အောက်တိုဘာ ၂၇၊ ၂၀၂၃
ShyV(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ အစောပိုင်းကစ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အေတီဂိတ် ပိတ်ထားပြီ။ အေးရှားဝေါလ်ဂိတ် ကြေမွနေပြီ။ လူတွေထိထားတယ်။ ထိခိုက် သေဆုံးမှု ဘယ်နှယောက်ဆိုတာ အသေးစိတ် မသိရသေးဘူး ” လို့ ဒေသခံ တဦးက ပြောပါတယ်။
ချင်းရွှေဟော် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်လည်း ဒီမနက်ကစ နှစ်နိုင်ငံ ကုန်သွယ်မှု ပိတ်ထား လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“ချင်းရွှေဟော်နားက စခန်း ကျပြီကြားတယ်။ လောက်ကိုင်လည်း အခြေအနေ မကောင်းဘူး။ ရေပူလည်း တိုက်နေတယ် လားရှိုးမှာတော့၆၈ တပ် လာပစ်ခံရတာ ” လို့ ဒေသခံ တဦးက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့က ခလရ – ၆၈၊ ကုန်းဆာအနီးက စခန်း၊ မိုင်းဂျက် စခန်း၊ သိန္နီ ရေပူဂိတ်၊ ကွတ်ခိုင် ခလရ – ၂၄၁ နဲ့ခလရ -၂၄၂၊ တာမိုးညဲ၊ မုံးစီး စခန်း၊ နမ့်ခမ်း စခန်းသစ်ကုန်း၊ မုံးကိုး ဖောင်းဆိုင်ဘက်က မန်းယန် စခန်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊လားရှိုး နမ့်ပေါင် နစကတပ်စခန်း တွေ ကို KIA, မြောက်ပိုင်း မဟာမိတ် ညီနောင်တွေ နဲ့ PDF ပူးပေါင်း အဖွဲ့တွေ တပြိုင်ထဲ ထိုးစစ်ဆင် ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ကလည်း မေမြို့ သံဘိုစခန်း၊ မိုးကုတ် ဂွေးပင်စခန်း၊ နောင်ချို အုမ္မတီးဘက် မဟာမိတ် TNLAနဲ့ MDY PDF ပူးပေါင်းတပ် တွေနဲ့နစကတပ်တိုက်ပွဲဖြစ်ပွား နေတယ် လို့ဆိုပါတယ်။
နောင်ချို အုမ္မခါးနဲ့ ကျောက်မဲ ပန်မလွတ်၊ မန်ဂေါင်း၊ ခဲလုံ၊ နောင်ပစ် စတဲ့ ရွာက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို ဒေသခံအချို့ တောထဲ ပိတ်မိနေတာတွေ ရှိကြောင်း ကူညီ ကယ်ဆယ်နေသူတွေက ပြောပါတယ်။
#voiceofmyanmar #vom #VOM #ရှမ်းမြောက် #ချင်းရွှေဟော် #တိုက်ပွဲဖြစ်
Telegram Link: https://t.me/VOMNEWS2023/3199