ကုလအကြီးအကဲ ဂူတာရက်စ် ရာထူးကနေ နှုတ်ထွက်ပေးဖို့ အစ္စရေးတောင်းဆို

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနှဲ့ ဟားမတ်စ်အဖွဲ့တို့ရဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် မှတ်ချက်ပြုပြောဆိုခဲ့တဲ့အပေါ် အစ္စရေးက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပြီး ဂူတာရက်စ်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ ဟားမတ်စ်အဖွဲ့က အရပ်သားတွေကို တိုက်ခိုက်တာနဲ့ ပြန်ပေးဆွဲတာတွေ ပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ရှုတ်ချပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုဟာ အကြောင်းမဲ့ဖြစ်လာမဟုတ်ဘူးဆိုတာကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးကြောင်းနဲ့ ပါလက်စတိုင်းတို့ဟာ ၅၆ နှစ်ကြာ နယ်မြေသိမ်းပိုက်ခြင်းကို ခံခဲ့ရကြောင်း သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောဆိုခဲ့တဲ့အပါ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်က ကုလသမဂ္ဂအကြီးအကဲကို ဝေဖန်ပြောဆိုခဲ့ပြီး ဂူတာရက်စ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေနဲ့ ရာထူးကနေနှုတ်ထွက်ပြီး တောင်းပန်ဖို့နဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးအပြင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီလက်အာဒန်တို့က တောင်းဆိုခဲ့ပါတယ်။ Ref:NHK Photo:AP  

Read More

အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေ တပတ်အတွင်း ၁၃ ကြိမ် တိုက်ခိုက်ခံရ

  ဝါရှင်တန်၊ အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်နဲ့ဆက်နွယ်နေတဲ့ အဖွဲ့တွေက အောက်တိုဘ ၁၇ ရက်ကနေ ၂၄ ရက်အတွင်း ၁၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီရန်မှာ အမေရိကန်အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရမှု ၁၀ ကြိမ်၊ ဆီးရီးယားမှာ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပက်ရိုင်ဒါက ပြောပါတယ်။ အမေရိကန်အခြေစိုက် အင်န်ဘီစီ သတင်းဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆီးရီးယားတောင်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းကို မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက် ဒါတွေကို တုံ့ပြန်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖြည့်တင်းတာအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးအနေအထားကို မြှင့်တင်ဖို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ညွှန်ကြားလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့အကြား…

Read More

သီတင်းကျွတ်ပိတ်ရက်မှာ ရန်ကုန်ကနေ နေပြည်တော်၊ ပုဂံ၊ ပြည်၊ မော်လမြိုင်ကို အထူးရထားတွေ ပြေးဆွဲမယ်

  ရန်ကုန်၊အောက်တိုဘာ ၂၅ – ၂၀၂၃ GG (VOM) သီတင်းကျွတ်ကာလအတွင်းမှာ ရန်ကုန်ကနေ ပုဂံ၊ပြည်၊နေပြည်တော်၊မော်လမြိုင်ကို အထူးရထားခရီစဉ်တွေ ပြေးဆွဲပေးသွားမယ်လို့ မြန်မာမီး ရထားဌာနကသိရပါတယ်။ အထူးရထားပြေးဆွဲမှုအနေနဲ့ သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ၃၀ ရက်နေ့အထိ ရန်ကုန် – မော်လမြိုင် ၊ ရန်ကုန် -နေပြည်တော် ၊ ရန်ကုန် – ပြည် ၊ ရန်ကုန် – ပုဂံ ခရီးစဉ်တွေကို အစုန် အဆန် ရထားတွေပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။ ” နေပြည်တော်ကနေရန်ကုန်ကိုက ၂၇ ရက် အသွားရထားပဲရှိတယ်၊အပြန်ရထားက ၃၀ ရက်နေ့မှာပြန်ရှိမယ်၊ပုဂံကလည်း ရန်ကုန်ကနေ ၂၈ ရက်မှာ တစ်ရက်အသွားရထားရှိတယ်၊ပုဂံကအပြန်ရထားက ၃၀ ရက်နေ့မှပြန်ရှိမယ်၊ရထားလက်မှတ်ခတွေက ပုံမှန်နူန်းထားတွေအတိုင်းပါပဲ ၊ လုံခြုံရေး အပိုင်းကလည်း ရှိပါတယ်၊ရန်ကုန်တိုင်းအတွင်းလည်းသေချာစီစဉ်ထားပါတယ်” လို့ မြန်မာ့မီးရထား တိုင်းအမှတ်…

