Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၆၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွေစျေး Telegram Link: https://t.me/VOMNEWS2023/3380
Read MoreDay: November 8, 2023
ပင်လည်ဘူးမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေး
နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ကို မနေ့ နိုဝင်ဘာ ၇ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်ပြီး ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့်သွားပြီဖြစ်တယ်လို့ အွန်လိုင်းမီဒီယာ အတော်များများမှာ ရေးနေကြပါတယ်။ သို့ပေမယ့် အတည်ပြုချက်ခိုင်မာတာတော့ မတွေ့ရပါဘူး ။ VOM အနေနဲ့ စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်ကိုမေးကြည့်တော့ ” မနက်က အထိတော့ ပင်လည်ဘူးနားမှာ တိုက်နေကြတယ်ဆိုတာ သိရတယ် ၊ မြို့ကျသွားတယ် လို့တော့မကြားရသေးဘူး ” လို့ ပြောပါတယ်။ “ပင်လည်ဘူးမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ တကြိမ် ၊ ၂၀၂၂ မှာ နောက်တကြိမ် တိုက်ခိုက်ခံရတယ် ၊…
Read Moreရွှေဘိုမြို့နယ် ဗဟို မီးသတ်ရုံး အပါအဝင် ပေါက်ကွဲမှုတွေဖြစ်လို့ လူ ၄၀ ထက်မနည်း ဒဏ်ရာရ ၊ ဝန်ထမ်း တဦးသေဆုံး
နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ မြို့နယ်စည်ပင်သာယာစျေးနားမှာရှိတဲ့ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာတွေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ ရုံးအဆောက်ဦးထဲမှာ ပေါက်ကွဲတာဖြစ်တယ် ၊ တယောက်ယောက်က ဗုံးထောင်ဖောက်ခွဲတာဖြစ်နိုင်တယ် ၊ ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို စီစစ်နေတုန်းဆိုတော့ အဖြေမှန် ပြောဖို့ စောသေးတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ဦးပြည့်ဖြိုးအောင် အပါအဝင် လူ နှစ်ဦး ဒဏ်ရာရတယ် ” လို့ စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က…
Read Moreတောင်ကိုရီးယားမှာ ကြမ်းပိုးနှိမ်းနှင်းရေး တလကြာပြုလုပ်မယ်လို့ ကြေညာ
ဆိုးလ်၊ နိုဝင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ကြမ်းပိုးတွေပျံ့ပွားမှု နိုင်ငံတဝန်းဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မှုတွေရှိနေချိန်မှာ ကြမ်းပိုးနှိမ်းနှင်းရေး လှုပ်ရှားမှု တလကြာ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ကြေညာလိုက်ပါတယ်။ နိုင်ငံတဝန်းမှာ ကြမ်းပိုးတွေပျံ့ပွားနေတဲ့ နေရာ ၃၀ ကျော်ထိ မြင့်တက်လာပြီးနောက်မှာ ကြမ်းပိုးနှိမ်းနှင်းရေး တလကြာလုပ်ဆောင်မယ့်အစီအစဉ်ကို တောင်ကိုရီးယားအစိုးရက ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီအစီအစဉ်အရ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၈ ရက်ထိ ကြမ်းပိုးတွေခိုအောင်နိုင်တဲ့ အဆောက်အအုံတွေမှာ ကြမ်းပိုးနှိမ်နှင်းရေးတွေလုပ်သွားမှာဖြစ်ပြီး ရေချိုးခန်းတွေ၊ အဆောင်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေလည်း ပါဝင်ပါတယ်။ ကြမ်းပိုးတွေကို တွေ့ရှိတာနဲ့ ချက်ချင်းပိုးသတ်ဆေးဖြန်း နှိမ်နှင်းသွားမှာဖြစ်ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစပြီး ၁၀ နှစ်တာကာလအတွင်း ကြမ်းပိုးပျံ့ပွားတဲ့နေရာ ကိုးခုသာရှိခဲ့ပြီး တောင်ကိုရီးယားအာဏာပိုင်တွေဟာ ကြမ်းပိုးကူးစက်မှု ထိန်းချုပ်ရေးအစီအမံတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ အဆင့်မြှင့်တင်ဖို့ အပတ်စဉ်အစည်းအဝေးတွေ ခေါ်ယူသွားမယ်လို့…
