ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းနေတဲ့ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုလှုပ်ရှားမှု ထိုင်ဝမ်စောင့်ကြည့်နေ

 

 

တိုင်ပေ၊ နိုဝင်ဘာ-၉-၂၀၂၃

မျိုးဆက်(VOM)

အကဲဆတ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းနေတဲ့ တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းပါဝင်တဲ့ ရေတပ်အုပ်စုကို စောင့်ကြည့်ဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။

တရုတ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဟာ ပြီးခဲ့တဲ့ဧပြီလက ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာလည်း ပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့လကလည်း ပစိဖိတ်သမုဒ္ဒရာထဲကို ထပ်မံခုတ်မောင်းခဲ့ပါသေးတယ်။

လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဦးဆောင်တဲ့ ရေယာဉ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းမှာ ကျဉ်းမြောင်းတဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်းခဲ့ပြီး နှစ်ဘက်အကြာ ပိုင်းခြားထားတဲ့ အလယ်မျဉ်းရဲ့ တရုတ်ဘက်ခြမ်းကနေ ဖြတ်သန်းခဲ့တာလို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီကနေ နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းထိ တရုတ်ရေယာဉ်အုပ်စုဟာ မြောက်ဘက်ကို ဆက်လက်ခုတ်မောင်းနေပြီး စောင့်ကြည့်ဖို့အတွက် တပ်ဖွဲ့တွေကို စေလွှတ်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်နဲ့အမေရိကန်တို့ ဆိုထားသလို ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာရေပိုင်နက်မဟုတ်ကြောင်းနဲ့ အချုပ်အခြာအာဏာရှိကြောင်း တရုတ်နိုင်ငံကပြောပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဖရီးဂိတ်စစ်သင်္ဘောတစင်းကို ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။

Ref:Reuters

Photo:Asahi Shimbun

Related posts

Leave a Comment

VOM News

FREE
VIEW