Read More

ကေပေါ့ Black Pink အဖွဲ့ဝင် ဂျီဆိုး ချစ်သူဖြစ်သူ မင်းသားအန်ဘိုဟွန်းနဲ့ လမ်းခွဲကြောင်း ကြေညာ

  ဆိုးလ် ၊အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် Black Pink အဖွဲ့က အဆိုတော် ဂျီဆိုးဟာ ချစ်သူဖြစ်သူ သရုပ်ဆောင်မင်းသား အန်ဘိုဟွန်းနဲ့လမ်းခွဲလိုက်ပြီၤလို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဂျီဆိုးနဲ့ အန်ဘိုဟွန်းတို့ ချစ်သူတွေအဖြစ် ချိန်းတွေ့နေကြကြောင်း ဂျီဆိုးရဲ့ မန်နေဂျာက ထုတ်ဖော်ပြောဆိုပြီးနောက် နှစ်လအကြာမှာ အခုလိုက် လမ်းခွဲလိုက်တာဖြစ်ပါတယ်။ နာမည်ကျော်ကေပေါ့အဖွဲ့ Black Pink အဖွဲ့က ကြယ်ပွင့်အဆိုတော်တွေဟာ သူတို့ရဲ့ဘဝနေထိုင်ဖြတ်သန်းမှုတွေကို ထုတ်ဖော်ပြောဆိုလေ့သိပ်မရှိတာကြောင့် ဂျီဆိုးရဲ့ ကြေညာချက်ဟာ ပရိတ်သတ်တွေအတွက် ဂယက်ရိုက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ကိုယ်စီအလုပ်တွေများနေတာကြောင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း ဂျေဘီတီစီ ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။ နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲဖြစ်တဲ့ Itaewon Class မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကိုရီးယားမော်ဒယ်နဲ့သရုပ်ဆောင်ဖြစ်သူ အန်ဘိုဟွန်းဟာ သူနဲ့ ဂျီဆိုးရဲ့ ပတ်သက်မှုကို သြဂုတ်လအတွင်းက ဝန်ခံခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂျီဆိုးဟာ ကမ္ဘာကျော်…

Read More

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ ရာထူးကနေ တရားဝင် ထုတ်ပယ်ခံရ

  ပေကျင်း၊ အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) လူြုမင်ကွင်းကနေ နှစ်လကြာပျောက်ကွယ်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ ရာထူးကနေ တရားဝင်ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက တစုံတရာ ရှင်းလင်းချက်မပေးခဲ့သလို သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်တယ်ဆိုတာကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းအပါအဝင် တရုတ်စစ်ဘက်ထိပ်တန်းတာဝန်ရှိသူအများအပြား ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီး များမကြာခင်မှာ တရုတ်ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်တို့ကို တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ စစ်လက်နက်ပစ္စည်းတွေဝယ်ယူရေးနဲ့ ပတ်သက်ပြီး အကျင့်ပျက်ချစားမှုကြောင့် စုံးစမ်းစစ်ဆေးခံနေရကြောင်း ရိုက်တာသတင်းဌာနက လွန်ခဲ့တဲ့လက ဖော်ပြထားပါတယ်။   Ref:BBC Photo:Reuters  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၆၀ ကျပ် ဝယ်ဈေး – ၃၂၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၀ ကျပ် ဝယ်ဈေး – ၂၃၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၅ ကျပ် ဝယ်ဈေး – ၄၃၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

မော်လမြိုင် အ.ထ.က ၉ ကျောင်းဝန်းအတွင်း ဒုတိယအကြိမ်မီးလောင်မှုထပ်ဖြစ်ပြီး နှစ် ၁၀၀ ကျော် ရှေးဟောင်း ဦးသာညှင်းကျောင်းမီးလောင်ပျက်စီး

