀၀၀ နီးပါးအထိရှိ ခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်တဲ့အချက်အလတ်တွေ အရ သိရပါတယ်။
တနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၉ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၆၃၄ ကြိမ် အထိဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၈၆၄ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄၉၉၃ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။
”နိုင်ငံတဝှမ်းမှာ ပထမ အနေနဲ့ ယာဉ်မတော်တဆမှုတွေက အမြန်လမ်းပေါ်မှာ အဖြစ်များခဲ့တယ်၊ ၉ လအတွင်းမှာဆို မကွေး တိုင်း ၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူဦးရေပိုတိုးခဲ့တယ်၊ နေပြည်တော်နဲ့အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအယောက်ရေပိုများခဲ့ တယ်။”လို့ သက်ဆိုင်ရာ တာဝန်ရှိသူတယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၉ လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ်တိုက် မှုပေါင်း ၄၂၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး လူအယောက် ၂၁၀၂ ယောက်သေဆုံးခဲ့တာကြောင့် အခုနှစ် ၂၀၂၃ခုနှစ် ၉ လအတွင်းနဲ့ နှိုင်းယှဉ်ပါကယာဉ် တိုက်မှုပေါင်း ၆၅၀ ကြိမ် လျော့ကျခဲ့ပြီး သေဆုံးသူ အနေနဲ့ ၂၃၈ ယောက်ကျဆင်းခဲ့ တယ်လို့ သိရပါတယ်။
” အမြန်လမ်းတလျှောက်မှာ မော်တော်ယာဉ်တွေ သတ်မှတ် အရှိန်ထက်ကျော် လွန်မောင်းနှင်းမှု မရှိစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့အတွက် မော်တော်ယာဉ်အရှိန်တိုင်း တာတဲ့စက်တွေ တပ်ဆင်ထားပြီး စစ်ဆေးဆောင်ရွက်နေတယ် ။”လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။
ယာဉ်တိုက်မှုအများဆုံးဖြစ်တဲ့ အမြန်လမ်းမကြီးမှာတော့ ယာဉ် တွေအတွက် အရှိန်နှုန်း သတ် မှတ်ချက်အရကိုယ်ပိုင်အိမ်စီး ကားလေး ဖြစ်ပါက(၁)နာရီကို ကီလိုမီတာ(၁၀၀)အတွင်းမှာသာ မောင်းနှင်း ရမှာဖြစ် ပြီး ခရီးသည်တင် Express ယာဉ်တွေ ဖြစ်ပါက(၁)နာရီ ၉၀ ကီလိုမီတာအတွင်းမှာပဲမောင်းဖို့နဲ့ လုပ်ငန်း သုံး လိုက်ထရပ် ၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ်စတဲ့ယာဉ်တွေ ကတော့(၁)နာရီကိုကီလိုမီတာ(၆၀)အတွင်းမှာ ပဲမောင်းနှင်ဖို့ကို အမျိုးသားယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးကော်မတီကသတ်မှတ် ထုတ်ပြန် ထားတယ်လို့သိရပါတယ်။
အဲ့ဒီ အရှိန်သတ်မှတ်ချက်တွေကို ကျွမ်းကျင်ပညာရှင် တွေက တွက်ချက်ပြီးတော့ ညွှန်ကြားသတ်မှတ်ထား တာဖြစ်ပြီး အဲ့ဒီအရှိန်နှုန်းအတိုင်းမောင်းနှင်ရင် အန္တရာယ် ကင်းနိုင်မှာဖြစ်သလို အသက်ကယ်နိုင်ဖို့နဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုနည်းပါးစေဖို့ ယာဉ်မောင်းစဉ် ခါးပတ်ပတ် ထားကြဖို့ ကိုလည်းတိုက် တွန်းထားပါတယ်။
Photo:Crd

Related posts

Leave a Comment

VOM News

FREE
VIEW