Read Moreတိုက်ပွဲတွေကြောင့် လောက်ကိုင်-ချင်းရွှေဟော်ကြား ပိတ်မိနေတဲ့ ခရီးသည်ကားတွေကို အကန့်အသတ်နဲ့ ပေးဖြတ်နေ
နိုဝင်ဘာ ၈-၂၀၂၃ SN (VOM) လောက်ကိုင်-ချင်းရွှေဟော်ကြား၊ ပါစင်ကျော်အနီး ပိတ်မိနေတဲ့ ခရီးသည်ကားတွေကို မနေ့ နိုဝင်ဘာ ၇ ရက်ကစလို့ အကန့်အသတ်နဲ့ ပေးဖြတ်နေပြီဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့တွေဆီက သိရပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာ ၅ ရက်နေ့က လောက်ကိုင်ကနေ လားရှိုးကို ပြန်လာတဲ့ ခရီးသည်တင်ကားနဲ့ အိမ်စီးကားအပါအဝင် ကားအစီးရေ ၁၀၀ ကျော်နဲ့ လူပေါင်းရာနဲ့ချီ လမ်းခရီးမှာ ပိတ်မိနေခဲ့တာဖြစ်ပြီး စားသောက်နေထိုင်ရေး အခက်အခဲတွေလည်း ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိတ်မိနေတဲ့ကားတွေကို အကန့်အသတ်နဲ့ ပေးဖြတ်နေပြီဖြစ်ကာ တချို့မှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့ညကတည်းက “ဝ” နဲ့ ချင်းရွှေဟော်ကို ဘေးကင်းစွာ ရောက်ရှိနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ်၊ ပေးဖြတ်နေပါပြီ။ အခု…
Read Moreစစ်ပွဲပြီးရင် ဂါဇာကမ်းမြှောင်ဒေသကို အလုံးစုံ လုံခြုံရေးတာဝန်ယူမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
တဲလ်အဗစ်၊ နိုဝင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသအတွက် အချိန်ကန့်သတ်ချက်မရှိ အလုံးစုံလုံခြုံရေးတာဝန်ယူမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟားမတ်စ်တို့နဲ့ စစ်ပွဲအပြီးမှာ ဂါဇာကမ်းမြှောင်ဒေသအတွက် အစ္စရေးရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အေဘီစီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဝန်ကြီးချုပ်နေတန်ယာဟုက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအစီအစဉ်မှာပါဝင်မယ့် လုံခြုံရေးယန္တရားက ဘယ်လိုလဲဆိုတာကိုတော့ အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။ ဂါဇာကမ်းမြှောင်ဒေသကို ၂၀၀၇ ခုနှစ်ကတည်းက အုပ်ချုပ်နေတဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းသွားဖို့ ရည်ရွယ်ထားကြောင်း အစ္စရေးက ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ ဂါဇာကို မြောက်ပိုင်းနဲ့တောင်ပိုင်းပိုင်းခြားလိုက်ပြီး အစ္စရေးက ဟားမတ်စ်တွေကို ထိုးစစ်အကြီးအကျယ် ဆင်နွှဲနေပြီး ဂါဇာမြို့ကို ပိတ်ဆို့ဝိုင်းရံထားပါတယ်။ ဟားမတ်-အစ္စရေး စစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ဂါဇာမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူတသောင်းကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ Ref:BBC Photo:Reuters
Read Moreမုံးကိုးနဲ့ မိုင်ဖန်ရွာက စစ်တပ်စခန်းတွေဆုတ်ခွာသွားပေမယ့် ဒေသခံတွေ ဆက်လက်တိမ်းရှောင်နေရ