  ရန်ကုန်၊အောက်တိုဘာ ၂၅၊၂၀၂၃ GG(VOM) မော်လမြိုင်မြို့၊ ပန်ဘဲတန်းရပ်က အ.ထ.က (၉)ကျောင်း ဝန်းထဲမှာ ဒုတိယအကြိမ်မီးလောင်မှုထပ်မံဖြစ်ပွားပြီး နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ဦးသာညှင်းဓမ္မာရုံကျောင်းဆောင်နဲ့ စာကြည်တိုက် ကွန်ပျူတာအဆောင် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၃ နာရီ ၃၀ လောက်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး level 2 အဆင့်သတ်မှတ်ကာ မီးငြှိမ်းခဲ့ရကြောင်း၊ မနက် ငါး နာရီကျော်မှ မီးငြှိမ်းခဲ့လို့ အချိန် နှစ် နာရီလောက် ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ “ကျနော်တို့ရောက်တော့မီးကတော်တော်များနေပြီ၊အပေါ်ထပ်တစ်ဆောင်လုံးမီးကူးစက်မှုကကုန်သလောက်ဖြစ်သွားပြီ၊အဲ့ဒါကိုထိန်းနိုင်ဖို့မီးငြှိမ်းသတ်ဖို့ဆောင်ရွက်ကြတယ်ပထမအမျိုးသားကျောင်းပေါ့၊ဦးသာညှင်းအဆောင်ပေါ့၊multimedia room နှစ်ထပ်ဆောင်ပေါ့။ ဘာကြောင့်လောင်လဲတော့မသိရသေးဘူး။လက်ရှိ ကျောင်းသားတွေလည်းတက်နေတဲ့ကျောင်းပါ ” လို့ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းက ကိုဘိုဘိုဝင်းကပြောပါတယ်။ လက်ရှိမှာ အဆိုပါ ရှေးဟောင်းကျောင်ဆောင်မီးလောင်ကျွမ်းပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ပတ်သက်လို့ မီးသတ်တပ်ဖွဲ့က သိန်း ၃၀ ကျော် ဆုံးရှုံး မှုရှိကြောင်း တွက်ချက်ထားတယ်လို့ကနဦးသတင်းအရသိရပါတယ်။ မီးစတင်လောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့သက်ဆိုင်ရာဌာနပေါင်းစုံ…

Read More

သင်္ဘောသားတွေဆီက လစာဝင်ငွေခွန် ကြိုကောက်မယ့်ကိစ္စ ပြန်လည်စဥ်းစားပေးဖို့ တင်ပြထား

  အောက်တိုဘာ ၂၅ – ၂၀၂၃ SN (VOM) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ သင်္ဘောသားတွေဆီက လစာဝင်ငွေကို အခွန်ကြိုတင်ပြီး ကောက်ယူမယ့် ကိစ္စရပ်အပေါ် ပြန်လည်စဥ်းစားပေးဖို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောအလုပ်သမားများအဖွဲ့ချုပ် (MSF) က ပြည်တွင်းအခွန်များဦးစီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ လစာ မရသေးသူကို အခွန်ကောက်ခံခြင်းဟာ လက်တွေ့မဆန်သလို သင်္ဘောသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းရှိမှသာ အလုပ်လျှောက်ထားမှုကို အလုပ်ရှင်နဲ့ သင်္ဘောလိုင်း (SRPS) က လက်ခံတာကြောင့် လစာနှုန်းထား ဘယ်လောက်ရမယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ မရတဲ့အကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူတွေ အနေနဲ့ ဘယ်အချိန် အလုပ်ရမည် ဆိုတာကိုမသိတာကြောင့် အခွန်ဆောင်ရမယ် ဆိုတဲ့အချက်မှာ လက်တွေ့မဆန်တဲ့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနဲ့ အသစ်လျှောက်ထားချိန်မတိုင်မီ ကြိုတင်ခွန်ပေးသွင်းမယ့်အစား အလုပ်ရတဲ့ သင်္ဘောသားတွေဆီက အခွန်ကောက်ခံနိုင်မယ့်နည်းလမ်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့…

Read More
VOM News

FREE
VIEW