ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံ တချို့စစ်မြေပြင် ကြား ပိတ်မိနေ

 

အောက်တိုဘာ ၃၀၊ ၂၀၂၃

Shy V(VOM)

 

ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံတချို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ စစ်မြေပြင်မှာ ကြားညပ်ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

“အဲဒီ ၆၉ စစ်တပ်နားက ဘုန်းကြီးကျောင်းမှာတော့ လာရှောင်နေလို့ ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီမှာလည်း စစ်တပ်ရှေ့မှာ ဆိုတော့ မရှောင်ရဲဘူး။ ဆိုတော့ သိန္နီဘက် သွားမယ်ဆိုတော့လည်း မသွားခိုင်းဘူး။ အဲဒီမှာ ကိုးကန့်ဘက်က လမ်းတလျှောက်မှာစောင့်နေတယ်။ ကြားညပ်နေတယ်။” လို့ ပိတ်မိနေသူတွေရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

 

လားရှိုးကနေတက်လာရင် သိန္နီ မရောက်ခင် ကောင်းဟော်ရွာက လူတွေ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။

 

သိန္နီဘက်လည်း သွားခွင့် မပေးတာကြောင့် RC ဘုရားကျောင်း၊ နှစ်ခြင်း ဘုရားကျောင်းနဲ့ အုတ်ကာ အိမ်တွေမှာ စုပြီး ခိုလှုံ နေကြရတယ်လို့ သူက ပြောပါတယ်။

 

ကောင်းဟော်ရွာ ပတ်ပတ်လည်မှာ ကိုးကန့်စစ်သားတွေ နေနေသလို လမ်းမတလျှောက်လည်း အစောင့်ထားတယ်လို့ ဆိုပါတယ်။

 

“ရွာက လူတွေက လက်နက်ကြီးနဲ့ ဗုံးကို ကြောက်နေရတယ်။ လက်နက်ကြီးပစ်တယ်။ ဗုံးလာကျဲတယ်။ လက်နက် ပစ်ခတ်သံတွေ တွေလည်း မရပ်မနားကြားနေရတယ်။ သိန္နီဘက် သွားခိုင်းရင်တော့ ငြိမ်မှာ” လို့ ဒေသခံ တဦးက ပြောပါတယ်။

 

အလားတူ မုံးကိုးမြို့နယ်က ဖောင်းဆိုင်ရွာလည်း စစ်မြေပြင်မှာ ပိတ်မိကြောင်း ဒေသခံ တွေက ပြောပါတယ်။

 

“ဟုတ်တယ်။ ဖောင်းဆိုင်ရွာက လက်နက်ကိုင် နှစ်ဖက်ရဲ့ကြားမှာ ဖြစ်နေတယ်။ ကိုးကန့်တွေက အခု ဖောင်းဆိုင်ရွာ ပတ်ပတ်လည်မှာဝိုင်းထားပြီ။” လို့ ဒေသခံ တဦးက ကပြာပါတယ်။

ထွက်လာမယ့် လမ်းဘက် တိုက်ပွဲ ဖြစ်နေတာကြောင့် ရွာသူ ရွာသားတွေ ထွက်လို့ မရတော့လို့ တိုက်ပွဲ အတွင်း ရွာဘက် မပစ်ဖို့နဲ့ ရွာဘက်ဝင်မလာကြဖို့ လက်နက်ကိုင် နှစ်ဘက်စလုံးကို တောင်းဆို ထားရတယ်လို့ ဆိုပါတယ်။

 

ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအနှံ့အပြားမှာ ‌‌ေမြာက်ပိုင်း မဟာမိတ် ညီနောင်တွေ ဖြစ်တဲ့ MNDAA, TNLA, AA ပူးပေါင်း အဖွဲ့တို့ကအောက်တိုဘာ ၂၇ ရက်နေ့မနက် အစောပိုင်းကစ ၁၀၂၇ စစ်ဆင်ရေး နာမည်နဲ့ စစ်တပ်၊ ပြည်သူ့စစ်၊ ရဲစခန်း တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #VOM #မြောက်ပိုင်းမဟာမိတ်

#စစ်ဘေးရှောင်

 

Telegram Link: https://t.me/VOMNEWS2023/3245

 

Related posts

Leave a Comment

VOM News

FREE
VIEW