နိုဝင်ဘာ ၈၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ မုံးကိုးမြို့က စစ်တပ် ဗျူဟာစခန်းနဲ့ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ရှိ မိုင်ဖန် စစ်တပ်စခန်းတွေ နိုဝင်ဘာ ၆ ရက်ညနဲ့ ၇ ရက် မနက်မှာ ဆုတ်ခွာ သွားပြီဖြစ်ပေမယ့် ဒေသခံတွေ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စုံးရိမ်နေတယ်။ ရွာဘက်တော့ ဘယ်သူမှ မပြန်ဘူး။ ခဏ တဖြုတ် ဝက်စာသွားကျွေး တာကလွဲလို့ မပြန်ကြသေးဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဒီကနေ့ကစ တမြို့လုံးမှာ ကိုးကန့် MNDAA တွေ ရှိနေပြီဖြစ်ပြီး စစ်ရှောင် တွေကိုလည်း လာကြည့်ကြောင်း သူက ပြောပါတယ်။ မိုင်ဖန်ရွာရှိ စစ်တပ်စခန်းလည်း…
Read Moreတီးတိန်မြို့မှာ ကားတစီး ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်ပါလာတဲ့ လူ သုံးဦးစလုံး သေဆုံး
နိုဝင်ဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ လွယ်ဘွားလ် ရပ်ကွက် ၊ အထက၂ လမ်းခွဲနားမှာ မနေ့ နိုဝင်ဘာ ၇ ရက် ညပိုင်းက ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပြီး ကားပေါ်မှာ လိုက်ပါသူ လူအားလုံး သေဆုံးသွားတယ်လို့ တီးတိန်မြို့မှာရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ည ၆ နာရီဝန်းကျင်မှာ ပေါက်ကွဲတယ် ၊ ပေါက်ကွဲတဲ့ ကားက Surf ကားအမျိုးအစားဖြစ်တယ် ၊ ကားရော လူတွေပါ တစဆီဖြစ်သွားတယ် ၊ အလောင်းကောက်ဖို့တောင် ကိုယ်ခန္ဓာ အပိုင်းအစတွေ ရှာယူနေရတယ် ၊ ဘေးပတ်ဝန်းကျင်တော့ အဆောက်ဦး တချို့ပျက်စီးသွားတယ် ၊ ပေါက်ကွဲတဲ့…
Read MoreThis Day in History
Voice of Myanamr အသက် ၄၃ နှစ်အရွယ် ဒီမိုကရက်တစ်နိုင်ငံရေးသမား ဂျွန်အက်ဖ်ကနေဒီသည် ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် အမေရိကန်၏ ၃၅ ဦးမြောက်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး နိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံး သမ္မတဖြစ်သည်။
Read Moreထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၁၉၀၀ ပြောင်းလဲ ကောက်ခံမယ်
နိုဝင်ဘာ ၈ – ၂၀၂၃ SN (VOM) ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၂၄၀၀ ကနေ ၅၀၀ လျှော့ချကာ ဘတ် ၁၉၀၀ သာ ပြောင်းလဲ ကောက်ခံတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ အခုလိုလုပ်ဆောင်တာဟာ ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်သမားစနစ်ကို အားပေးတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်တွေအတွက် ရွှေ့ပြောင်းအလုပ်သမား ခန့်ထားရေးကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တာလည်းဖြစ်ကာ ဒီအစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဘတ်အသစ် ထပ်ဖွင့်တာပေါ့။ အရင် လူဟောင်းတွေ work permit သက်တမ်းတိုးတာ နှစ်နှစ်မပေးတော့ဘူး၊ တနှစ်ပဲပေးတယ်။ ပြီးတော့ သက်တမ်းတိုးခကိုလည်း ၅၀၀ ထပ်လျှော့ပေးလိုက်တာပေါ့။ MoU စာအုပ်တွေလည်း ပြန်လုပ်ပေးနေပြီ။ အသစ်ပြန်မလုပ်ချင်ရင် ဘတ်အသစ်ရိုက်လို့ရတယ်။…
Read More