ဂါဇာမှာ ယာယီအပစ်ရပ်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက် အစ္စရေးပယ်ချ

 

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၄-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ရဲ့ တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနဲ့ တဲလ်အဗစ်မှာ ဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

အဲဒီနောက်ပိုင်း များမကြာခင်မှာ အစ္စရေးနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ရာမှာတော့ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးတာမျိုးမရှိတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို ပယ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။

အစ္စရေးအနေနဲ့ ဟားမတ်စ်တွေကို တိုက်ခိုက်ဖို့ အင်အားကုန် ဆက်လက်လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ အစ္စရေးတပ်တွေဟာ ဂါဇာမြို့ကို ဝိုင်းရန်ထားပြီး ရှုပ်ထွေးတဲ့ မြို့ပြတိုက်ပွဲဖော်ဆောင်နေတယ်လို့ ပြောပါတယ်။

ဘလင်ကင်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အမေရိကန်အနေနဲ့ အစ္စရေးကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဒါပေမယ့် ပါလက်စတိုင်းအရပ်သားတွေကို အကာအကွယ်ပေးဖို့ အစ္စရေးက ခိုင်မာတဲ့ခြေလှမ်းတွေရှိနေရမယ်လို့ ဘလင်ကင်က အာမခံချက်တောင်းဆိုခဲ့ပါတယ်။

ဒီအတောအတွင်း ဂါဇာရှိအကြီးဆေးရုံအနီး လူနာတင်ယာဉ်တန်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW